သံဃာတော်များ ထိုင်းနယ်စပ်သို တိမ်းရှောင်

အောင်မိုးမြင့်
အောက်တိုဘာလ ၅ ရက်
၂၀၀၇ ခုနှစ်

စစ်အစိုးရက သံဃာတော်များကို ကျောင်းတိုက်များအတွင်း ညအချိန်တွင် ၀င်ရောက် ရိုက်နှက်ဖမ်းဆီးနေမကာင့် ထိုင်းမြန်မာ နယ်စပ်သို ရဟန်းသံဃာ သုံးပါး ထွက်ပြေးတိမ်းရှောင်လာသည်

ရန်ကုန်မိုမှာ ရဟန်းတွေကို ဖမ်းတယ် ဆီးတယ် ရဟန်းတွေကို သတ်တယ် ကျောင်းတိုက်တွေလည်း ကုန်သလောက်ရှိနေပီး ဆရာတော်တွေလည်း ပျံလွန်တော်မူတာတွေ ရှိတယ် နောက်ပီးတော့ ဆွမ်းခံ ထွက်လိုလည်း မရဲတော့ဘူး ဒကာရေ့။ ဆွမ်းခံရင်လည်း ရက်ကွက်က ရ၀တ တွေရှိတယ် သူတိုခိုင်း တဲ့ လက်ကိုင်တုတ် ကံ့ဖွံတို မျိုးဆက်သစ်တို ဘာတိုဆိုတာ ရှိတယ် ဒီကောင်တွေကလည်း ဦးဇင်း တို လိုက်လံပီး ချောင်းမြောင်းနေတာပေါ့နော့် ချောင်းမြောင်းတော့ ဦးဇင်းတို ကျောင်းပြန်အိပ်ဖို ဆိုတာကလည်း ဝေးတာပေါ့နော် အဲ့တော့ ဒကာ ဒကာမတွေကလည်း ပုန်းအောင်းဖို သူတိုထိန်း သိမ်းပေးတာပေါ့နော် နေဖိုအတွက်။ ဒါပေမဲ့ ဦးဇင်းတို ဆက်နေရင် သူတိုအတွက်လည်း ဒုကတွေ ရောက်မယ်။ သူတိုကို ဒုကမဖြစ်စေချင်တာရယ် ကျောင်းတိုက်တွေမှာ ပြန်အိပ်လိုမရတာရယ် အဲ့ဒါ ကာင့် ဦးဇင်းတို ခေတ၀ါတွင်း အခုဆိုရင် ရက်နှစ်ဆယ်ပဲ လိုပါတော့တယ် ခေတ အဲ့ဒီ ရက်နှစ် ဆယ်ကို ဦးဇင်းတို ဒီကို ရှောင်လာတာပေါ့ ဟု ထိုင်းမြန်မာနယ်စပ်ရောက် ကိုယ်တော်တပါးက ပြောသည်

ယခု ရောက်ရှိလာသော သံဃာများသည် ဆနပြလှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်ခဲ့ကာ စက်တင်ဘာလ ၂၇ ရက်နေက ရန်ကုန်မိုရှိ ရန်ကင်းလမ်းဆုံအရောက်တွင် လုံခုံရေးယူထားသော ရဲများနှင့် လုံထိန်းများက အကမ်း ဖက်လူစုခွဲခံခဲ့ရပီးနောက် လွတ်မြောက်ရာသို ထွက်ပြေးခဲ့သည် ညပိုင်းတွင် ကျောင်းတိုက်များသို စစ်တပ်က ၀င်ရောက် ရှာဖွေ ဖမ်းဆီးခဲ့ခြင်းကောင့် ကျောင်းတိုက်သိုမပြန်ဘဲ နယ်စပ်သို တိမ်းရှောင်လာခြင်း ဖြစ်ကောင်း ဆက်လက်ပြောသည်

ရန်ကုန်မိုအပါအ၀င် နယ်မိုများရှိ ဘုန်းတော်ကီးကျောင်းများသို စက်တင်ဘာလ ၂၅ ရက်နေမှစ ဖမ်းဆီးခဲ့ပီး ယခုအခါ  ပိုမိုဆိုးရွား လာနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကိုလေးလွင်က ပြောသည်

ကျနော်တို ရထားတဲ့သတင်းအရဆိုရင် အားလုံး ၃၂ ကျောင်းရှိတယ် တချိုတွေက တချိုဘုန်းကီး ကျောင်းမှာရှိတဲ့ လူတွေကော ဘုန်းကီးတွေကော ကိုယ်တော်တွေပါ အကုန်ပါသွားတဲ့အခါမှာ အတိ အကျမရပေမဲ့ ကျနော်တို ခန်မှန်းချေအရ အဲ့လိုပဲ ဖမ်းဆီးခေါ်ဆောင်သွားတာပဲ သက်သက်ဆိုရင် ၁၅၀၀ ၀န်းကျင်လောက်ရှိမယ် တခုဆိုးဝါးတာက မြစ်ကီးနားက ယုဇန ဘုန်ကီးကျောင်းဆိုလိုရှိရင် အခမဲ့ ပညာဒါန ဖန်တီးထားတဲ့ ဘုန်းကီးကျောင်းပေါ့ ငါးတန်းကနေ ဆယ်တန်းအထိ အဲ့ကျောင်းက ဆရာတော်ကိုဆိုလိုရှိရင် သူတို ခေါ်သွားတဲ့ ထဲမှာတင်ပဲ ပျံလွန်တော်မူသွားတယ်

မေတာပိုလမ်းလျှောက်ဆနပြခဲ့သည့် ရဟန်းသံဃာများကို စစ်အစိုးရက မြစ်ကီးနား ဗန်းမော် မိုးညှင်းရှိ ကျောင်း များမှ သံဃာများကို စတင်ဖမ်းဆီးခဲ့ပီး ရန်ကုန်မိုရှိ ငွေကာယံ နှင့် မိုးကောင်း စသည့် ကျောင်းတိုက်များ အပါအ၀င် အခြားကျောင်းတိုက်များ ကို နေစဉ် ဆက်လက်ဖမ်းဆီးနေဆဲဖြစ်သည်  နိုင်ငံအ၀ှမ်းရှိ ဘုန်းကီး ကျောင်းများမှ စာသင်သံဃာများကို မိမိ နေရပ်များသို ပြန်ပိုရန် အာာပိုင်များက တိုက်တွန်း လျှောက်ထားခဲ့ သည်

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။