|
အက်စ်အက်စ်အေ-တောင်ပိုင်း ပအိုဝ်းရွာများတွင် စစ်သားစုဆောင်း
သတင်းနှင့်မီဒီယာကွန်ယက်။
ဇူလိုင်လ ၅ ရက်၊ ၂၀၀၇ ခုနှစ်။
ရှမ်းပြည်တောင်ပိုင်းရှိ ပအိုဝ်းကျေးရွာများမှ ရွာသားများကို
ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) (အက်စ်အက်စ် အေ-အက်စ်)တပ်သားသစ်အဖြစ်
အတင်းအကျပ်ကောက်ယူစုဆောင်း နေသဖြင့် ဒေသခံရွာသားများ မိမိတို့ နေ အိမ်များမှ
ထွက်ပြေးပုန်းရှောင် နေကြရသည်။
အက်စ်အက်စ်အေတောင်ပိုင်းအဖွဲ့က ရှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ်တွင်းရှိ
နားဟီး၊ နမ်းပတက်၊ နောင် ခိုင်းကျေးရွာများမှ အသက် ၁၈ နှစ် အထက်
အမျိုးသားများကို တပ်သားအဖြစ် စစ်မှုထမ်းရန် ခေါ်ယူခြင်းဖြစ် သည်။
နားဟီးကျေးရွာမှ
ရွာသား ၂၁ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ သံလွင်မြစ်မရောက်မီ တစ်ယောက်ထွက်
ပြေးလွတ်မြောက်ပြီး ကျန် လူ ၂၀ က သံလွင်မြစ်သို့ ရောက်ပြီး
လွယ်တိုင်းလဲန်းဌာနချုပ်မှ ၄င်းတို့ကို လာ ကြိုမည့် တပ်ဖွဲ့နှင့် အချိတ်အဆက်
ပြတ်သွားခဲ့ပြီး စားသောက်ရေး အခက်အခဲ ရှိသဖြင့် ကျေးရွာသားများကို
ဟင်းသီးဟင်းရွက် ရှာခိုင်းရာမှ ထွက်ပြေးလွတ်မြောက်သွားကြသည်ဟု ရွာသားတဦးက
ပအိုဝ်းဘာသာစကားဖြင့် ယခုလို ပြောသည်။
“သူတို့ထွက်ပြေးလာတာက
ကဆုန်လဆန်း ၁၄ ရက်နေ့မှာ ထွက်ပြေးတယ်။ နယုန်လဆန်း ၁ရက် နေ့မှာ ကဒူးမြို့က
ဗမာစစ်တပ်မှာ ရောက်တယ်။ ထွက်ပြေးတုန်းက နှစ်ဖွဲ့ခွဲပြီး ထွက်ပြေးကြတယ်။ ကဒူးက
ဗမာစစ်တပ်မှာ ပြန်ဆုံကြတယ်။ ဘာဖြစ်လို့ အဲမှာ အရင်ပြန်ကြလဲဆိုတော့ သူတို့ရွာကို
အ ရင်ပြန်မယ်ဆိုလည်း ဗမာစစ်တပ်က သူတို့က အဲမှာ ခေါ်ဆင်းပြီး မေးမှာပဲဆိုတော့
မထူးဘူးဆိုပြီး ဗ မာ စစ်တပ်ကို အရင်ပြန်လိုက်တယ်။ အဲမှာရောက် တော့ သူတို့ကို
မေးမြန်းတာတွေ စစ်ဆေးတာတွေ လုပ်ပြီး ရွာကိုပြန်ဖို့ ပြန်လွတ်ပေးလိုက်တယ်။
အေးအေးဆေးဆေးပဲပြန်နေကြ မကြောက်ကြနဲ့လို့ပဲ ပြောလိုက်တယ်။ အဲက ဗမာစစ်တပ်ကလည်း
သူတို့ကို ကာကွယ်ပေးမှုမရှိဘူး။ သူတို့လည်း အဲဒီ ကနေ လွတ်ပြန်လာတော့
နားဟီးကျေးရွာမှာ မနေရဲတော့ပဲနဲ့ နောင်ထောင်ဝ်တို့ ဆီဆိုင်တို့မှာ သွား
နေကြရတယ်။”
ယခု အခင်းဖြစ်ပွားသည့်
ဒေသများမှာ ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး အဖွဲ့(ရလလဖ) ထိန်း
