|
ကြက်ဆူပင်ဆန့်ကျင်ရေး
ပိုစတာလှုပ်ရှားမှု
ကချင်ကျောင်းသားများ ပြုလုပ်
သတင်းနှင့်မီဒီယာ ကွန်ယက်။
ဇူလိုင်လ ၄ ရက်၊
၂၀၀၈ ခုနှစ်။
မြန်မာပြည်မြောက်ပိုင်း မြစ်ကြီးနားမြို့တွင်
ကချင်ကျောင်းသားအဖွဲ့က ကြက်ဆူပင်
အလိုမရှိ၊ စစ်အစိုးရအလိုမရှိ ပိုစတာများကိုမြို့တွင်း
ကပ်ပြီး လှုပ်ရှားမှုတခု
ယမန်နေ့တွင်
ပြုလုပ်ခဲ့သည်။
ကချင်ပြည်လုံးဆိုင်ရာ
ကျောင်းသားများသမဂ္ဂအဖွဲ့က
စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှု
ပြုလုပ်ရခြင်းနှင့် ပတ် သက်၍
ကချင် ကျောင်းသားခေါင်းဆောင်က ယခုလို ပြောသည်။
“အခုက
မြစ်ကြီးနားမြို့တမြို့လုံးမှာ
ကြက်ဆူပင်အတင်းစိုက်ခိုင်းတာ။
မိုးရွာထဲလည်း စိုက်ခိုင်းတယ်။ ကြက်ဆူပင်ကလည်း
ကိုယ့်ဘာသာကိုယ်ဝယ်ရတယ်။ လူထုက ၀ယ်၊
ဝယ်ပြီးတော့ မိုးထဲလေထဲမှာ လုပ်ခလည်းမရဘဲနဲ့
ကြက်ဆူပင်ကို စိုက်ပေးရတယ်။
အခုစိုက်လာတာ သုံး၊လေးနှစ်ရှိပြီ။
ဆီထုတ် တယ်ဆိုတာလည်း မရှိဘူး။
ဘယ်မှာမှ သုံးစားလို့မရဘူး။
အဲဒီလိုဘဲ ဒီနအဖကလည်း အာဏာသိမ်း
ခဲ့တာ အနှစ်နှစ်ဆယ်ရှိပြီ။ ဒီနေ့အထိ
လူထုကို ဘာမှအကျိုးမပြုဘူး။ အဲဒီအတွက်ကြောင့်
ကြက်ဆူ ပင်လည်း အလိုမရှိဘူး၊
စစ်အစိုးရလည်းအလိုမရှိဘူးဆိုပြီး ပိုစတာ
ကင်ပိန်းလုပ်ခြင်း ဖြစ်တယ်။ ”
အေဖိုးဆိုဒ်စာရွက်ပေါ်တွင်
ကြက်ဆူပင်အလိုမရှိ၊
စစ်အစိုးရအလိုမရှိ ရေးထားသည့် စာရွက်များကို ဈေးနှင့်
ကျောင်းအုတ်နံရံ၊ ဓါတ်တိုင်စသည့် လူအများမြင်နိုင်သည့်
နေရာတွင် ကပ်ခဲ့သည်ဟု မျက်မြင်များက ပြောသည်။
နံနက်ပိုင်းမှ မွန်းတည့်အထိ ကပ်ထားသည့် ဆန့်ကျင်စာရွက်များကို
အာဏာပိုင်များ လာရောက်သိမ်းယူ၊
ခွါယူ ခြင်းမရှိဟု ကချင်ကျောင်းသားက ပြောသည်။
ကြက်ဆူပင်စိုက်ရာတွင်
လုပ်အားပေးစေခိုင်းသည့် မြောက်ပိုင်းတိုင်း(မပခ)တိုင်းမှူး
ဗိုလ်ချုပ်အုန်းမြင့် လက်ထက် ကတည်းက စိုက်ပျိုးပြီး
ယခုပြောင်းရွေ့လာသည့် မပခတိုင်းမှူး အသစ်
ဗိုလ်မှူးချုပ် စိုးမြင့်လက်ထက်တွင်လည်း စိုက်ပျိုးခိုင်းသည့်အတွက် မြို့ခံများ
စိတ်ပျက် နေကြောင်း ကချင်ပြည်ဖွံ့ဖြိုးရေးကွန်ယက်မှ
ဥက္ကဌ ကိုအောင်ဝါက ပြောသည်။
“(တိုင်းမှူး)စိုးမြင့်လို့ပြောတာဘဲ။
သူလည်း စိုက်ခိုင်းနေတာလေ။ စိုက်တာကတော့
အုန်းမြင့်(ယခင် မပခတိုင်းမှူး)အချိန်တုန်းကစိုက်တာ။အခုသူ့အချိန်မှာလည်းစိုက်ခိုင်းနေတာလေ။
ဧရိယာတော့ အတိ အကျတော့ မသိဘူး။
ဒါပေမယ့် လမ်းဘေးမှာတွေ အများကြီးဘဲ
စိုက်နေတာ။
ကချင်ပြည်နယ် အနှံ့ အပြားဘဲ စိုက်တာ။
အခုက မြစ်ကြီးနားမြို့ပေါ်မှာ
ဖြစ်နေတာ။ လုပ်အားပေးခိုင်းနေတာ။
လူထုတွေ က ဒီဟာမကြိုက်ဘူး။
ကြက်ဆူအစေ့ပေါ့နော၊
ကလေးတွေမသိတော့ ကိုင်တာတို့၊ စားတာတို့
မူး တယ်တဲ့။ ဒါကြောင့်
လူထုတအားစိတ်ညှစ်နေတာ။ လူကိုအန္တရာယ်ဖြစ်စေတယ်တဲ့။
အဲဒီပတ်ဝန်းကျင် မှာ ရေထည့်ထားတဲ့နေရာမှာ အဲဒီအရွက်တွေ
ထည့်ပြီဆိုရင် မူးတယ်။ ဒါပေမယ့်
ဘာမှပြောလို့ မရ တာ။
သူတို့က အတင်းအဓမ္မခိုင်းနေတာ။”
မြန်မာစစ်အစိုးရက
ကြက်ဆူစေ့မှ
လောင်စာဆီထုတ်ယူမည်ဟု ကြွေးကြော်ကာ
တနိုင်ငံလုံးတွင် ကြက်ဆူပင်
စိုက်ပျိုးရေးကို အစိုးရဌာနဆိုင်ရာဝန်ထမ်းအပါအ၀င် ပြည်သူတရပ်လုံးကို
စိုက်ခိုင်းနေသော်လည်း ယနေ့ထိ လောင်စာဆီ အသုံးပြုမှုများကို
ပြည်သူများ ခံစားရခြင်းမရှိသေးပေ။
ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့သည်
၂၀၀၇ခုနှစ်၊ စက်တင်ဘာ အရေးအခင်းနောက်ပိုင်း ဖွဲ့
စည်းခဲ့သည့် ကျောင်းသားအဖွဲ့ဖြစ်ပြီး
မကြာခဏ စစ်အစိုးရဆန့်ကျင်ရေး၊
မြစ်ဆုံရေကာတာဆန့်ကျင်ရေး လှုပ်
ရှားမှုများကို
လုပ်နေပြီး
ပြီးခဲ့သည့် ဇွန်လ(၂၆)ရက်နေ့တွင်
ကျရောက်သည့် ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေး နေ့တွင်လည်း
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပိုစတာလှုပ်ရှားမှု
ပြုလုပ်ခဲ့သေးသည်။
|