|
နိုင်ငံတကာ ကုမ္ပဏီများအား
ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်သုံးသပ်ရန် သဘာဝ အဖွဲ့များ ပန်ကြား
နွယ်လေး။
ဇွန်လ ၅ ရက်၊၂၀၀၈ ခုနှစ်။
မြန်မာနိုင်ငံအတွင်း
သစ်တောပြုန်းတီးမှုနှင့် ကာဘွန်ဓါတ်များ လေထုအတွင်းများပြားလာမှုကို ကာကွယ်ရန်
အတွက် နိုင်ငံတကာမှ ရေကာတာတည်ဆောက်ရေးနှင့် သဘာဝ ဓါတ်ငွေ့ကုမ္ပဏီများ အနေဖြင့်
မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်သုံးသပ်ကြရန်
မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာအဖွဲ့မှ ယနေ့ ကမ္ဘာသဘာဝ ပတ်ဝန်းကျင်များနေ့
တွင် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံသည်
ရေကာတာများမတည်ဆောက်မီ ၁၉၉၀ မှ ၂၀၀၅ ခုနှစ်တွင်း သစ်တောပြုန်းတီးမှု ၁၈ ရာခိုင်
နူန်းရှိပြီး ကမ္ဘာတွင် သစ်တောပြုန်းတီးမှု အများဆုံး နိုင်ငံများတွင်
ပါဝင်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
သဘာဝဓါတ်ငွေ့နှင့်
သယံဇာတ အရင်းမြစ်များ အလွန်ကျွံသုံးစွဲခြင်းကြောင့်
သမိုင်းဝင်အမွေနှစ်များဆုံးရူံးပြီး သ ဘာဝပတ်ဝန်းကျင် ထိခိုက်လာနိုင်သည်ဟု
ကိုအောင်ငဲက ပြောသည်။
“ရေကာတာ
တည်ဆောက်မှုကြောင့် ရေလွှမ်းမိုးမှုခံရမယ်။ ရေကာတာ ဆောက်မယ့်ဒေသမှာ သစ် တော
တော်တော်ကို အရှိန်ဟုန်မြင့်မြင့်မားမား ခုတ်ထွင်းထားတာရှိတယ်။ကျနော်တို့လူထုက
အစိုးရ ချပေးတဲ့ တရားဝင်သစ်ကွင်းတွေမှာ သူတို့အိမ်သုံးဖို့တောင်
သူတို့ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိဘူး။ သူတို့မှီခိုရတဲ့
သစ်တောပြုန်းတီးမှုကြောင့် သူတို့ရဲ့လုပ်ကိုင်စားသောက်မှုလည်း အများကြီး အခက်
ခဲကြုံတာ ပြန်တွေ့ရတယ်။ သစ်တောခုတ်ထွင်းလို့ ဒေသခံလူထုတွေလည်း သဘာဝလေထု ညစ်ညမ်း
ဒဏ်ကို ခံရတယ်။”
ရေကာတာတည်ဆောက်ခြင်းကြောင့် ကျန်ရှိသစ်ပင်ငယ်များ ရေအောင်တွင်း
ဆွေးပုတ်သွားသည့်သစ်ပင်စိမ်းမှ မီသိမ်းဓါတ်များ ထွက်ပေါ်လာနိုင်သည်။
သစ်တောများခုတ်ထွင် မီးရှို့ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ကာဗွန်ဒိုင်
အောက်ဆိုဒ်နှင့် မီသိမ်းဓါတ်များ ပေါင်းစည်းခြင်းဖြင့် ကမ္ဘာ့ပူနွေးမှုကို
အရှိန်မြင့်မားစေသည်။ ကမ္ဘာအပူရှိန် မြင့်မားမှု ရာသီဥတုပြောင်းလဲမှုသည်
မြန်မာပြည် သစ်တောပြုန်းတီးမှုကြောင့် တစ်စိတ်တစ်ဒေသ အဖြစ် ထို ပြသာနာများကို
တိုးပွားစေသည်ဟုလည်း ၄င်းမှ ပြောသည်။
သဘာဝ
ပတ်ဝန်းကျင်အဖွဲ့များက မကြာမီက တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းသည်ပင်လျင် သဘာဝ
ပတ်ဝန်း ကျင် ပျက်စီးမှု၏ အကျိုးဆက်ဖြစ်နိုင်သည်ဟု ထောက်ပြထားသည်။
|