|
မြန်မာနိုင်ငံရှိ
တိုင်းရင်းသားဒေသများ၌ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ပိုများ
သတင်းနှင့်မီဒီယာ ကွန်ယက်။ အားမီ။
ဇူလိုင်လ ၇ ရက်၊ ၂၀၁၀ ခုနှစ်။
မြန်မာနိုင်ငံအတွင်းရှိ
တိုင်းရင်းသားဒေသများသည် အခြားဒေသများထက် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု
ပိုများ သည်ဟု ပြည်ပရောက်လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။
ပြည်ပအခြေစိုက်လူ့အခွင့်အရေးအဖွဲ့အစည်းများမှ
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီထံသို့ ယခုလ ၅ ရက်နေ့ စွဲဖြင့်တင်သွင်းသည့်
အစီရင်ခံစာ၌ ယခုလိုတင်သွင်းခဲ့ခြင်းဖြစ်သည်ဟု လူ့အခွင့်အရေး ပညာပေးရေးဌာန (မြန်
မာနိုင်ငံ)၏ ဒါရိုက်တာ ဦးအောင်မျိုးမင်း က ယခုလိုပြောသည်။
“အဓိကပိုခံရတာကတော့
တိုင်းရင်းသားဒေသတွေမှာကပိုခံရတာ။ အထူးသဖြင့် ဒီပြည်တွင်းစစ် ဖြစ်
နေတဲ့ဒေသတွင်းမှာရှိတဲ့ ဒီကရင်၊ ရှမ်း၊ ကရင်နီစတဲ့ဒေသတွင်းမှာ ပိုပိုပြီးတော့
ဆိုးဆိုးဝါးဝါး ဖြစ်နေ တာတွေ့ရတယ်။ ဒါပေမယ့် တခြားတဖက်မှာဖြစ်နေတဲ့
ချင်းတို့လို ဘာသာရေးလူနဲစုဖြစ်တဲ့ ဒေသ တွေမှာဆိုရင် ဒီဘာသာရေးပေါ်မှာ
ဖိနှိပ်တဲ့ အကြောင်းအရာတွေရှိတယ်။ နောက်တခါမှာ အခုလော လောဆယ် တချို့ဒေသတွေမှာ
အငတ်ဘေးပြဿနာတွေဆိုးဆိုးဝါးဝါး သဘာဝဘေးဒဏ်ကြောင့် အ ငတ်ဘေးပြဿနာ
ဖြစ်နေတာဖြစ်နေတဲ့အချိန်မှာ ဒါကို လုံလောက်တဲ့ ကူညီစောင့်ရှောက်မှု မပေးပဲနဲ့
လူသားချင်း စာနာမှုအကူအညီတွေကိုပါ အနှောက်အယှက်ပေးနေတာ။”
လက်နက်ကိုင်ပဋိပက္ခနယ်မြေ
အတွင်းတွင် နေထိုင်ကြသော ကလေးများနှင့် အမျိုးသမီးများ၏ ဘဝအခြေအနေ များ၊
အကြမ်းဖက်မှုများ၊ ကလေးစစ်သားအသုံးပြုမှုများကိုပါ တင်ပြထားသည်။
ယင်းအစီရင်ခံစာတွင်
နိုင်ငံရေးအကျဉ်းသားဖမ်းဆီးမှုနှင့်ပတ်သက်၍ ယခင်နှစ်များထက် ပိုမိုတိကျစွာ
တင်ပြထား သည်ဟု ၎င်းကယခုလိုဆက်ပြောသည်။
“နောက်ထပ်တခုက
အရင်ကထက်အခုမှပိုပြီးတော့ တိတိကျကျခိုင်ခိုင်လုံလုံ ဖြစ်လာတဲ့ အချက်တွေ ကတော့
နိုင်ငံရေးအကျဉ်းသားကိစ္စတွေ၊ ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ နိုင်ငံရေး
အကျဉ်းသားတွေ ထပ်မံ ဖမ်းဆီးမှု၊ ဒီရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်းမှာ
