|
ပခုက္ကူမြို့တွင်
သံဃာတော်များ မေတ္တာပို့
လမ်းလျှောက်
စစ်တပ်မှ သေနတ်များဖြင့်
ပစ်ဖေါက်လူစုခွဲ
အောင်မိုးမြင့်။
စက်တင်ဘာလ ၅ ရက်၊
၂၀၀၇ ခုနှစ်။
မကွေးတိုင်း
ပခုက္ကူမြို့တွင်
သံဃာတော် အပါး ၂၀၀ခန့်သည်
ယနေ့
မွန်းလွဲ၂နာရီခန့်က
ပြည်သူများ ဆင်းရဲ
ဒုက္ခကင်းဝေးစေရန်
မြို့တွင်းသို့
လမ်းလျှောက်
မေတ္တာပို့
ကြွချီလာစဉ်
စစ်တပ်မှ သေနတ်ဖောက်၍
လူစုခွဲပြီး
သံဃာအချို့ကို
ဖမ်းဆီးရိုက်နှက်ခဲ့သည်။
သံဃာတော်များသည် အနောက်တိုက်၊
အလယ်တိုက်မှတဆင့် အရှေ့တိုက်ဖက်သို့
မေတ္တာပို့ရင်း
ကြွချီလာခဲ့
ကြသည်။
လမ်းလျှောက်လာသော
သံဃာတော်များကို အမှတ် ၃ အလယ်တန်းကျောင်းရှေ့တွင်
နအဖ စစ်တပ်မှ ပိတ်ဆို့
ဟန့်တားခဲ့ပြီး
သံဃာနာယကအဖွဲ့ဝင်ဆရာတော်
ဦးတေဇောဘာသက သံဃာများကို ငေါက်ငန်း၍
တားဆီး
ခဲ့သည်။
ထို့နောက်စစ်တပ်က
သေနတ်ဆယ်ချက်ခန့်
ပစ်ဖေါက်ကာ လူစုခွဲခဲ့သည်။
မေတ္တာပို့၍
ကြွချီလာသော
သံဃာများကို
စစ်တပ်မှ ဖမ်းဆီး၍
သေနတ်ဒင်များဖြင့် ရိုက်နှက်ခဲ့သည်ဟု ကိုယ်
တိုင်ပါဝင်ခဲ့သော
သံဃာတော်တပါးက ယခုလို မိန့်ကြားသည်။
“သုံးပါးလောက်တော့မိတယ်၊
ဖမ်းမိသွားပြီးတော့
နည်းနည်းပါးပါး ဒင်တွေ ဘာတွေနဲ့
ရိုက်နှက်တယ်
ပေါ့နော် ခေါင်းတွေဘာတွေကို။
ဆိုင်တဆိုင်မှာ မိသွားပြီးတော့
အဲ့မှာ သူတို့ကို
ဓါတ်တိုင်မှာပေါ့နော် မိနစ်ပိုင်းလောက် ရှိမှာပေါ့။
အဲဒီ မိနစ်ပိုင်းလောက် ဓါတ်တိုင်မှာ သူတို့
ကြိုးတုတ်ထားတာ
တွေ့တယ်
ပေါ့နော်၊
အဲ့လို ကြိုးတုတ်ထားတာတွေ့ပြီးတော့
ကျောင်းထဲကို ခေါ်သွားတယ်ပေါ့။
ခေါ်သွားပြီးတော့
လာထုတ်ဖို့ပေါ့နော်၊
လာထုတ်ဖို့
လှမ်းခေါ်တယ်၊
လှမ်းခေါ်တဲ့အချိန်မှာ သူတို့
ဒါမျိုးလုပ်တယ်ဆိုတဲ့
အကြောင်း
ဝန်ခံ လက်မှတ်ထိုးခိုင်း တယ်ပေါ့။”
မြို့တွင်းသို့
မေတ္တာပို့၍
ကြွချီလာသောသံဃာများသည်
လူအချင်းချင်း လှည့်ပတ်ခြင်းကင်းရှင်းကြပါစေ။
ခန္တီ၏ ရန်
ဒေါသမာန်တွန်းလှန်နိုင်ပါစေ။
တို့မေတ္တာစွမ်း
ကမ္ဘာလွှမ်းငြိမ်းချမ်းကြပါစေဟု
ဆုတောင်းခဲ့ကြသည်ဟု
သိရ
သည်။
ယခုကဲ့သို့
မေတ္တာပို့ကြွလာရသောအကြောင်းကို
အထက်ပါကိုယ်တော်က ယခုလို မိန့်ကြားသည်။
“ဘယ်လိုကြောင့်လျှောက်သလဲ
ဆိုလို့ရှိရင်
ပြည်သူတွေ ဆင်းရဲတာတွေ အဲ့ဒါမျိုးကို လွတ်မြောက်စေ
ချင်တဲ့ သဘောနဲ့ပါပဲ၊
သူတို့
ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ နေစေချင်တဲ့သဘောမျိုးနဲ့
မေတ္တာ
ပို့တာပါ။”
သံဃာတော်များကို လမ်းဆုံလမ်းခွများတွင် ထောင်နှင့်ချီသော ပြည်သူလူထုက
လက်ခုတ်တီး၍
အားပေးခဲ့ကြ
သော်လည်း ဆူညံမှုများမရှိစေရန်
ကိုယ်တော်များက မေတ္တာရပ်ခံတားဆီးခဲ့သည်ဟု
သိရသည်။
ညနေပိုင်းတွင် ဖမ်းဆီးသွားသော သံဃာတော်များကို ပြန်လည်လွှတ်ပေးခဲ့ပြီး
ရိုက်နှက်ခံရသော သံဃာတော်
အချို့မှာ
မျက်နှာများဖူးယောင်နေသည်ဟု အထက်ပါ ကိုယ်တော်က ဆက်လက်မိန့်ကြားသည်။
ပခုက္ကူမြို့သည်
မန္တလေးမြို့ပြီးလျှင်
မြန်မာပြည်တွင် စာသင်သားသံဃာတော်အများဆုံး သီတင်းသုံးရာ
မြို့ဖြစ်
သည်။
ပြီးခဲ့သည့်
တနင်္လာနေ့ကလည်း
ပခုက္ကူမြို့တွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်က
ဦးဆောင်သော ဆန္ဒပြမှုတခု
ဖြစ်ပွားခဲ့သည်။
|