|
ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ကင်ဆာ
ရောဂါဖြင့်ကွယ်လွန်
ဇော်ကြီး။
ဧပြီလ ၆
ရက်၊ ၂၀၀၉ ခုနှစ်။
ကချင်ပြည်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေ ဒု-စစ်ဦးစီးချုပ်
ဗိုလ်မှူးချုပ် ဇော်နန် ယနေ့နံနက်ပိုင်းက အသည်းကင်ဆာရောဂါဖြင့်လိုင်ဇာမြို့
ဌာနချုပ် စစ်ဆေးရုံ တွင် ကွယ်လွန်ခဲ့သည်။
ကေအိုင်အေ စစ်ဦးစီးချုပ်
ဗိုလ်မှူးချုပ်ဇော်နန် ကွယ်လွန်ကြောင်းကို ကေအိုင်အို သုတေသနနှင့် မှတ်တမ်း
ဌာနမှူး
ဗိုလ်မှူးကြီးဂွန်မော်က ယခုလိုအတည်ပြုပြောဆိုသည်။
“လိုင်ဇာစစ်ဆေးရုံမှာ
အခုမနက် ၁၀ နာရီ ၁၀ မိနစ်မှာ ဆုံးသွားတယ်။ ကင်ဆာ ရောဂါနဲ့ ဆုံးသွား
တယ်။
တပတ်လောက်ရှိပြီ ဆေးရုံတင်ထားရတာ။ မနေ့ညပိုင်းကစလို့ အောက်စီဂျင် ပေးထား
ရတယ်။”
လောလောဆယ်
၎င်း၏ရုပ်ကလာပ်အား လိုင်ဇာခန်းမထဲတွင်ထားရှိပြီးစစ်အခမ်းအနားဖြင့် သဂြိုလ်မည်ဟု
သိရ
သည်။
ယခင်တပ်ရင်းမှူးဘ၀က ရှမ်းပြည်နှင့် ကချင်ပြည်နယ်စပ် တပ်မဟာ (၄) တွင်တာဝန်
ထမ်းဆောင်နေခဲ့ပြီး ၁၉၉၃ ခုနှစ်ခန့်မှစ၍ ဗျုဟာ (၃) ဗျူဟာမှူးတာဝန်ဖြင့် ကချင်
ပြည်နယ်၊ ဗန်းမော်အထက်ဖက်ခြမ်းဒေသများတွင် တာဝန်ယူခဲ့သူတဦးဖြစ်ပြီး ၂၀၀၇
ခုနှစ်မှစ၍
ဒု-စစ်ဦးစီးချုပ်တာဝန်ယူခဲ့သူဖြစ်သည်ဟု
၎င်း၏လုပ်ဖော်ကိုင်ဖက် တဦးက ယခုလို
ပြောသည်။
“ဒူကမ္ဘာ့(ဗိုလ်မှူးချုပ်)ဇော်နန်နဲ့
ကျနော်နဲ့က အတူတူတိုက်ခဲ့သေးတယ်လေ။ သူကတော့ စစ်သား
သက်သက်ပါပဲ။
တကယ့်တိုက်ခိုက်ရေးသမားပဲ။ တိုက်ခိုက်ရေးဘ၀ကနေတက်ခဲ့ တာ။ ရဲဘော်ဘ၀၊
တပ်သားဘ၀ကနေစပြီး တက်ခဲ့ပုံရတယ်။ ခပ်ငယ်ငယ်ဘ၀တည်းက
ကေအိုင်အေ တပ်ထဲ
ရောက်ခဲ့ပုံရ
တယ်။ ဒူကမ္ဘာ့ လဇိမ်ဘောက်
လုပ်ကြံခံရပြီးတဲ့နောက်
၂၀၀၇ ခုနှစ်လောက်မှ သူက ဒုတိယ စစ်ဦးစီးချုပ် ဖြစ်လာတာ။”
ဗိုလ်မှုးချုပ်ဇော်နန်သည် တပ်သားများနှင့်အတူ တသားတည်းနေတတ်သူဖြစ်သဖြင့်
ရဲဘော်များက ချစ်ခင်သူ
ဖြစ်ပြီး ကိုယ်ကျိုးစီးပွားကိုမရှာသူအဖြစ်လေးစားခံရသူဖြစ်ကြောင်း
ကေအိုင်အေနှင့် နီးစပ်သူများက ပြောသည်။
ကွယ်လွန်ချိန်တွင်အသက် ၆၁ နှစ်ရှိပြီး ဇနီးသည်နှင့်အတူ သားသုံးဦး၊
သမီးနှစ်ဦးနှင့်
မြေးသုံးဦးကျန်ရစ်ခဲ့သည်။
|