ချုပ်ရာ နယ်မြေဖြစ်ပြီး ရလလဖ အဖွဲ့မှ ဒု-ဥက္ကဌနှင့် စစ်ဦးစီးချုပ်
ဗိုလ်မှူးကြီး ထိဆောင်ခေါင်းဆောင်သည့် အဖွဲ့ တောပြန်ခိုသွားခဲ့ပြီးနောက်
အခြေအနေများ ရှုတ်ထွေးလျက်ရှိနေသည်။
ပအိုဝ်းရွာသားများက
ရှမ်းပြည်တပ်မတော်တွင် တပ်သားအဖြစ် တာဝန်မထမ်းဆောင်လို၍ ကျေးရွာမှ ထွက်ပြေး
တိမ်းရှောင် နေကြရသည်ဟု ဒေသခံတစ်ဦးက ပအိုဝ်းဘာသာဖြင့် ယခုလိုပြောသည်။
“ဟိုမှာက အခုချိန်ထိ
မသာယာသေးပါဘူး။ အခုဆိုရင် နားဟီးတို့၊ နမ်းပတက်တို့၊ နောင်ခိုင်းတို့ မှာဆို
ယောက်ျားတွေ ရွာမှာမနေရဲကြဘူး။ ရွာထဲမှာ ယောက်ျားမရှိဘူး။
နေ့လည်နေ့ခင်းပိုင်းတောင် မရှိဘူး။ ခနတဖြုတ်ပဲ ပြန်တယ်။ နှစ်နာရီ၊
သုံးနာရီကျော်ပြီဆိုတာနဲ့ နည်းနည်းစီ နည်းနည်းစီ စုထွက် သွားကြတယ်။ ရွာထဲမှာ
နည်းနည်း မှောင်တာနဲ့ အမျိုးသမီးတွေက ဆယ်အိမ် ဒါမှမဟုတ် ငါးအိမ် စု ပြီးတော့
အိမ်ယာခင်းတွေ ဘာတွေယူပြီး ရွာလည်က အိမ်ကြီး တအိမ်အိမ်မှာ စုအိပ်ကြရတယ် ရွာထဲ
မှာ တိတ်ဆိတ်နေတာပဲ။ အခြေအနေ လုံးဝ မကောင်းဘူး။”
ယင်းဒေသများတွင်
တပ်သားသစ်များ ကောက်ယူခြင်းမှာ မှန်ကန်ကြောင်း အက်စ်အက်စ်အေ တောင်ပိုင်းက အ
တည်ပြုပြီး ရှမ်းပြည်တွင်းရှိ အသက် ၁၈နှစ်မှ ၄၅ နှစ် အမျိုးသားများ
စစ်မှုထမ်းရန် ကောက်ယူသည့်မူရှိကြောင်း အက်စ်အက်စ်တောင်ပိုင်းမှ
ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး လောင်ဝ်ဆိုင်းက ပြောသည်။
“သိပ်ပြီးတော့
မကျေနပ်တဲ့ပုံမျိုးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့တွေ စစ်သားသစ်တွေ
သွားစုဆောင်း တယ်ဆိုတော့ အဲနယ်မြေခံဒေသတွေဆို ရှမ်းတွေလည်း ရှိတယ်၊
ပအိုဝ်းတွေလည်း ရှိ တယ်၊ နောက်ပြီးတော့ ကရင်နီ ပေါ့နော် အဲဒါတွေလည်း ရှိပါတယ်။
ဘယ်လူမျိုးမဆို ကျနော်တို့ ပြ ဌာန်းထားတဲ့မူအတိုင်း လိုက်ပြီးတော့ စစ်သား
စုဆောင်းပါတယ်။ အဲဒါ သူတို့က တချို့ကလည်း စစ်မှု မထမ်းချင်တဲ့ လူတွေလည်း
ရှိတာကိုး၊ အဲမှာ သွားတိုင်ကြ တန်းကြတာပေါ့။ အဲမှာ ကျနော်တို့ စစ်
သားအသစ်သွားကောက် တယ်ဆိုတော့ သူတို့ကို သွားနှိပ်စက်သလို ပုံစံမျိုး
ပေါက်သွားတယ်။”
ယခု အခါ
ကျေးရွာများအနီးတ၀ှိုက်တွင် အက်စ်အက်စ်အေတောင်ပိုင်း တပ်များက
မြေမြုပ်မိုင်းများ ထောင်ထား မည်ကို စိုးရိမ်ပြီး ကျေးရွာသားများ
တောင်ယာစိုက်ခင်း သွားရန် ကြောက်ရွံ့နေကြသည်။
|