|
ပခုက္ကူတွင်
အာဏာပိုင်များ၏
ကား မီးရှို့ခံရ
အောင်မိုးမြင့်။
စက်တင်ဘာ ၆ ရက်၊
၂၀၀၇ ခုနှစ်။
၁၃း၃၀ နာရီ။
ပခုက္ကူမြို့တွင်
ဆန္ဒပြခြင်းမပြုရန်
ဘုန်းကြီးကျောင်းများအား
လိုက်လံလျောက်ထားသော အာဏာပိုင်များ၏
ကား ကို
ဒေါသထွက်နေသော သံဃာနှင့် လူထုတို့က
မီးရှို့ဖျက်ဆီးလိုက်ပြီး
အာဏာပိုင်များကိုလည်း
ကျောင်းတိုက်
အတွင်း ထိန်းသိမ်းထားလိုက်သည်။
ပခုက္ကူမှ
ဆရာတော် တပါးက အဖြစ်အပျက်နှင့် ပတ်သက်၍
ယခုလို ပြောသည်။
တိုင်းအတွင်းရေးမှူးနဲ့
မယက ဥက္ကဌရယ်၊
ခယက ဥက္ကဌတွေရယ်က
ကျောင်းတွေကိုလိုက်ပြီးတော့
- ထင်ရှားတဲ့ ကျောင်းတွေကိုပေါ့၊
စာသင်တိုက်ကြီးတွေကိုပေါ့-
မဖြစ်ဖို့
မပြုဖို့
လိုက်လျောက်တာလေ။
အဲလိုလျောက်ရင်း လျောက်ရင်းနဲ့
အလယ်တိုက်ရောက်သွားတော့ ကားတွေကို အခု ဖျက်ဆီးမီးရှို့
တယ်လို့
ကြားတယ်လေ။
လူတွေလည်းပဲ သူတို့
အခု ကျောင်းထဲကိုထည့်ထားတယ်လို့
ကြားတယ်။
ယခုသတင်းထုတ်ပြန်သည့် အချိန်တွင် ပခုက္ကူ
အလယ်တိုက်ရှေ့တွင်
လူထောင်နဲ့
ချီရောက်နေပြီး
အခြေအနေ
တင်းမာလျက်ရှိသည်ဟု ဆရာတော်က
မိန့်ကြားသည်။
ကားတွေက
အခုထက်ထိ အလယ်တိုက်ရှေ့မှာ
မီးရှို့ပြီးသား
ရှိသေးတယ်။
လူအုပ်ကြီးကလည်း
အဲဒီ
မှာ အများကြီး
ရှိသေးတယ်။
ကိုယ်တော်တွေကို အားပေးနေကြတာပေါ့လေ။
ထောင်နဲ့ချီသော
ပြည်သူများက အခင်းဖြစ်ပွားရာ ဘုန်းကြီး
ကျောင်းသို့
လိုက်လာကြသလို
စစ်တပ်ကလည်း ယခုအခါ ကျောင်းတိုက်သို့
အင်အားဖြည့်တင်းလိုက်လာသည်။
ယမန်နေ့က
ပခုက္ကူရှိ
စာသင်တိုက်များအပါအ၀င် သံဃာတော်များက ကုန်ဈေးနှုန်းကျဆင်းရေးအတွက်
မေတ္တာ
ပို့
ကြွချီဆန္ဒပြမှုဖြစ်ပွားခဲ့သည်။
ဆန္ဒပြမှုများ
ဆက်လက်မဖြစ်ပွားရေးအတွက် အာဏာပိုင်များက
လိုက်လံ တားဆီးရာမှ ယခုလို ကားမီးရှို့သည်အထိ
ဖြစ်ခဲ့ရခြင်းဖြစ်သည်။
|