ရိုက်နက်ခံရသူများ နစ်နာကြေး မရပါက ထိုင်း ဥပဒေအရ ဖြေရှင်းမည်

သတင်းနှင့် မီဒီယာ ကွန်ယက်။ ဇော်ကြီး။
ဇူလိုင်လ ၆ ရက်၊ ၂၀၁၀ ခုနှစ်။

ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်မြို့၊ လက်အိတ်စက်ရုံတွင် ရိုက်နှက်ခံရသည့် မြန်မာ အလုပ်သမားများကို စက်ရုံ တာဝန်ရှိသူက နစ်နာကြေးမပေးပါက ထိုင်းအလုပ်သမား ဥပဒေအရ ဖြေရှင်းမည်ဟု ရိုက်နှက်ခံရသူများကပြော သည်။

ထူးလုံရပ်ကွက်၊ စရန်စပါမစ် လက်အိပ်စက်ရုံရှိ မြန်မာအလုပ်သမားများကို ကမ္ဘောဒီယား အလုပ်သမားများက ၀ိုင်းဝန်း ရိုက်နှက်မှုအပေါ် စက်ရုံတာဝန်ရှိသူများက တရားသဖြင့် နစ်နာကြေး မပေးလျှင် အလုပ်သမားရေး ဆောင်ရွက်နေသည့် NGO’s အဖွဲ့များ၏ အကူအညီရယူပြီး ထိုင်းအလုပ်သမား ဥပဒေအရ ဖြေရှင်းသွားမည်ဟု အရိုက်ခံရသည့် အလုပ်သမား တစ်ဦးက ယခုလိုပြောသည်။

ကျနော်တို့ အဓိကဖြစ်ချင်တာတော့ အဲဒီ(အလုပ်သမားရေးဆောင်ရွက်နေသူ)ကို ကျနော် တို့ အကူ အညီတောင်းချင်တယ်။ အဲဒီကိုပဲ အကြောင်းကြားပြီးတော့ ဖြစ်သင့်ဖြစ်ထိုက် တာကို ဖြစ်ကိုဖြစ် သွား အောင် ကျနော်တို့ လုပ်မှာပါ။

လွန်ခဲ့သည့် ဇွန်လ ၂၉ ရက်နေ့က ကမ္ဘောဒီးယားအလုပ်သမားများက မြန်မာအလုပ် သမားများကို အရက်မူးပြီး ရိုက်နှက်လိုက်သည့်အတွက် မြန်မာအလုပ်သမား ၄ ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်ဟု ပြောသည်။

ဒဏ်ရာရသူများကို စက်ရုံတာဝန်ရှိသူများက ဆေးကုသပေးပြီး နစ်နာကြေးအနေနှင့် အလုပ်သမားတစ်ဦးလျှင် ထိုင်းဘတ်ငွေ တစ်သောင်းစီ ပေးမည်ဟု ပြောသော်လည်း ယခုထိ မည်သို့မှ ဆောင်ရွက်ပေးခြင်း မရှိဟု ၎င်းက ဆက်ပြောသည်။

ဆေးကုမယ့်အတိုင်းအတာကိုလည်း ပြီးဆုံးသွားတဲ့အထိ လုပ်ပေးမယ်လို့ ပြောတာ ပေါ့နော်။ မနေ့က အဲလိုပြောပြီးတော့ အဲတာကို တနင်္လာနေ့ ပြန်ချိန်းထားတယ်။ သူတို့က စကားကို ဒီနေ့ပြောပြီးသွား ရင် နောက်နေ့ဆိုမေ့ရောဘဲ။ အခုဆိုလို့ရှိရင် ကျနော်တို့ကို လူကိုယ်တိုင်လည်းလာမကြည့်ဘူး။ ဆေး ထည့်ပေးမယ်ပြောပြီးတော့ ဆေးလည်း လာမထည့်ဘူး။ ဒီတိုင်းချည်းပဲ ထားထားတယ်။

လုပ်ငန်းခွင်အတွင်း အလုပ်သမားများထိခိုက်မှုဖြစ်ပါက ဥပဒေအရ အလုပ်သမားများ ရသင့်ရထိုက်သည့် အခွင့် အရေးကို အလုပ်ရှင်အနေနှင့် တာဝန်ယူဆောင်ရွက်ပေးရ မည်ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွှန့် ပေါင်းအစိုးရ အလုပ်သမားရေးဌာန တာဝန်ခံ ကိုသက်ခိုင်က ပြောသည်။

အကယ်၍ စက်ရုံတာဝန်ရှိသူများက ပြေလည်စွာ မဖြေရှင်းပါက ယင်းစက်ရုံ နာမည် ပျက်နိုင်သည့်အတွက် နှစ် ဖက်အလုပ်သမားများ ကျေအေးမှုရစေရန် အလုပ်ရှင် အနေနှင့် ထိမ်းသိမ်းဆောင်ရွက်နေခြင်းဖြစ်နိုင်သည်ဟု ကို သက်ခိုင်က သုံးသပ်ပြောဆိုသည်။

အရက်မူးနေသည့် ကမ္ဘောဒီးယားအလုပ်သမား ၂ ဦးက မြန်မာအလုပ်သမများ၏ အိပ်ခန်း သို့ အချိန်မတော်ဝင် ရောက်သည်ကို တားမြစ်ရာမှ ယခုလိုအခင်းဖြစ်ပွားခဲ့ပြီး အလုပ်သမ များအနေနှင့် ပြဿနာထပ်ဖြစ်လာမည်ကို စိုးရိမ်ပြီး အလုပ်မှနုတ်ထွက်ခွင့် တောင်းထား သည်ဟု သိရသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။