|
ဒုက္ခသည်ကြက်သေဆုံးမှုများ
ငှက်တုတ်ကွေးမဟုတ်
အောင်မိုးမြင့်။
စက်တင်ဘာလ ၄ ရက်၊
၂၀၀၇ ခုနှစ်။
ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်ရှိ ကရင်နီဒုက္ခသည်
စခန်းအမှတ် (၂) အတွင်း ကြက်နှင့်ဘဲများ
သေဆုံးခြင်းသည် ကြက်ငှက်တုတ်ကွေးရောဂါမဟုတ်ဟု
ထိုင်းကျန်းမာရေးဌာနမှ ထုတ်ပြန်သည်။
ပြီးခဲ့သည့်
လကုန်ပိုင်းက မယ်ဟောင်ဆောင်ခရိုင် တိရိစ္ဆာန်ကျန်းမာရေးဌာနနှင့်
နိုင်ငံတကာ ကယ်ဆယ်ရေး ကော်မတီ (IRC)
တို့ပူးပေါင်း၍
ဒုက္ခသည်စခန်းရှိ
ကြက်များကို
ထိုင်းနိုင်ငံ ချင်းမိုင်မြို့အနီး
လမ်းပန်းမြို့ရှိ
တိရိ
စ္ဆာန်ကျန်းမာရေးဌာနမှတဆင့်
ဘန်ကောက်သို့
ပို့ဆောင်စစ်ဆေးခဲ့မှုများ
ပြုလုပ်ခဲ့ပြီးနောက်
ယခုလို အတည်ပြု ထုတ်ပြန်ခြင်းဖြစ်သည်။
အိုင်အာစီမှ
တာဝန်ရှိသူ ထိုင်းဝန်ထမ်း တဦးက ယခုလို ပြောသည်။
“ဒီနေ့ဘန်ကောက်တိရိစ္ဆာန်ကျန်းမာရေးဌာနက
တရားဝင် စာပို့လာပါတယ်။
စာထွက်လာပြီး
အဲ့ဒီထဲ
မှာပါတဲ့ ဆေးစစ်ချက်ကတော့
ဘာငှက်တုတ်ကွေးရောဂါမှ မရှိပါဘူး။
ရိုးရိုး ပုံမှန်ဖြစ်နေကျ ဖြစ်တာ
ပါပဲခင်ဗျာ။”
မယ်ဟောင်ဆောင်ခရိုင် တိရိစ္ဆာန်ကျန်းမာရေးဌာနကလည်း
ပုံမှန် ကြက်သေဆုံးခြင်းမျိုး
ဖြစ်ပြီး
ငှက်တုတ်ကွေး အတွက် စိုးရိမ်ရန် မလိုကြောင်းပြောသည်။
“အဖြေက
သေချာသွားပါပြီ။
ကြက်ငှက်တုတ်ကွေးရောဂါမဟုတ်ပါဘူး
ဘာရောဂါပိုးမှမရှိပါဘူး ။
ဖြစ်
တာက
ရိုးရိုးပုံမှန်ကြက်သေတာပါပဲ။
အနံဆိုးတွေနဲ့
ညစ်ပတ်တာကြောင့်
ဖြစ်တာရယ် နောက်တစ်ခု
က မိုးရာသီအချိန် ကြောင့်
ဖြစ်ပါတယ်။
အခုအဖြေသေချာထွက်လာပါပြီး။
ကြက်ငှက်တုတ်ကွေး
ရော ဂါတွေ
ဘာတွေ မဟုတ်ပါ ဘူး။”
ရက်သတ္တနှစ်ပတ်
အတွင်း ကြက်ကောင်ရေ
(၅၀)ကျော်၊
ဘဲကောင်ရေ (၇၀)ကျော်၊
အနာမကျပဲ ရုတ်တရက် သေဆုံးခဲ့မှုကြောင့်
စိုးရိမ်ပူပန်မှုများ
ရှိခဲ့သည်။
၂၀၀၃ခုနှင့်၂၀၀၄ ခုနှစ်က ကရင်နီဒုက္ခသည်စခန်းတွင်
ကြက်နာကျ၍
ကြက်ကောင်ရေ
ထောင်နှင့်ချီ၍
သေဆုံး
ခဲ့ ဖူးသည်။
|