|
ကန့်သတ်ဆေးသယ်သည့် မြန်မာတစ်ဦး
ထိုင်းနယ်စပ်တွင် အဖမ်းခံရ
သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
ဧပြီလ ၅ ရက်၊ ၂၀၁၀ ခုနှစ်။
ထိုင်းမြန်မာနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်ဆက်သွယ်ရေး တံတားဂိတ်တွင် ထိုင်းဖက်
ခြမ်းမှ ကန့်သတ်ဆေး
များ
အများအပြားသယ်ဆောင်လာသည့် မြန်မာနိုင်ငံသားတစ်ဦး အား ထိုင်းအာဏာပိုင်က
ဖမ်းဆီးလိုက်သည်။
ထိုင်းဖက်ခြမ်းမှ ၀က်စာအိတ်များတင်ဆောင်လာသည့် အိုက်ခေးလောင်(၀်)ခေါ် ရှမ်းလေး
မောင်းနှင်လာသည့်
ကားအား နယ်စပ်ဂိတ်တွင် ထိုင်းအာဏာပိုင်တို့က စစ်ဆေးရာမှ ၀က်စာ အိတ်အတွင်း
ဝှက်ယူလာသည့် ကန့်သတ်ဆေးများကို ယမန်နေ့နံနက်က ဖမ်းမိခဲ့ခြင်းဖြစ်သည် ဟု
တာချီလိတ်မြို့ခံတစ်ဦးက ယခုလိုပြောသည်။
“ဒီကောင်က
ထိုင်းနိုင်ငံမှာ သူက ကန့်သတ်ဆေး။ အဲဒီဆေးက ၀ယ်လို့ရှိရင် သာမန်လူ ဆိုရင် တစ်
ကဒ်ပဲဝယ်လို့ရတယ်။
ကျနော်တို့ ဒီဖက်မှာတော့ လုံးဝ ရောင်းလို့မရဘူး။ ထိုင်းမှာတော့ ရတယ်။”
ယင်းဆေးများသည် နှာစေး၊
ချောင်းဆိုးနှင့် ခါးနာပျောက်ဆေးများဖြစ်ပြီး မူးယစ်ဆေး တစ်မျိုး ဖော်စပ်ရာတွင်
အ
သုံးပြုသည့်ဆေးဝါး
အမျိုးအစားများ ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
နှာစေး၊
ချောင်းဆိုးပျောက်ဆေး အများစုသည် မူးယစ်ဆေးအုပ်စုဝင်ဆေးဝါးများဖြစ်ပြီး
နိုင်ငံအချို့၌ ကန့်သတ်
ဆေးဝါးအဖြစ် သတ်မှတ်ထားသည်ဟု ထိုင်းနယ်စပ်အခြေစိုက် မြန်မာနိုင်ငံ
ဆေးပညာရှင်များအသင်းမှ ဒေါက်
တာသီဟမောင်က ယခုလိုပြောသည်။
“အဲဒီ
ချောင်းဆိုးပျောက်ဆေးတွေမှာ အအေးမိ ကာကွယ်ဆေးတွေမှာပါတဲ့
Antihistamine အဲန်တီ
ဟစ်တမင်း ဆိုတာ
အမှန်တော့ Narcotic
မူးယစ်ဆေးအုပ်စုထဲမှာပါတယ်။
ဒါကြောင့်မို့လို့ ဒီဆေးတွေ
ကို
တချို့နိုင်ငံတွေမှာဆိုရင် ဆရာဝန်ခွင့်ပြုချက်မရဘဲ မရောင်းဘူး။ ဒါပေမယ့်
ထိုင်းနိုင်ငံမှာတော့ ဒီ
တစ်ဖီ အပါအ၀င်
တော်တော်များများ အကုန်လုံးဟာ ဒီလိုပဲ အလွယ်တကူဝယ်လို့ရတဲ့ အထဲထဲမှာပါ
နေတယ်။”
တလုံးလျှင် ထိုင်းငွေ ၇
ဘတ်ဈေးနှုန်းရှိသည့် Rhinosed
ရီနိုဆက်ဆေးပြား
ရှစ်သောင်း ကျော်၊ Nasolin
နယ်ဆို
လင်ဆေးပြား
နှစ်သောင်းနီးပါးနှင့် အမည်မသိ အဖြူရောင် ဆေးပြား သုံးသန်းနီးပါးပါဝင်ပြီး
စုစုပေါင်းအလုံးရေ သုံးသန်းလေးသောင်းကျော်
ရှိ၍ ကာလပေါက်ဈေး ထိုင်းဘတ်ငွေ ၂၁ သန်းကျော်ရှိသည်။
ဖမ်းဆီးခံရသူ အိုက်ခေးလောင်(၀်)အား ထိုင်းနိုင်ငံ၏မူးယစ်ဆေးဝါး ဥပဒေအရ အမှုဖွင့်
ထားသည်ဟု သိရသည်။
မူးယစ်ဆေးဝါးထုတ်လုပ်ရာ၌ အဓိကကျသည့် ကုန်ကြမ်းပစ္စည်းနှင့် အိမ်သုံးဆေးဝါး
များကို အိမ်နီးချင်းနိုင်ငံ
များမှတဆင့် မြန်မာပြည်သို့ တရားမ၀င်လမ်းကြောင်းမှ နယ်စပ်ဖြတ်ကျော် ၍
ဝင်ရောက်လာသည်ဟု မြန်မာနိုင်ငံ
ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ၂၀၀၉ ခုနှစ် ဒီဇင်ဘာလက ကျိုင်းတုံမြို့
မူးယစ်ဆေးဝါးများ မီးရှို့သည့် အခမ်းအနား၌ ပြောခဲ့သည်။
အမေရိကန်
နိုင်ငံခြားရေးဝန်ကြီးဌာနမှ နှစ်စဉ်ထုတ်ပြန်နေသည့် နိုင်ငံတကာ မူးယစ် ဆေးဝါး
ထိန်းချုပ်ရေး မဟာ
ဗျူဟာဆိုင်ရာ အစီရင်ခံစာ၌ မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်သည့် နိုင်ငံပေါင်း ၂၀
ထဲတွင် မြန်မာပါဝင်နေပြီး ကမ္ဘာ့ ဘိန်းထုတ်လုပ်မှု ဒုတိယ အများဆုံး အဆင့်
၌ရှိသည်ဟုဖော်ပြထားသည်။
|