|
ထိုင်း-မြန်မာနယ်စပ်ရှိ
ရေလယ်ကျွန်းမှ မူးယစ်ဂိုဏ်းကို
ထိုင်းမှ ၀င်ရောက်စီးနင်း
ခွန်အောင်မြတ်။
မတ်လ ၆ ရက်၊
၂၀၀၈ ခုနှစ်။
ထိုင်း-မြန်မာနယ်စပ် မြန်မာပိုင်ရေလယ်ကျွန်းတွင်
လှုပ်ရှားနေသည့်
မူးယစ်ဂိုဏ်းကို
ထိုင်းမူးယစ်တပ်က ၀င် ရောက်စီးနင်းပြီး
အဖွဲ့ဝင် တစ်ယောက်ကို စိတ်ကြွဆေးပြားများ၊
ကျည်ဆံများနှင့်အတူ ဖမ်းဆီးလိုက်သည်။
မဲဆောက်-မြ၀တီကြား
သောင်းရင်းမြစ်အတွင်းရှိ မြန်မာပိုင်ရေလယ်ကျွန်းရှိ
မွန်လေး ခေါင်းဆောင်သည့် မူးယစ် ဆေးနှင့် ဒုစရိုက်ဂိုဏ်းအား
ယနေ့နံနက် ၁၁ နာရီကျော်တွင် ၀င်ရောက်
ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ယင်းမူးယစ်ဂိုဏ်းမှ
မောင်မြင့်နိုင်(၂၉နှစ်)က ထိုင်းမူးယစ်တပ်ဖွဲ့ကို လက်ပစ်ဗုံးဖြင့်
ပစ်ပြေးသည်ကို ဖမ်းဆီးရမိ သည်ဟု မြန်မာနိုင်ငံသား
မျက်မြင်တဦးက ပြောသည်။
“သူတို့ရေမြောင်းထဲကို
ထွက်ပြေးတဲ့အချိန် လက်နက်ကို သွားပြေးယူတဲ့အချိန်မှာ ထိုင်း စစ်တပ်က အဲမှာ
ဝိုင်းဖမ်းတာ။ ၀ိုင်းဖမ်းတဲ့အချိန်ကျတော့ စစ်သားတွေရော
ဘာတွေရော သူလက်ပစ်ဗုံးနဲ့ ပစ်
တယ်။ ထိုင်းသတင်း ထောက်တစ်ယောက်ထဲ ရှိနေတဲ့အချိန်ပေါ့။
ရဲဘော် ငါးယောက်ကြားထဲကို ပစ်
ထည့်တယ်။ ရဲဘော်တွေက အတင်း ထွက်ပြေးသွား တယ်၊
ထွက်ပြေးပြီးတော့ ခနလောက်နေတဲ့
အခါ ကျတော့ အုံးဆိုကွဲထွက်သွားတယ်။ကွဲထွက်သွားပြီးတဲ့အခါကျတော့
ဒီကောင်ခြုံထဲဝင်ပြေးတယ်။ထိုင်း
စစ်တပ်က ပြန်ပြီးတော့လိုက်ပစ်တယ်။ပြန်ပစ်တဲ့အခါကျတော့
ဒီကောင်ပြန်တက်ပြေးသွားတယ်။တက်
ပြေးတော့ ထိုင်းစစ်တပ်က မိသွားတယ်။”
၎င်းထံမှ စိတ်ကြွဆေးပြား
အလုံး(၂၀) ကျော်နှင့် ကိုးလုံးကျည် လေးတောင့် ဖမ်းမိပြီး
အဖွဲ့ခေါင်းဆောင် ရဲဘက် ပြေး
မွန်လေးမှာ ထွက်ပြေး လွတ်မြောက်သွားသည်။
ပြီးခဲ့သည့်
တနင်္လာနေ့ညက
ထိုင်းနှင့် မြန်မာ မူးယစ်ဆေးဝါးရောင်းဝယ်သူများအကြား
အပြန်အလှန် ပစ်ခတ်မှု
ဖြစ်ပွားပြီးနောက်
ထိုင်းဘက်က ချစ်ကြည်ရေးတံတား ပတ်ဝန်း ကျင်တွင် လုံခြုံရေး
တိုးမြှင့် ချထားခဲ့သည်။
ယခင်အပတ်အတွင်းက မူးယစ်ဆေးရောင်းဝယ်သူများ
အချင်းချင်း ခိုက်ရန်မှုဖြစ်ပွားပြီး
ရေလယ်ကျွန်းတွင် ဗုံးတ
လုံးပေါက်ကွဲခဲ့သော်လည်း ထိခိုက်သေဆုံးမှု
မရှိခဲ့ပေ။
နှစ်ဧကခန့်ကျယ်ဝန်းသည့်
မြန်မာပိုင်ရေလယ်ကျွန်းသည် ထိုင်း-မြန်မာ ချစ်ကြည်ရေး
တံတားအောက်တွင် တည် ရှိပြီး
မြန်မာနိုင်ငံသားများက ထမင်းဟင်းဆိုင်၊ အရက်ဆိုင်များ
ဖွင့်လှစ်ထားသည့်အပြင် အရက်၊ စီးကရက်၊
ဆေး ပေါ့လိပ်၊ ရေထွက်သားငါး
နှင့် အခြား ပရိဘောဂ ပစ္စည်းများကို
ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င် ရောင်းချကြ
သည်။
ရေလယ်ကျွန်းရှိ
စီးပွားရေးသမားများကို မွန်လေးနှင့် အဖွဲ့က ဆက်ကြေးကောက်ကာ
ဗိုလ်ကျနေသည်ဟု ရေ လယ်ကျွန်းမှ
စီးပွားရေးသမားတဦးက ပြောသည်။
ယနေ့ညနေပိုင်းတွင်
နှစ်ဘက်အာဏာပိုင်များက နယ်စပ်ဂိတ်များကို လုံခြုံရေး
တိုးမြှင့် ချထားလိုက်ပြီး ထိုင်းအာ ဏာပိုင်များက
နိုင်ငံခြားသားများမှအပ ဂိတ်ဖြတ်သန်းသွားလာ သူများကို စစ်ဆေးမေးမြန်းမှုများ
ပြုလုပ်နေသည်။
ပြီးခဲ့သည့်
ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင်
ကျင်းပသည့် ၂၈ ကြိမ်မြောက်
ထိုင်း-မြန်မာ နယ်ခြားကော်မတီ အ
စည်းအဝေးတွင်
ထိုင်းနယ်ခြားကော်မတီ ဥက္ကဌက
မြန်မာအာဏာ ပိုင်များအား ရေလယ်ကျွန်းအတွင်း
ဖြစ်ပွား နေသည့် မုးယစ်ဆေးဝါးနှင့် ဒုစရိုက်မှုပြဿနာ
များကို ဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်။
|