|
တရားမ၀င် မြန်မာ ၄၀ ခန့်
တင်ဆောင်သည့်ကား တိမ်းမှောက်
သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
ဇူလိုင်လ ၇ ရက်၊ ၂၀၁၀ ခုနှစ်။
မြန်မာနိုင်ငံ
ဘုရားသုံးဆူမှတဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်လာသော မြန်မာ
အလုပ်သမား ၄၀ ခန့်တင်ဆောင်လာသည့် ကားတစ်စင်း ယမန်နေ့ညက တိမ်းမှောက်သဖြင့် လူ
၉ဦး ပြင်းထန်စွာ ဒဏ်ရရှိခဲ့ သည်။
ယမန်နေ့ည ၁၂ နာရီ
အချိန်ခန့်တွင် ဘုရားသုံးဆူမြို့မှ ထိုင်းနယ်စပ်ဂိတ်အား
ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ဆောင် ကလီရယ်လမ်းပေါ်တွင် တိမ်းမှောက်ခဲ့သည်ဟု
စံခလဘူရီ မြို့ခံတစ်ဦးက ယခုလိုပြောသည်။
“သူတို့က
ဂိတ်ကိုလမ်းလျှောက်ပြီး ကျော်ကြတာကိုး။ ဒီဂိတ်လွန်မှ ကားလာစီးတာ။ နောက်ပြီးတော့
သူက အဲဒီမှာ တံတားရှိတယ်ဗျ။ အဲဒီတံတားမှာ အကွေ့ဖြစ်တယ်လေ သူက။ အကွေ့လေးဖြစ်နေ
တော့ အဲဒီအကွေ့မှာ တအားမောင်းပြီးမှသွားတော့ လမ်းဘေး ချော်ကျသွားတာပေါ့။”
ကားပေါ်လိုက်ပါလာသူ ၃၈ ဦးအနက်
၂၉ ဦးမှာ ဒဏ်ရာအနည်းငယ်သာရပြီး ဒဏ်ရာ ပြင်းထန် သူ ၉ ဦးမှာ စံခ လဘူရီဆေးရုံ၌
ဆေးကုသမှုခံယူနေရသည်ဟု ၎င်းကဆက်ပြောသည်။
“သေတာတော့ မရှိဘူး။
ဒဏ်ရာရတဲ့သူက ၉ ယောက်ရှိတယ်။ စံခဘူရီ ဆေးရုံမှာက ၈ ယောက်တင် ထားရတယ်။ တစ်ယောက်က
ဒဏ်ရာပြင်းတယ်ဗျ။ ကန်ချနဘူရီဆေးရုံကို ပို့လိုက် ရတယ်။ ဦးနှောက်
ထိခိုက်သွားတယ် ပြောတယ်။”
ယဉ်မောင်းသူမှာ
ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး ဒဏ်ရာအနည်းငယ်သာရသည့် အမျိုးသား ၂၀ ဦးနှင့် အ
မျိုးသမီး ၉ ဦးတို့အား ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့က ယနေ့ ညနေ ၄ နာရီ
အချိန်ခန့်က မြန်မာနိုင်ငံ ဖက်ခြမ်း ဘုရားသုံးဆူ အာဏာပိုင်ထံ
ပြန်လည်ပို့ဆောင်လိုက်သည်။
ထိုင်းအစိုးရမှ
လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေများကို တင်းကျပ်စွာ ထုတ်ပြန်ထားပြီး တရားမ၀င်
နိုင်ငံခြား သားအလုပ်သမား ဖမ်းဆီးရေး စီမံချက်ကို အကောင်အထည်ဖော် နေသည့်အတွက်
ယခုလို ကားတိမ်းမှောက် မှုများ မကြာခနဖြစ်ပေါ် နေရသည်ဟု လူထု အခြေပြု
လူ့အခွင့်အရေးပညာပေးဌာနမှ လက်ထောက်ဒါရိုက်တာ မပိုပိုက ပြောသည်။
“သူတို့က ခက်ခက်ခဲခဲနဲ့
ဒီနိုင်ငံထဲကို ၀င်လာတယ်။ အဲဒီအချိန်မှာ တရားမ၀င်တဲ့ အတွက် သူတို့က
နည်းလမ်းအမျိုးမျိုးသုံးပြီး ၀င်လာတဲ့အခါမှာ ဒီလိုကားမှောက်တာတို့ အသက်
ဆုံးရှုံးမှုတွေ မကြာခန ဖြစ်ရတာကိုတွေ့ရတယ်။”
လွန်ခဲ့သည့် မေလတတိယပတ်ကလည်း
ထိုင်းမြန်မာနယ်စပ် ရနောာင်းမြို့သို့ တရားမ၀င် ၀င်ရောက် လာသော မြန်မာအလုပ်သမား
၂၈ ဦးလိုက်ပါလာသည့် ကားတိမ်းမှောက်ရာမှ ၉ ဦး သေဆုံးခဲ့ပြီး ၁၀ဦး ကျော် ဒဏ်ရာ
ရခဲ့သည်။
|