ထိုင်းတောင်ပိုင်းတွင် မြန်မာအလုပ်သမားလေးဦး ပစ်သတ်ခံရ

ခွန်အောင်မြတ်
ဖေဖော်ဝါရီလ ၆ ရက်
၂၀၀၈ ခုနှစ်

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီ ခရိုင်တွင် ယမန်နေညက ကိုယ်ဝန် ၇ လရှိ အမျိုးသမီး တဦးအပါအ၀င် မြန်မာ နိုင်ငံသား လေးဦးအား သေနတ်ဖြင့် ပစ်သတ်မဖြစ်ပွားခဲ့သည်

သေဆုံးသူလေးဦး အလောင်းကို စူရတ်ဌာနီမှ ဘန်ကောက်သို အသွားလမ်း ရန်ပလု ကျေးရွာနှင့် ကီလိုမီတာ ၂၀ ခန်အကွာတွင် တွေရှိခဲ့သည်

စူရတ်ဌာနီတွင် ရာဘာခံအား ပုပ်ပြတ်ငှားကာ လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ကိုခိုင်သိန်း အသက် (၅၀)ခန့်၊ ဇနီးဖြစ်သူ မခိုင်မြင့်ဝေ(၅၀)ခန့်၊ နေအိမ်တွင် လာရောက် တည်းခိုနေသူ  ကိုဝင်းနိုင် (၃၅)နှစ်နှင့် ဇနီးဖြစ်သူ ကျောင်းဆရာမ မစိုးစိုး (ခေါ်) မခင်စိုးစိုး (၄၀) တိုကို အမည်မသိလူလေးဦးက နေအိမ်တွင် လာရောက်ခေါ် ဆောင်ကာ သတ်ပစ် ခဲ့ခြင်းဖြစ်သည်ဟု အတူ ဖမ်းဆီးခံရာမှ လွတ်မြောက်လာသော ရော်ဘာခံ အလုပ်သမား ထံမှ သိရသည်

၎င်းတိုအားလုံးမှာ မွန်ပြည်နယ် သံဖြူဇရပ်မိုနယ် ကျုံပဒက်ကျေးရွာသားများ ဖြစ်သည်

ကိုခိုင်သိန်း နေအိမ်သို ယမန်နေ ၈ နာရီကျော် အချိန်တွင် အမည်မသိ လူတစု ရောက်လာကာ အိမ်ရှိလူ များကို ဖမ်းဆီးခေါ်ဆောင်သွားပီး နောက်ပိုင်းတွင် သတ်ပစ်ခဲ့ခြင်း ဖြစ်သည်ဟု ယင်းဒေသရှိ မြန်မာအလုပ် သမားများကို ကူညီဆောင်ရွက် ပေးနေသည့် ကိုမျိုးက ပြောသည်

တောင်စောင်းရောက်တဲ့အခါကျတော့ ကိုခိုင်သိန်းကို သေနတ်နဲ ပစ်တဲ့အချိန်ကျတော့ ဒီလွတ်သွား တဲ့ ဆေးရုံမှာ တင်နေတဲ့ ကောင်လေးက ထွက်ပြေးရော တောင်စောင်းကနေ လိမ့်ချပီးပြေးရော ပြေးတဲ့အခါကျတော့ သူလက်မောင်းလည်းထိတယ်ကာလည်းထိတယ် သူကတော့ လွတ်သွား တယ် ကျန်တဲ့လူက သေသွားတယ်။”

မည်သည့် အကောင်းကောင့် ယခုလို လေးလောင်းပိုင်သတ်ဖြတ်ခံရခြင်းဖြစ်ကောင်း မသိရသေးဟု အလုပ်သ မားကူညီရေးအဖွဲမှ ကိုမျိုးက ပြောသည်

ဒေသခံအာာပိုင်များက အမဖွင့်ကာ လူသတ်တရားခံများကို ရှာဖွေဖော်ထုတ် နေသော် လည်း ဖမ်းဆီးရမိခြင်း မရှိသေးပေ

အသက်ဘေးမှ လွတ်မြောက်ခဲ့သည့် အသက် ၁၈ နှစ်အရွယ် အလုပ်သမားသည် စုရတ်ဌာနီ ဆေးရုံတွင် ဆေးဝါး ကုသမခံယူနေသည်

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။