|
ထိုင်းရွာပစ်ခတ်မှု ကေအဲန်ယူ ငြင်းဆို
ခွန်အောင်မြတ်။
အောက်တိုဘာလ ၆ ရက်၊ ၂၀၀၈ ခုနှစ်။
ထိုင်းနယ်မြေအတွင်းသို့ ၀င်ရောက်ပြီး ရွာသူကြီးအိမ်ကို မီးရှို့သည့် တပ်ဖွဲ့သည်
မိမိတို့၏ လက်အောက်ခံတပ် ဖွဲ့ မဟုတ်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU)က
ငြင်းဆိုလိုက်သည်။
KNU
လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ KNLA တပ်ရင်း ၂၀၁ က
ထိုင်းနယ်မြေအတွင်းရှိ ကရင်ကျေးရွာ အတွင်းသို့ ၀င်ရောက်ပြီး ကျေးရွာသူကြီး
အိမ်ကို ၀င်ရောက်ဖျက်ဆီးခဲ့သည်ဟု ထိုင်းစစ်ဖက် သတင်းရပ်ကွက်ကို ကိုးကားပြီး
ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည့် အပေါ် KNLA တပ်ရင်း ၂၀၁ က ပြန်
လည်ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။
ထိုင်းနယ်မြေအတွင်းရှိ
ကရင်ရွာသူကြီးကို ပစ်ခတ်ခဲ့သည့် တပ်ဖွဲ့မှာ မိမိတို့ တပ်ဖွဲ့မဟုတ်ပဲ
မြန်မာစစ်တပ်နှင့် ပူး ပေါင်းလာသည့် တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော်မှ
တပ်ဖွဲ့များသာ ဖြစ်သည်ဟု KNU မှ တန်ပြန် စွပ်စွဲလိုက်သည်။
“ဒီအေဘီအေ နော်
ကလိုထူးဖော ဗျူဟာ လက်အောက်ခံ တပ်ရင်း ၉၀၇၊ ၉၀၆ (ဦးဆောင်သူ) ဗလာ နာနဲ့ ဘီးကီ
မယ်ကလောခီးရွာကို ၀င်ပြီးတော့ ရွာလူကြီးအိမ်ကို ၀င်ပစ်တယ်။
ရွာလူကြီးအိမ်မှာရှိတဲ့ ပစ္စည်းတွေကို ယူသွားတယ်။ အဲဒါ ဒီကေဘီအေ အစစ်မှ အစစ်၊
အများသိ၊ နာမည်တောင် ခေါ်လို့ရ တယ် ဗလာနာနဲ့ ဘီးကီ အဲဒါ။”
လွန်ခဲ့သော သောကြာနေ့က
မြန်မာစစ်အစိုးရ တပ် ခမရ ၄၀၇ နှင့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်ဖွဲ့ပူး
ပေါင်းပြီး KNU ၏ တပ်မဟာ ၆ ရှိ တပ်ရင်း ၂၀၁ကို ထိုးစစ်ဆင်ခဲ့ပြီး
ထိုင်းနိုင်ငံဘက်ကမ်းရှိ ကျေးရွာများကို ၀င်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၀၁ ၏ ဒုတပ် ရင်းမှူး က
ပြောသည်။
ဒီကေဘီအေ တပ်ဖွဲ့မှ
တာဝန်ရှိသူများက တိုက်ပွဲ အသေးစိတ်ဖြစ်ပွားမှုနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုရန်
ငြင်းဆိုသည်၊
ယခု ထိုးစစ်အတွင်း
တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး နအဖ တပ်ဖွဲ့နှင့် ဒီကေဘီအေ တပ်ဖွဲ့မှ ၅
ဦးကျဆုံးပြီး ၁၀ ဦး ဒဏ်ရာ ရရှိသည်ဟု KNLA တပ်ရင်း ၂၀၁ ၏ ဒု တပ်ရင်းမှူး
ကပြောသည်။
“တိုက်ပွဲထပ်ဖြစ်တယ်ဆိုတာ နောက်ဆုံး လေးရက်နေ့က ထပ်ဖြစ်တယ်။ လေးရက်နေ့တုန်းက
တိုက်ပွဲ အခြေအနေက ကျနော်တို့ ကလော်ဝေါ်ဂိတ်ကို လာပြီး ၀င်စီးတယ်။ အဲဒီမှာ
တိုက်ပွဲ အနည်း အကျဉ်းဖြစ်တော့ သူတို့ နှစ်ယောက်သေပြီး၊ သုံးယောက် ဒဏ်ရာရတယ်။”
ဟု ဒု
တပ်ရင်းမှူးက ပြော သည်။
နှစ်ဘက်
တိုက်ပွဲကြောင့် ကျေးရွာသား ၃၀ ခန့် ကျေးရွာစွန့်ပြီး ထိုင်းနယ်မြေ အတွင်းသို့
ဝင်ရောက်ခဲ့သော် လည်း ဒေသခံ ထိုင်းအာဏာပိုင်များက ဒီကေဘီအေ ၀င်တိုက်ခိုက်မည်ကို
စိုးရိမ်ကာ လက်မခံရဲသဖြင့် အခက် အခဲနှင့် ရင်ဆိုင်ကြရသည်ဟု KNU က ပြောသည်။
|