|
ရှမ်းပြည်တောင်ပိုင်းတွင် ထောက်ခံမဲ
ကြိုကောက်နေ
ခွန်အောင်မြတ်။
မေလ ၆ ရက်၊
၂၀၀၈ ခုနှစ်။
ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နှင့်
အရှေ့ပိုင်းကျိုင်းတုံမြို့နယ်ရှိ
ရပ်ကွက်များတွင် ကြိုတင်ဆန္ဒမဲများကောက်
ခံပြီး ထောက်ခံမဲများ မပေးမနေရ
ပေးရသည်ဟု တောင်ကြီးမြို့ခံတဦးကပြောသည်။
“တောင်ကြီးဘက်တို့
ကျိုင်းတုံဘက်တို့ သူတို့ပြင်းပြင်းထန်ထန်
ဥပမာ ရပ်ကွက်မှာ၊ ရပ်ကွက်မှာ
ဆိုရင် ပေးရတယ် အဲလိုမျိုး။ မဲတွေ မပေးမနေရ အဲလိုရှိတယ်။
ပေးခိုင်းတယ်၊ ရပ်ကွက်ရုံးမှာလေ။”
ဟု တောင်ကြီး
မြို့ခံ
တဦးက ပြောသည်။
သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် ရပ်ကွက်ဥက္ကဌနှင့်
ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဝင်များက
စောင့်ကြည့်ပြီး ဆန္ဒမဲ
များကို ပေးခိုင်းသည်ဟု ၄င်းက ဆက်ပြောသည်။
“ပေးပြီးပြီဗျ၊
ရပ်ကွက်ထဲမှာ တော်တော်များများ ပေးကြပြီးပြီ။
ဘာဖြစ်လို့လဲဆို သူတို့က
ဒီလိုလေ ရပ်ကွက်ထဲကလူတွေကို အကုန်လုံး ဘယ်လိုဘယ်လိုပေးရမယ်၊
သူတို့က အဲဒီလို သတ်မှတ်တာရော။
တချို့ကလည်း ဟိုကြောက်ဒီကြောက်ပြီး
ပေးရတာ အဲလိုရှိ တယ်လေ။ ရွာထဲမှာကျတော့ သူတို့အဲ
လောက်ထိ မဖြစ်သေးဘူး။ အခုလောလောဆယ်က
မြို့ထဲက လူတွေကိုပဲ ဦးစားပေးပြီးတော့
မပေးမ နေရ အဲလိုဆိုပြီးတော့မှ
ပေးခိုင်းတာ။”
နယ်စပ်မြို့များနှင့်
အခြားမြို့နယ်များအချို့တွင်
ထောက်ခံမဲထည့်ခိုင်းပြီး ယာယီမှတ်ပုံတင် ပြုလုပ်ပေးမှုများ၊
ကြို
တင်ထောက်ခံမဲများ ကောက်ယူလျှက်ရှိသည်။
မြို့ပေါ်တွင်
ကြိုတင်မဲများ
မပေးမနေရ ပေးခိုင်းသော်လည်း ကျေးရွာအုပ်စုများတွင် မဲဆန္ဒများမူ
ကြိုတင်
ပေးခိုင်း
ခြင်း
မရှိသေးသော်လည်း ကျေးရွာရှိ မဲရုံမှူးများကို
မြို့နယ်အုပ်ချုပ်ရေးမှူးက
ထောက်ခံမဲအများစုရရှိရန် ဖိအား ပေး
စေခိုင်းမှုများ
ရှိနေသည်။
ရှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး၊
ဟိုပုံး၊ ဆီဆိုင်နှင့် လွိုင်လင်စသည့် မြို့နယ်များတွင်
အပစ်ရပ်အဖွဲ့များနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဝင်များက
လာမည့် မေလ(၁၀)ရက်နေ့တွင် ထောက်ခံမဲပေးရန်
စည်းရုံးခြင်း၊ ခြိမ်း
ခြောက်ခြင်း၊ မက်လုံးပေးခြင်းများဖြင့်
လိုက်လံစည်းရုံး လှုံ့ဆော်မှုများ
ပြုလုပ်နေသည်။
မြန်မာနိုင်ငံတွင်း ပြည်နယ်နှင့်တိုင်း အသီးသီး
မြို့နယ်အနှံ့အပြားတွင်
မြန်မာစစ်အစိုးရပိုင် မီဒီယာများ၊ ဆိုင်းပုဒ်
ထူထောင်ခြင်းများ ထောက်ခံပေးရန် စည်းရုံး လှုံ့ဆော်မှုများ
နေ့စဉ်နှင့်အမျှ
ပြုလုပ်နေသော်လည်း ကန့်ကွက်မဲ ပေးရန် စာစောင်ဖြန့်ချိမှု၊
စည်းရုံးလှုံ့ဆော်မှု
ပြုလုပ်သူများကို အကြမ်းဖက်
ရိုက်နှက်ဖမ်းဆီးမှုများ
ပြုလုပ်သည်။
|