နိုင်ငံရေးအကျဉ်းသားမှု၊ ဖမ်းဆီးမှုတွေ ဖြစ်တဲ့ အ ကြောင်းအရာတွေ
ပိုပြီးမှထည့်လာတယ်။ နောက်တခုက ကျနော်တို့မီးမောင်းထိုးထားတဲ့ ဒီထဲမှာပါတဲ့
အချက်ကတော့ တရားဥပဒေအတိုင်း မဟုတ်ပဲနဲ့ တရားဥပဒေကို မတရားအသုံးချ ပြီးတော့ ဥပဒေ
ရေးရာအတိုင်းမဟုတ်ပဲနဲ့ စီရင်တဲ့အမှုတွေ၊ တကယ်တမ်းပြစ်မှုထင်ရှားရဲ့သားနဲ့
အရေးယူမှု မရှိပဲနဲ့ လွတ်မြောက်နေတဲ့ အမှုကိစ္စတွေ ဒါတွေကို
ဒီနှစ်ထဲမှာပိုပြီးမှထည့်လာတယ်။”
အစီရင်ခံစာကို ကုလသမဂ္ဂသို့
တင်ပြရခြင်း၏ အကြောင်းရင်းနှင့်ပတ်သက်၍လည်း ဦးအောင်မျိုးမင်း က ယခုလို
ဆက်ပြောသည်။
“ပြောင်းလဲမှုတွေကတော့
နေ့ချင်းညချင်း ပြုပြင်ပြောင်းလဲမှုကြီးကပေါ်လာမှာမဟုတ်ဘူး။ ဒါပေမယ့်
ဒီလိုမျိုးမတင်တာထက်စာရင် တင်ပြခြင်းအားဖြင့် လူ့အခွင့်အရေးချိုးဖောက်တာတွေ
ဆက်လက် ချိုး ဖောက်တယ်ဆိုတာကို လူ့အခွင့်အရေးကောင်စီကပိုသိမယ်။
မြန်မာနိုင်ငံမှာ ဒီလိုမျိုး လူ့အခွင့် အရေး ချိုးဖောက်မှုရှိလာခြင်းက
သူတို့ရဲ့လုပ်ဆောင်ခြင်းက ဒီထက်ပိုမိုတိုးတက်အောင် လုပ်ဆောင်ဖို့ လိုအပ်
တယ်ဆိုတဲ့ အသိတရားတွေရလာမယ်။ ဒီမှာဆွေးနွေးတဲ့အချက်တွေက မြန်မာပြည်ကို
နေ့ချင်းညချင်း ပြောင်းနိုင်မှာမဟုတ်ဘူး ဆိုတာကသေချာတယ်။
နောက်ထပ်ကျနော်တို့ပြောနေတဲ့ လူ့အခွင့်အရေး ကောင်စီက တဆင့်
ကုလသမဂ္ဂလုံခြုံရေးကောင်စီ အထိတိုင်အောင် မြန်မာနိုင်ငံအရေးကို ဆက်လက် ပြီးမှ
ဆောင်ရွက်သွားဖို့ အတွက်ကတော့ ဒီလိုအချက်တွေ ဒီလိုအစီရင်ခံစာတွေ တင်ပြမှုတွေက
မရှိ မဖြစ်လိုအပ်တယ်။”
ယခု အစီရင်ခံစာအား
လူ့အခွင့်အရေးပညာပေးဌာန မြန်မာနိုင်ငံ (HREIB)က ဦးဆောင်၍ နိုင်ငံရေး အကျဉ်း
သားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၊ မြန်မာနိုင်ငံရှေ့နေများ ကောင်စီ(BLC)
အပါအဝင် မြန်မာ့လူ့ အခွင့်အရေးအဖွဲ့ (၁၃) ဖွဲ့တို့မှ စုပေါင်း၍
တင်သွင်းခဲ့ခြင်းဖြစ်သည်။
မြန်မာစစ်အစိုးရ၏
လူ့အခွင့်အရေးအစီရင်ခံစာများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ မရှိကြောင်း၊
မိမိတို့၏ နိုင်ငံသည် ဒီမိုကရေစီ လမ်းကြောင်းပေါ်ချီတက်နေကြောင်း၊ ထို့ကြောင့်
မြန်မာနိုင်ငံအား ဝေဖန်ပြောဆိုမှု များမလုပ်ရန် အစီရင်ခံထားသော်လည်း
ယင်းကိစ္စမှန်ကန်မှုမရှိကြောင်း ပြည်ပရောက် အဖွဲ့အစည်းများက ကုလ သမဂ္ဂ
သို့တင်ပြခဲ့သည်။
|