|
သက်သေခံပစ္စည်းမပါသော မှောင်ခိုများ ရဲမှ အရေးယူရန်အခက်ကြုံ
သတင်းနှင့် မီဒီယာကွန်ယက်။
သြဂုတ်လ ၇ရက်၊၂၀၀၇ ခုနှစ်။
စစ်တပ်မှအပ်နှံသော မှောင်ခိုသမားများ သက်သေခံပစ္စည်းမရှိသဖြင့် ကချင်ပြည်နယ်
မံစီရဲစခန်းက အရေးမယူ နိုင်ဘဲ ဖြစ်နေသည်။
ကချင်ပြည်နယ်၊ မံစီမြို့အခြေစိုက် ခမရ (၃၁၉) တပ်ရင်းသည် တရုတ်နိုင်ငံဘက်မှ
မှောင်ခိုသွင်းလာသည့် ဆိုင် ကယ်များနှင့် လူသုံးကုန်ပစ္စည်းများကို
အခုလ(၃)ရက်နေ့က ဖမ်းဆီးလိုက်ပြီး လူ(၁၁)ဦးအား ရဲစခန်းတွင် ပို့ ဆောင်
ချုပ်ထားခဲ့သဖြင့် တရားခံများအား ဆက်လက်အရေးယူဆောင်ရွက်ရန် ရဲစခန်းအနေဖြင့်
အခက်တွေ့ နေခြင်းဖြစ်သည်ဟု ရဲစခန်းနှင့် နီးစပ်သူ ဒေသခံတဦးကပြောသည်။
“(၃)ရက်နေ့ ညကလို့ ပြောတယ်။ ခမရ(၃၁၉)လမ်းဆုံမှာ။ လမ်းဆုံဆိုတာက
ဗန်းမော်-နမ်းခမ်း သွားတဲ့လမ်းနဲ့ မန္တလေးကလာတဲ့လမ်း ဆုံတဲ့နေရာရှိတယ်။
ခမရ(၃၁၉)ရှေ့မှာ။ လွတ်တဲ့လူက လွတ်၊ ဖမ်းခံရတဲ့သူကဖမ်းခံရ၊ တကယ်တမ်းလုပ်စားတာက
ထောင်ချီပြီးမှ လုပ်စားတာ။ အခုက ဒီဆယ့်တစ် ယောက်က စတေးခံရတဲ့ သဘောပေါ့။ သူတို့က
မြန်မာပြည် ရွှေဘို၊ မန္တလေးဘက်ကတွေ၊ ဒေသစုံ ပေါ့။ ဥပဒေလည်း နားမလည်တဲ့ခါကျတော့
အဲဒီ ဆိုင်ကယ်ဟာ သူတို့များ ရမယ်ထင်သလား မသိ ဘူး၊ ဆိုင်ကယ်ကိုတော့ ယူထားတယ်၊
လူကိုတော့ ထမင်းကျွေး ရမှာစိုးတော့ ရဲစခန်းသွားပို့ထား တယ်။
သက်သေခံပစ္စည်းကောအပ်၊ တရားရုံးကို ပြန်အပ်ရမှာကို ဒီပစ္စည်းတွေက။ အခုထိ ယူထား
တုန်းပဲ။”
ဒုအရာခံဗိုလ် မြဆောင် ဦးစီးသည့်အဖွဲ့က ဖမ်းဆီးခဲ့သည့် ဆိုင်ကယ်သမား(၁၁)ဦးအား
ရဲစခန်းတွင် လာရောက် အပ်နှံသွားခဲ့ခြင်းဖြစ်သည် ဟု အဆိုပါ ဒေသခံက ပြောသည်။
မူဆယ်မြို့တဖက်ကမ်း၊ တရုတ်ပြည် ကျယ်ဂေါင်မြို့တွင် မြန်မာကျပ်ငွေ သုံးသိန်းခွဲ၊
လေးသိန်း ၀န်းကျင် ဈေး ပေါက်သည့် တရုတ်ဆိုင်ကယ်များအား မြန်မာပြည်သားများ
လာရောက်ဝယ်ယူကာ မှောင်ခိုတင်သွင်း ရောင်းချ နေကြသည်မှာ နေ့စဉ်
ရာနှင့်ချီရှိသည်ဟု ကျယ်ဂေါင်ဒေသခံများက ပြောသည်။
ဆိုင်ကယ်ရောင်းဝယ်သည့် ဈေးကွက်အခြေအနေကို မံစီဒေသခံက အခုလို ပြောသည်။
“ရွှေဘိုတို့၊ မတ္တရာတို့ မြန်မာပြည်အလယ်ပိုင်းမှာ သွားရောင်းကြတာ။ ဆိုင်ကယ်တော့
အစုံပဲလေ။ များသောအားဖြင့် (တံဆိပ်)ဂျာလင်း ပါတယ်။ ကင်ဘိုပါတယ်။ အစုံပါပဲ။
အမျိုးအစားစုံပဲ။ ဟိုရောက် ရင်လည်း ဘယ်လောက်မှ မြတ်တာမဟုတ်ဘူး။ တစင်းမှ
နှစ်သောင်း၊ သုံးလောက်လောက် မြတ်တာ၊ အလွန်ဆုံး။ တခါတလေ လမ်းမှာ ပေးကြေးများရင်
တစ်သောင်းကျော်လောက် မြတ်တာ။”
အမြတ်အစွန်းနည်းပါးသည့်အတွက် ဆိုင်ကယ်ချည်းသက်သက် သယ်ဆောင်ခြင်းမဟုတ်ဘဲ
ဟင်းချိုမှုန့်၊ ဗွီစီဒီ ပြစက်၊ အ၀တ်အထည်၊ စောင် စသည်များကိုလည်း
ပြန်လည်ရောင်းရန် တပိုင်တနိုင် သယ်ယူနေကြရသည်ဟု ဆိုင်ကယ် ကယ်ရီသမားများက
ပြောသည်။
မံစီရဲစခန်းအား ဖုန်းဆက်သွယ်သော်လည်း ပြန်လည်ဖြေဆိုခြင်းမရှိခဲ့ပါ။
|