|
မာလာရုံ
ဆရာတော်အား အမည်မသိ လူတစုက ဖမ်းဆီး
နွယ်လေး။
စက်တင်ဘာလ ၅ ရက်၊ ၂၀၀၈ ခုနှစ်။
ရန်ကုန်တိုင်း သံလျင်မြို့ရှိ မာလာရုံ ကျောင်းတိုက်ကို အမည်မသိ အရပ်ဝတ်လူတစုက
ယနေ့နံနက်တွင် ၀င် ရောက်စီးပြီး ကျောင်းထိုင်ဆရာတော်ကို
ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု နိုင်ငံရေးအကျဉ်းသား ကူညီစောင့် ရှောက်အသင်း
(မြန်မာနိုင်ငံ) အေအေပီပီ က သတင်းထုတ်ပြန်သည်။
အရပ်ဝတ်နှင့် အင်အား(၂၃)ဦးပါ အမည်မသိလူတစ်စုက မာလာရုံ ကျောင်းတိုက်အား
ယနေ့နံနက် (၂)နာရီ ခန့်တွင် ၀င်ရောက်စီးနင်းပြီး ကျောင်းထိုင်ဆရာတော် ဦးသီလ၀ံသ
သက်တော် (၅၈) နှစ်အား ဖမ်းဆီးခေါ် ဆောင်သွားခြင်းဖြစ်သည်ဟု အေအေပီပီ ၏
အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။
“သူတို့ဖမ်းဆီးတဲ့ အခါမှာ အရပ်ဝတ်တွေနဲ့ဖမ်းတယ်။ အဲဒါက ရာဇ၀တ်မှုတွေကို
အားပေးသလို ဖြစ်တယ်။ နောက်တခါ ဒီသံဃာတော်တွေကို ဖမ်းတဲ့အခါမှာ ဘယ်ကို
ဖမ်းသွားတယ်ဆိုတာ အ ကြောင်းကြားထားခြင်း မရှိဘူး။ အဲဒါမျိုးကလဲ
အေးချမ်းသာယာရေးကို လုံးဝ ထိခိုက်စေနိုင်တဲ့ အခြေ နေမျိုးဖြစ်တယ်။ ပြီးတော့
ရှာဖွေနေတဲ့ ချိန်မှာ သံဃာတော်တွေကို ၀မ်းလျားမောက်ခိုင်းတယ် ဆိုတာ က
ဒါသာသနာကို စော်ကားတဲ့ ကိစ္စပဲ။ သာသနာကို ဖျက်လိုဖျက်ဆီးလုပ်တဲ့ ကိစ္စပဲ။
တကယ်တမ်း ၂၉၅နဲ့ ဖမ်းရမယ်ဆို သူတို့ကို တောင် ပြန်တရားဆွဲလို့ရသေးတယ်။”
ဘုန်းတော်ကြီးကျောင်းသို့ ၀င်ရောက်စီးနင်းသည့် လူတခုသည် သံလျင်မြို့နယ်
(မယက)ပိုင် ဒိုင်နာကား တစ်စီး နှင့် ပစ်ကပ်နှစ်စီးဖြင့် လာရောက်ခြင်းဖြစ်ပြီး
ကျောင်းတိုက် တွင်းရှိ သံဃာတော်များကို ၀မ်းလျားမောက် ခိုင်း ထားကာ မိနစ် (၄၀)
ခန့် မွေနှောက်ရှာဖွေခဲ့သည်ဟု အေအေပီပီက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ကျောင်းတိုက်မှ မသင်္ကာဖွယ်ရာ ပစ္စည်းတစ်စုံတရာမှ ရှာဖွေတွေ့ရှိသိမ်းဆည်းသွားခြင်း
မရှိ ဟုသိရသည်။
ဗိုလ်ချူပ်ရွာရှိ ရဲစခန်းနှင့် သံလျင်မြို့နယ် ရဲစခန်းများသို့
သွားရောက်စုံစမ်းသော်လည်း ရဲစခန်းမှ ၄င်းတို့ ဖမ်းဆီး ခြင်း မဟုတ်ဟု
ငြင်းဆန်ပြီး ဆရာတော်အား မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးဟု ဆို
သည်။
“ထောက်လှမ်းရေးတွေကလဲ သူတို့ဖမ်းသွားတဲ့အခြေနေမှာ ဘယ်ကိုဖမ်းသွားတယ်
ဆိုတာကျန်တဲ့ သံဃာတော်တွေကို အကြောင်းကြားလေ့ မရှိဘူး။ အဲဒါတွေက တရားဥပဒေ
ပျက်လွန်း အားကြီးတယ် လို့ ကျနော်တို့မြင်တယ်။”
မာလာရုံကျောင်းတိုက်တွင် သံဃာတော် (၁၇) ပါး သီတင်းသုံးကြပြီး ယခု ကျန်ရှိသည့်
သံဃာတော်များအား ကျောင်းပြင်သို့ မထွက်ရန် ၀င်ရောက်စီးနင်းသူများက
ညွန်ကြားခဲ့သည်ဟု ဆိုသည်။
ယခုအချိန်ထိ ကျောင်းပတ်ဝန်းကျင်တွင် ထောက်လှမ်းရေးဟု ယူဆရသော မျက်နှာစိမ်းများ
စောင့်ကြည့်နေ သည်ဟု ဒေသခံများက ပြောဆိုကြောင်း အေအေပီပီ၏
သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ယခု
စက်တင်လဆန်းပိုင်းတွင် ကြည့်မြင်တိုင် ဓာတုကျောင်းမှ သံဃာတော် ( ၂ ) ပါးနှင့်
အခြားသံဃာတော်
(၄)
ပါး ကို အာဏာပိုင်များမှ ဖမ်းဆီးခဲ့သည်ဟု ကိုတိတ်နိုင်က ပြောသည်။
ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် ရွှေဝါရောင်တော်လှန်ရေး
တစ်နှစ်ပြည့်ကာလ လူထုလှုပ်ရှားမှု ပြန်လည် ဖြစ်ပွားလာခြင်း မရှိစေရန်
ရန်ကုန်မြို့ရှိ ဘုန်းကြီး ကျောင်း ပတ်ဝန်းကျင်တွင် လက်နက်အပြည့်အစုံနှင့်
တပ်ဆင် ထားသည့် စစ်တပ်များ အရပ်ဝတ်နှင့် လုံခြုံရေးများ ချထားပြီး
စောင့်ကြည့်ခြင်းခံနေရသည်။
ယမန်နှစ်တွင် ဖြစ်ပွားခဲ့သည့် ရဟန်းတော်များဦးဆောင်ခဲ့သည် ရွှေဝါရောင်တော်ရေး၊
စက်တင်ဘာ အရေးအခင်း လှုပ်ရှားမှုတွင် စစ်တပ်၊ ရဲ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့်
စွမ်အားရှင် စသည့် အဖွဲ့များက ပစ်ခတ်၊ ရိုက်နှက် ဖမ်းဆီးခဲ့မှု ကြောင့်
ရဟန်းရှင်လူ ပြည်သူ အများအပြား သေဆုံးခဲ့ရပြီး ရဟန်းတော်များအပါအ၀င်
ရာပေါင်းများစွာ ဖမ်းဆီး ခြင်း ခံခဲ့ရသည်။
|