ဒုက္ခသည် စခန်းတွင် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ ပထမဆုံးအကြိမ်ကျင်းပ

နွယ်လေး။
အောက်တိုဘာလ ၆ ရက်၊ ၂၀၀၈ ခုနှစ်။

ထိုင်း-မြန်မာ နယ်စပ် မယ်လဒုက္ခသည် စခန်းတွင် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ကို နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ အဖွဲ့ (AMI) မှ ဦးဆောင်ပြီး ယနေ့အောက်တိုဘာလ (၆) ရက်နေ့တွင်  ပထမဆုံး အကြိမ်အဖြစ် ကျင်းပခဲ့ သည်ဟု မယ်လဒုက္ခသည်စခန်း တာဝန်ရှိသူက ပြောသည်။

စိတ်ကျန်းမာရေး အရေးပါပုံကို ဒုက္ခသည်များ သိရှိနားလည်စေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်ဟု စခန်းကော် မတီ ဒု-ဥက္ကဌ မန်းထွန်းထွန်းက ပြောသည်။

“စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘယ်လောက် အရေးကြီးတဲ့အကြောင်း လူတွေ ပိုနားလည် လာ မယ်။ သူတို့စိတ်ကျန်းမာရေး အရေးကြီးပုံကို သူတို့ ပိုနားလည်မယ်။ စိတ်ကျန်းမာရေးနဲ့ ပတ်သက် တဲ့ လက်တွေ့အကျိုးကျေးဇူးတွေ ရနိုင်မယ်လို့ထင်တယ်။”

လူထုပညာပေးရေး အစီအစဉ်အဖြစ် ယနေ့မှစ၍ လေးရက်တိုင် ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဟု မန်းထွန်း ထွန်းက ဆက်ပြောသည်၊

 “လူထုတွေကို ဖိတ်ခေါ်ပြီး လူထုတွေက ဒီစိတ်ကျန်းမာရေးတွေနဲ့ ပတ်သက်တာ လာလေ့လာမယ်။ လာကြည့်ရှုမယ်။ အဲဒီ သက်ဆိုင်ရာ တာဝန်ရှိတဲ့ လူတွေ ဆေးဆရာ ဆရာမတွေက သူတို့ရဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေ လူထုတွေကို ပြမယ်။ စိတ်ကျန်းမာရေးနဲ့ပတ်သက်လို့ ၀င်ရောက် ဆွေးနွေးမယ်ဆို သူတို့က ဆွေးနွေးပေးမယ်။”

အခမ်းအနားသို့ မယ်လဆေးရုံရှိ အရေးပေါ်လူနာဌာနတွင် Aide Medical International (AMI) မှ တာဝန်ရှိသူ များနှင့် အတူ ဖိတ်ကြားထားသည့် သက်ဆိုင်ရာ အဖွဲ့စည်းများ တက်ရောက်သည်။

( AMI ) သည် ပြင်သစ်အခြေစိုက် နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ အဖွဲ့စည်း တစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံတွင်းရှိ မယ်လ၊ နို့ဖိုး၊ အုန်းဖြန် စသည့် ဒုက္ခသည် စခန်းများတွင် ကျန်းမာရေး  တာဝန်ယူဆောင်ရွက်သည့်  အဖွဲ့စည်း ဖြစ်သည်။
 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။