|
တရားဝင်အလုပ်သမားမှတ်ပုံတင်
အပြီးသတ်ဆောင်ရွက်ရန် ၀န်ကြီးများအစည်းဝေးမှ ဆုံးဖြတ်
သတင်းနှင့် မီဒီယာကွန်ယက်။ ဇော်ကြီး။
နိုဝင်ဘာလ
၆
ရက်၊ ၂၀၀၉
ခုနှစ်။
ထိုင်းနိုင်ငံအတွင်း လာရောက်အလုပ်လုပ်ကိုင်နေကြသည့်
နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများအား တရား
ဝင်
အလုပ်သမားမှတ်ပုံတင် အပြီးသတ်လုပ်ဆောင်ပေးရန် ထိုင်းအစိုးရ၀န်ကြီးများ
အစည်းအဝေးက ဆုံးဖြတ်
လိုက်သည်။
ထိုင်းနိုင်ငံအတွင်း ယာယီ
နေထိုင်ခွင့်လက်မှတ်ကိုင်ဆောင်ထားပြီး အလုပ်သမားမှတ်ပုံတင်ပြုလုပ်ရန် လျှောက်
ထားပြီးသူများအား
ဆုံးဖြတ်ချက်ချသည့်နေ့မှစ၍ ၁၅ ရက်အတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးရန်
အဆိုပါ
အစည်းအဝေးမှ ယခုလ ၃ ရက်နေ့ က ဆုံးဖြတ်ခဲ့သည်ဟု ရောင်ခြည်ဦးအလုပ်သမားအဖွဲ့
တာဝန်ခံ ဦးမိုးဆွေက ယခုလို ပြောသည်။
“ပြီးခဲ့တဲ့
ဇွန်၊ ဂျူလိုင်တုန်းက မှတ်ပုံတင်တဲ့အထဲမှာသူတို့(ထိုင်းအလုပ်သမားရေးဌာန)
မပြီးသေးတဲ့
စာရင်းတွေရှိတယ်။
ထောရောဆမ်ပျက် (နေထိုင်ခွင့်လက်မှတ်)လုပ်ထားတာ လူ ၉၀၀၀ ကျော်၊ အဲတာမပြီးသေးဘူး။
အဲဒီ ၉၀၀၀ ကျော်အတွက်ကို ၁၅ ရက်အတွင်းမှာ
နေထိုင်ခွင့်လက်မှတ်တွေ ပြန်
ပြီးတော့
အပြီးလုပ်ပေးဖို့သူတို့ဆုံးဖြတ်တယ်။”
ထို့အပြင် ကျန်းမာရေးစစ်ဆေးမှု ခံယူရန်စာရင်းသွင်းထားသည့်အထဲမှ ကျန်ရှိသူ
လူတစ်သိန်းနီးပါးအား ရက် ၆၀ အတွင်း အပြီးသတ်စစ်ဆေးမှု ပြုလုပ်ရန်နှင့် အဆိုပါ
စာရင်းများအား အလုပ်သမားရေးဝန်ကြီးဌာနသို့ လာမည့်
ရက်ပေါင်း ၉၀ အတွင်း ပေးသွင်းရန် ယင်းအစည်းဝေးမှဆုံးဖြတ်ခဲ့သည်။
ထိုင်းအလုပ်သမားရေးဝန်ကြီးဌာန၏ စီမံချက်အရ ယခုနှစ် ဇွန်လဆန်းပိုင်းကစ၍ တရားဝင်
အလုပ်သမား
မှတ်ပုံ
တင်များ ပြုလုပ်ပေးခဲ့ရာ ထိုစဉ်ကအလုပ်သမားရေးဝန်ကြီးဌာနသို့
အမည်စာရင်းသွင်းထားသူများနှင့် ကျန်းမာ
ရေး
စစ်ဆေးရန် စာရင်းသွင်းထားသူများ ကိုသာ ပြုလုပ်ပေးခြင်းဖြစ်သည်။
ထို့အပြင် တရားဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား မှီခိုနေသည့် အသက်၁၅ နှစ်
အောက် ကလေးငယ်
များအား တရားဝင်နေထိုင်ခွင့်ရရန် ယာယီမှတ်ပုံတင်လျှောက်ခွင့် ပေးမည်ဟု
ထိုအစည်းဝေးမှဆုံးဖြတ်ကြောင်း
ကိုမိုးဆွေက ဆက်ပြောသည်။
“သူ့အဖေအမေက
လက်မှတ်ရှိတယ်ဆိုရင် ကလေးတွေကိုလည်း မှတ်ပုံတင်ခွင့်ပေးမယ်ပေါ့။ အရင်
တုန်းက
အလုပ်သမားတွေကိုပဲ မှတ်ပုံတင်ခွင့်ပေးတယ်လေ။ မှီခိုတွေ ခလေးတွေကို
မှတ်ပုံတင်ခွင့်မ
ပေးဘူး။ အခုကတော့မှီခိုခလေးတွေကိုပါမှတ်ပုံတင်ခွင့် ပေးမယ့် သဘောပေါ့။”
ထိုင်းနိုင်ငံအတွင်း တရားဝင်မှတ်ပုံတင်ထားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ
အနေနှင့် လာမည့် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလတွင် လက်မှတ်သက်တမ်း ကုန်ဆုံးမည်
ဖြစ်သည်။
ထို့နောက် နိုင်ငံသားစစ်မှန်ကြောင်း စီစစ်၍ ၂ နှစ်သက်တမ်းရှိ
ယာယီနိုင်ငံကူးလက်မှတ် များ ပြုလုပ်ပြီးမှသာ အလုပ်လုပ်ခွင့် လက်မှတ်များကို
ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနမှ ပြန်လည်ထုတ်ပေးမည်ဖြစ်သည်။
၂၀၀၉ ခုနှစ် အောက်တိုဘာလအထိ ထိုင်းနိုင်ငံအတွင်း တရားမ၀င် နိုင်ငံခြားသား
ရွှေ့ပြောင်းအလုပ်သမား နှစ်
သန်းခွဲခန့်ရှိသည့်အနက်
တရားဝင်နိုင်ငံခြားသားအလုပ်သမား တစ်သန်းကျော်ရှိပြီး ၉၀ ရာခိုင်နုန်းခန့်မှာ
မြန်မာ
နိုင်ငံသားများဖြစ်သည်ဟု ထိုင်းအလုပ်သမားရေးဝန်ကြီးဌာန၏
တရားဝင်ထုတ်ပြန်သည့်စာရင်းများကဆိုသည်။
|