|
ကွမ်းခြံကုန်းမြို့နယ်တွင်
လူ နှစ်ထောင်ခန့် သေဆုံး ခန့်မှန်း
ခွန်အောင်မြတ်။
မေလ ၇ ရက်၊
၂၀၀၈ ခုနှစ်။
နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခိုက်မှုကြောင့်
ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်တွင်
လူဦးရေ ၂၀၀၀ ကျော် သေဆုံးပြီး ထောင်နှင့်ချီ၍
ပျောက်ဆုံးနေသည်ဟု ကွမ်းခြံကုန်းမြို့ခံ
များက ခန့်မှန်းသည်။
ပြီးခဲ့သည့်
သောကြာနေ့က
ဝင်ရောက် တိုက်ခတ်ခဲ့သည့် မုန်တိုင်းဒဏ်ကြောင့်
ကွမ်းခြံကုန်းမြို့နယ်ဝန်းကျင်တွင်
ဘုန်းကြီးကျောင်း၊
ဘုရားစေတီနှင့် အိမ်များ ခေါင်မိုးလှန်၊ ပြိုကျပျက်စီးပြီး
ကျေးရွာအချို့သည် ရေနစ်မြုပ်မှု
ကြောင့်
လူ၊ ကျွဲ၊
နွား၊ တိရစ္ဆာန်များ
အသေအပျောက်များပြီး ၉၀%
ရာခိုင်နှုန်းခန့်
ပျက်စီးဆုံးရှုံးမှုရှိသည်ဟု
ကွမ်းခြံကုန်းမြို့
ခံတဦးက ပြောသည်။
“ကျနော်တို့
လောလောဆယ် ခန့်မှန်းလို့
ရတာကတော့ ဘယ်လောက်လောက်ရှိမလဲ ဆိုတော့ (၂၀၀၀) ကျော်လောက် ရှိတယ်။
ကွမ်းခြံကုန်းမြို့နယ်ပေါ့နော်
အပိုင်အကုန်လုံးကိုပေါ့။ ဘယ်လိုလုပ် စာရင်း
ကောက်လို့ရလဲ ဆိုတော့ ကျနော်တို့
ကျေးရွာတွေရဲ့ အနေအထားတွေကို လိုက်ပြီးတော့
စုံစမ်းရတာပေါ့။ စုံစမ်းလို့
ရတာရယ်၊ နောက်ပြီးတော့
ကျနော်တို့ အခု ဒီ ပင်လယ်ထဲမျောနေတဲ့ဟာ
တွေရှိတယ်၊ မြစ်ထဲမျောနေတဲ့ ဟာတွေ
ရှိတယ်ပေါ့နော်။ အဲဒါတွေကို ကြက်ခြေနီကနေပြီးတော့
လိုက်ပြီး ဆယ်နေတာတွေရှိတယ်။
အဲဒီ မှန်းခြေကို (၂၀၀၀)ကျော်ကျော်လောက်ကိုရှိမယ်၊
လောလော ဆယ် မှာတော့။
နောက်ပိုင်း ဘယ်လောက် ဖြစ်အုံးမယ် ဆိုတာ မပြောနိုင်သေးဘူး။”
ကွမ်းခြံကုန်းမြို့တွင်
စံပြရပ်ကွက်အပါအ၀င် နှစ်ရပ်ကွက် မုန်တိုင်းဒဏ်
အဆိုးဆုံးခံခဲ့ရပြီး
ကျေးရွာအုပ်စု ငါးဆယ် ကျော် ရှိသည့်အနက် ဂျင်းတော၊
အင်းကလုံး၊ ညောင်ဦး၊
ထန်းတောရပ်ကွက်၊ အလယ်ရွာ၊
ဝါးကောက်တော၊ လယ်တန်း၊ ဘန်းဂလိ
စသည့် ကျေးရွာများသည် အသေအပျောက် အများဆုံး ဖြစ်ပွားခဲ့သည်။
ပျက်စီးသွားသည့် အဆောက်အဦများနှင့် သေဆုံးသူများ၏
အလောင်းကို ကွမ်းခြံကုန်း ကြက်ခြေနီအသင်း
ရှင်းလင်းနေပြီး စစ်သားများက လဲကျနေသည့် သစ်ပင်များကို
ခုတ်ထွင်၍ လမ်းများကို ရှင်းလင်းပေးသကဲ့သို့
လေဘေးဒုက္ခသည် တအိမ်ထောင်လျှင်
ဆန်တပြည်ပေးဝေနေသည်ဟု ၄င်းက ဆက်လက် ပြောသည်။
“အခု
ပြည်သူလူထုတွေကတော့ အကုန်ဒုက္ခရောက်နေကြတယ်ဗျာ။
စားမှု၊
သောက်မှုတွေ
ပေါ့နော်၊
ဆေးဝါးတို့ လိုအပ်တယ်။ နေထိုင်၊
အစစ အရာရာ အကုန်လုံးလိုအပ်တယ်။ လောလောဆယ် မ၀ရေ
စာကို စားရေကြရတယ်လေ။
ပထမရက်က လေမုန်တိုင်းဒဏ်နဲ့
ဆန်တွေ ရေစိုထားတယ်။ အဲဒါတွေ
ကို နေပြန်လှန်းပြီး စားနေကြရတော့
ဝမ်းရောဂါ ဖြစ်မှာကို ကျနော်တို့ အရမ်းစိုးရိမ်တယ်။
ဝမ်းရောဂါ ဖြစ်မှာကို စိုးရိမ်တယ် ကျနော်တို့က။
နေလှန်းပြီးတော့ ချက်စားရတဲ့အခါကျတော့ အချဉ်ပေါက်
နေတာ။ အဲဒါတွေက ၀မ်းပျက်
ဝမ်းလျောဖြစ်မှာ စိုးရိမ်ရတယ်။ သူတို့အခု
ဝေငှတဲ့ဆန်နဲ့က ကျနော် တို့
မလောက်ဘူး။ လူတွေက အများကြီး
လူအင်အားက၊ ဒုက္ခရောက်နေတဲ့
လူအင်အားက။ ”
ဆိုင်ကလုန်းမုန်တိုင်း တိုက်ခိုက်မှုကြောင့်
လူ ၂၂၄၆၄ ဦး သေဆုံးပြီး၊ ၄၁၀၀၀
ပျောက်ဆုံးနေသည်ဟု မြန်မာစစ် အစိုးရပိုင် အသံလွှင့်ဌာနက
ကြေညာခဲ့သော်လည်း
ကမ္ဘာ့ကုလသမဂ္ဂက
သေဆုံးသူ ဦးရေမှာ ၆၀၀၀၀ ကျော်အ
ထိ တက်လာနိုင်သည်ဟု ဖော်ပြသည်။
မုန်တိုင်းဒဏ်သင့်သည့်
လေဘေးဒုက္ခသည်များကို နိုင်ငံတကာမှ အကူအညီပေးရန်
ပြင်ဆင်ထားသော်လည်း ယခုချိန်ထိ လေဘေးဒုက္ခသည်များထံ
ထိရောက်သည့် ကူညီ ထောက်ပံ့မှုများ
မရရှိသေးဟု လေဘေးသင့်သူများ က ပြောသည်။
|