|
ဂျူလိုင် ၇ ရက် အထိမ်းအမှတ် ဓါတ်ပုံပြပွဲကျင်းပ
ခွန်အောင်မြတ်။
ဇူလိုင်လ ၇ ရက်၊ ၂၀၀၈ ခုနှစ်။
စစ်အာဏာရှင်စနစ်ကို
ပထမဆုံး ဆန့်ကျင်ခဲ့သည့် ဆဲဗဲင်းဂျူလိုင် ကျောင်းသား လှုပ်ရှားမှုကို နောက်လာ
နောက် သားများ အမှတ်ရနိုင်ရန်အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်
ဓာတ်ပုံပြပွဲ ကျင်းပသည်။
ဆဲဗဲင်းဂျူလိုင်အဖြစ်အပျက်သည် ၄၆ နှစ် ကြာမြှင့်သော်လည်း ကျောင်းသားထုအတွင်း
မမေ့အပ်သည့် နေ့တ နေ့ဖြစ်သည့်အတွက် မျိုးဆက်သစ်ကျောင်းသားများ အမှတ်ရစေ
နိုင်ရန် ကျင်းပရခြင်းဖြစ်သည်ဟု ပြည်ပရောက် အမျိုးသားကျောင်းသားအဖွဲ့
(မြန်မာပြည်)၏ ခေါင်းဆောင် ၀ီလျံချစ်စိန်က ပြောသည်။
“ဓာတ်ပုံပြပွဲနဲ့
သူတို့အထိမ်းအမှတ်ပေါ့နော်။ ဆဲဗဲင်းဂျူလိုင်အကြောင်း ဘယ်လိုဖြစ်လာရတယ်။
ကျောင်းသားနဲ့ စစ်အစိုးရနဲ့ ပထမဦးဆုံး ဆဲဗဲင်းဂျူလိုင်က စဖြစ်တာကိုး။
ဆိုတော့ဗမာပြည်က ဦး နေ၀င်းလက်ထက်က စစ်အစိုးရကတည်းက ဆဲဗဲင်းဂျူလိုင်ကစပြီး
ကျောင်းသားနဲ့ ဒီစစ်အစိုးရနဲ့က မ တည့်ကြတော့ဘူး အဲဒီကတည်းကနေပြီးတော့။ ယနေ့
အထိကို မတည့်ကြတော့ဘူး။ ယနေ့အထိ မ တည့်ကြတဲ့အတွက်ကြောင့် ဒါကတော့ သူတို့က
ကျောင်းသား ယူနီယံကို ဗုံးခွဲတယ်၊ ဘာလုပ်တယ်၊ ညာလုပ်တယ်ပေါ့ဗျာ။
အဲဒါမျိုးပေါ့နော်။ ဆိုတော့က ဒီဥစ္စာကို နောင်လာနောက်သားတွေအတွက်
အထိမ်းအမှတ်အနေနဲ့ ဒါတွေဟာ မပျောက်ပျက်သွားအောင်လို့ ကျနော်တို့ ကျောင်းသားရဲ့
ရာဇ၀င် ကို ကျနော်တို့က ပြန်ပြီးတော့ ခင်းပြရတဲ့ပုံစံပေါ့။ အဲဒီအတွက်ကြောင့်
ကျနော်တို့ လုပ်ပေးတယ်။ နှစ်စဉ် နှစ်တိုင်းလုပ်ပါတယ်။”
၁၉၆၂ ခုနှစ်၊ မတ်လတွင်
ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်သော တော်လှန်ရေးကောင်စီက အာဏာသိမ်းပြီးနောက်
ဂျူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများက ကျောင်းသား
အခွင့်အရေး ရရှိ ရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ရာမှ စစ်အစိုးက
အကြမ်းဖက်ဖြိုခွဲနှိမ်နင်းသဖြင့် ကျောင်းသားအများအပြား သေ ဆုံး ဒဏ်ရာရှိခဲ့သည်။
ယင်းသို့ ဖြစ်ပျက်ပြီး နောက်တရက်မနက်တွင် သမိုင်းဝင်ကျောင်းသား သမဂ္ဂ အဆောက်
အဦကို စစ်အစိုးရက ဖောက်ခွဲဖျက်ဆီးခဲ့သည်။
ပြည်ပရောက်
အမျိုးသားကျောင်းသားအဖွဲ့က ဦးဆောင်ပြီး ဘန်ကောက် နိုင်ငံခြား
သတင်းထောက်ကလပ်တွင် ကျင်းပသည့် ဆဲဗဲင်းဂျူလိုင် အထိမ်းအမှတ်အခမ်းအနားတွင် ၁၉၆၂
ခုနှစ်တွင် စစ်အာဏာရှင် ဖြိုခွဲဖျက်ဆီး ခဲ့သည့် ကျောင်းသားသမဂ္ဂ အဆောက်အဦ
မှတ်တမ်းဓာတ်ပုံများ၊ ရန်ကုန်သက္ကသိုလ် ဓာတ်ပုံများ၊ ဆန္ဒပြ တောင်းဆိုကြသည့်
ကျောင်းသား ကျောင်းသူသားများ၏ မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသထားသည်။
“အခု မျိုးဆက်သစ်တွေက
ကျောင်းသားနဲ့ စစ်အစိုးရနဲ့ ဘယ်တုန်းက စပြီးတော့ သွေးကွဲလာတာလဲ၊ ကျနော်တို့
ပြန်ဖြန့်တယ်။ ပြန်ဖြန့်ပြတဲ့အချိန်မှာ ယနေ့
ပြည်တွင်းပြည်ပကျောင်းသားတွေပေါ့နော် ကျနော် သတင်းပါးချင်တာကတော့ ပြည်တွင်း
ကရော ပြည်ပကရော နွေးနွေးထွေးထွေးနဲ့ စည်းစည်း ရုံးရုံး ရှိနေပါသေးဆိုတဲ့ဟာကို
သူတို့ကို စစ်အစိုးရကို သိစေချင်တယ်။ ပြည်တွင်းက ကျောင်းသား တွေကိုလည်း
အဲလိုပဲ စည်းစည်းရုံးရုံး ရှိစေချင်တယ်။ ကျောင်းသားသမဂ္ဂကို ပြန်လည် ထူထောင်
နိုင်ရအောင် ကျောင်းသားတွေက ပြန်လည်ကျိုးစားနေပါတယ်ဆိုတဲ့ဟာကို အားလုံးကို
အသိပေးချင်ပါ တယ်။ ”
၇ ရက် ဂျူလိုင်
လူသတ်မှုကြီးကို ကျူးလွန်ခဲ့သည် တာဝန်ရှိ စစ်အစိုးရခေါင်းဆောင်များကို
နိုင်ငံတကာ ပြစ်မှု ဆိုင်ရာ တရားရုံးတွင် အရေးယူ နိုင်ရေးအတွက်
ဝိုင်းဝန်းကျိုးပမ်းကြရန် မြန်မာနိုင်ငံရှေ့နေများကောင်စီက ပန် ကြားစာ
ထုတ်ပြန်ခဲ့သည်။
နှစ်စဉ်နှစ်တိုင်း
ဆဲဗဲင်းဂျူလိုင်နေ့တွင် ပြည်ပရောက်ကျောင်းသားအဖွဲ့အစည်းများ၊ အတိုက်အခံ
အဖွဲ့အစည်း များ ကြေညာချက်များထုတ်ပြန်ပြီး အခမ်းအနား ကျင်းပကြသည်။
|