|
မဲဆောက်တွင် စတင်ဖမ်းဆီး ကလေးအပါအ၀င် ၁၀၀ ကျော်အဖမ်းခံရ
သတင်းနှင့်မီဒီယာ ကွန်ယက်။ ခွန်အောင်မြတ်။
မတ်လ ၅ ရက်၊ ၂၀၁၀ ခုနှစ်။
နယ်စပ်မြို့ဖြစ်သည့်
မဲဆောက်တွင် တရားမ၀င် အလုပ်သမားနှင့် တောင်းရမ်းစားသောက် သူများကို ထိုင်းအာ
ဏာပိုင်များက ယနေ့စတင်ဖမ်းဆီးရာ ကလေးသူငယ်များ အပါအ၀င် မြန်မာအလုပ်သမား ၁၀၀
ကျော် ဖမ်းဆီးခံ ခဲ့ရသည်။
တရားမ၀င်အလုပ်သမားများ
အလုပ်သမားသက်တမ်းတိုးရန် သတ်မှတ်ထားသည့်ရက် ကုန်ဆုံးပြီး သုံးရက်အ ကြာတွင်
စတင်ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
ယနေ့နံနက် ၈
နာရီကျော်မှစ၍ မဲဆောက်မြို့တွင်းနှင့် ပတ်ဝန်းကျင်ရှိ ကျေးရွာမှ တရားမ၀င်
အလုပ်သမားများ ကို လိုက်လံဖမ်းဆီးသည်ဟု မြန်မာပြည်သားအရေး
ပူးတွဲလှုပ်ရှားမှုကော်မတီ တာဝန်ခံ ဦးမိုးကြိုးကပြောသည်။
“ဒီအလုပ်သမားဌာန
ဒုတိယညွှန်ကြားရေးမှူးချုပ်က ဒီတရားမ၀င်နိုင်ငံခြားသားငါးသိန်းကျော်ကို ဖမ်း
ဆီးပြီး နေရပ်ရင်း ပြန်ပို့မယ်လို့ နှစ်ရက်နေ့မှာ ပြောတယ်လေ။ အခု ငါးရက် နေ့မှာ
အရင်တုန်းက လ၀ကလောက်ပဲ ဖမ်းနေတဲ့ အနေအထားကနေ အခု တောချောဒေါ လို့ခေါ်တဲ့
နယ်ခြားစောင့် တပ်ဖွဲ့တွေလည်း ဖမ်းတယ်။ ကားကို လေးစီးမြင်လိုက်တဲ့လူလည်း
ရှိတယ်၊ ငါးစီးမြင်လိုက်တဲ့ လူ လည်းရှိတယ်။ အဲတော့ နောက် ရွာတွေထဲမှာလည်း
ပတ်ဖမ်း တာတွေ ဘာတွေရှိတယ်။ အားလုံး ပေါင်း သုံးရာကျော်လောက် ရှိမယ်။ သူတို့ကို
လက်ဗွေ နှိပ်ပြီး ကမ်းနားတိုက်ရိုက်ပို့မယ်ထင်တယ်။ မချုပ်ထားဘူး။
မြန်မြန်ဆန်ဆန်ပဲ ကမ်းနားပို့လိုက်မယ်။ ကမ်းနားတောမောရုံးမှာ ရှိရင်ရှိ မရှိရင်
သွန် လိုက်တာပေါ့။ အလျှင်အမြန် အကောင်အထည်ဖော်တဲ့ စနစ်ပဲဗျ။ ဘာဖြစ်လို့ဆို
အချုပ်တွေထဲမှာ လည်း ပြည့်နေတယ်။”
ထိုင်းလူဝင်မှုကြီးကြပ်ရေး၊ နယ်ခြားစောင့်တပ်ဖွဲ့နှင့် ထိုင်းအာဏာပိုင်များက
မဲဆောက်မြို့ ဈေးနှင့်ရပ်ကွက်အနှံ့ တွင် လိုက်လံဖမ်းဆီးသည်ဟု မျက်မြင်
မြန်မာအလုပ်သမား တဦးက ပြောသည်။
“ဈေးရုံသစ်မှာ
ကားလေးစီးနဲ့ အဓိကကတော့ ပိုက်ဆံတောင်းစားတဲ့သူ မြန်မာပြည်သား တွေကို ဖမ်း တယ်။
နံပါတ်နှစ်ကတော့ ဘက်လက်မှတ်မရှိတဲ့လူတွေကို ဦးစားပေးပြီးတော့ ဖမ်းတယ်။
တမြို့လုံး ပတ်ဖမ်းတယ်လေ။ အပေါ်ဈေး အောက်ဈေး။ ခုန ကျနော် လူတယောက်
သွားရွေးတယ်လေ။ နှစ်ထပ် ချုပ်မှာပေါ့နော်။ အားလုံးပေါင်း စာရင်းရှိတာက တော့ ၁၂၆
ယောက်ရှိတယ်တဲ့။”
အဖမ်းဆီးခံရသူအများစုမှာ ကလေးငယ်များ ဖြစ်ပြီး အသက်ကြီးသည့် အမျိုးသမီးများ
လည်း ပါသည်ဟု အခြား မျက်မြင် မြန်မာအလုပ်သမား တဦးက ပြောသည်။
“ကလေးက
အများဆုံးပါတယ်။ ကလေးက (၈၀) လောက်ပါမယ် အားလုံးပေါင်း။ လမ်းမှာ ကော်တွေ
ကောက်တဲ့ ကလေးရော၊ ပိုက်ဆံလိုက်တောင်းစားတဲ့ ကလေးတွေရော၊ မိဘမဲ့ တွေရော
အကုန်လုံး အများဆုံးပါသွားကြတယ်လေ။ မိန်းကလေးတွေကတော့ ပိုက်ဆံ တောင်းစားတဲ့
မိန်းကလေးတွေပဲ များတယ်။ အသက်ကြီးပိုင်းတွေကတော့ ကျနော်ဈေးထဲ မှာပေါ့နော်။
ကျနော်မျက်စိထဲ အမြင်မှာ ဆိုရင်တော့ အသက်ကြီးပိုင်းက ၂၆ ယောက်လောက် ပါတာပေါ့
အားလုံးပေါင်း။ အသက်အရွယ် နည်း နည်း အိုမင်းရင့်ရော်တဲ့လူတွေပေါ့။ ခြေမသန်
လက်မသန်တဲ့လူတွေ အင်္ဂါချို့တဲ့လူတွေနောက် သက် ကြီးရွယ်အိုတွေပေါ့နော်။”
ယနေ့ဖမ်းဆီးမှုသည်
အစပိုင်းသာဖြစ်၍ တင်းကျပ်မှုမရှိသေးသော်လည်း နောက်ပိုင်းတွင် အလုပ်သမားများပေါ်
ကိုင်တွယ်ဖမ်းဆီးမှု ပိုကြမ်းတမ်းလာနိုင်ဖွယ်ရှိသဖြင့် စိုးရိမ်မှုများရှိ သည်ဟု
အလုပ်သမားအရေး ဆောင်ရွက်နေ သူများက သုံးသပ် ကြသည်။
ထိုင်းနိုင်ငံတွင်
တရားဝင်မှတ်ပုံတင်ရှိသည့် နိုင်ငံခြားသား အလုပ်သမား (၁၃) ထဲမှ
ဖေဖော်ဝါရီလကုန်အထိ အလုပ်သမားလက်မှတ် သက်တမ်းတိုးခြင်းနှင့် ယာယီနိုင်ငံကူး
လက်မှတ်ပြုလုပ်သူ (၇) သိန်းကျော်သာ ပြု လုပ်သည်ဟု ထိုင်းနိုင်ငံ နိုင်ငံခြားသား
အလုပ်သမား စီမံခန့်ခွဲရေးဌာနက အစီရင်ခံစာ ထုတ်ပြန်သည်။
အလုပ်သမားလက်မှတ်နှင့်
ယာယီနိုင်ငံကူးလက်မှတ် မပြုလုပ်သူ ကျန်ရှိသည့် (၅)သိန်း ကျော်အား ဖမ်းဆီးပြီး
နေရပ်ရင်းသို့ ပြန်ပို့ရန် ထိုင်းအလုပ်သမား ၀န်ကြီးဌာနမှ အလုပ်
အကိုင်ခန့်ထားရေးဌာန ဒု-ညွှန်းကြားရေး မှူးက ယခုမတ်လ ၂ ရက်နေ့တွင် ပြောကြား
ခဲ့သည်။
|