မြေမြုပ်မိုင်းများကောင့် ရွာသားများ လယ်ယာလုပ်ကိုင်ရန်ခက်ခဲနေ

အောင်မိုးမြင့်
သဂုတ်လ ၇ ရက် ၂၀၀၇ ခုနှစ်

လွိုင်ကော်မိုနယ် လွိုင်လင်လေးကျေးရွာအုပ်စု နန်မဟူးကျေးရွာအနီးပတ်ဝန်းကျင်တွင် မြေမြုပ်မိုင်းများ ထောင် ထားမှုကောင့် ဒေသခံ ရွာသူရွာသားများ လယ်ယာလုပ်ကိုင်ရန် အခက်အခဲရှိနေကောင်း ဒေသခံတစ်ဦးက ပြော သည်

ပီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်ခန်မှ စတင် လွိုင်ကော်မိုနယ် လွိုင်လင်လေးကျေးရွာ တပ်စခန်းရှိ ခမရ ၅၃၀ တပ်ရင်းမှ   နန်မဟူး ကျေးရွာ အနောက်မြောက်ဘက် နှစ်မိုင်ခန်ရှိ ရေထွက်ပေါက်များအနီးတ၀ိုက်တွင်  တိုက် မိုင်း နှင်းမိုင်း များကို စွန်လွတ်မိုင်းများအဖြစ် ထောင်ထားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်
(စွန်
တ်မိုင်းဆိုသည်မှာ သက်တမ်းကုန်ဆုံးခြင်းမရှိပဲ အစဉ်အနရာယ်ရှိသော မိုင်းများကို ခေါ်သည်
)

“အဲ့လိုမျိုး ထောင်ထားတဲ့အခါကျတော့ ရွာသူရွာသားတွေက တောင်ယာသွားလုပ်ဖို လယ်လုပ်ဖိုဆို တာ ကတဲ့ သူတိုအတွက် အခက်အခဲတအားဖြစ်တယ်တဲ့ မသွားရဲဘူးတဲ့ သွားလိုရှိရင် အဲ့မှာ ကျွဲနွား တွေ အရင်ဆုံးလတ် လိုက်တဲ့အချိန်မှာ ကျွဲနဲ နွား အဲ့ဒီမိုင်းနှင်းမိပီး သေသွားတယ်တဲ့ မိုင်းအဲ့ဒီ ထောင်ထားတဲ့မိုင်းနင်းမိပီးသေသွားတယ်တဲ့ ကျွဲနဲနွား ၁၅ ကောင်က။”

ရွာသူရွာသားများက ထောင်ထားသောမိုင်းများကို ဖြုတ်ပေးရန်တောင်းဆိုသော်လည်း နအဖ စစ်တပ်က ငြင်းဆို ကာင်း အခုလိုဆက်ပြောသည် 

ခမရ ၅၃၀ ထောင်ထားတဲ့ အဲ့ဒီမိုင်းတွေကိုတဲ့ ဒေသခံ တောင်သူလယ်သမားတွေက သွားပီးတော့ ပြန်ဖြုတ်ဖို ပြောတယ်တဲ့ ပြောတော့ အဲ့ဒါကိုသူတိုက တင်ပြတာပေါ့နော် မိုင်းတင်ပြတယ် အဲ့ဒီဖြုတ် ဖို တင်ပြတယ် သူတိုက လက်မခံဘူးတဲ့ခုချိန်ထိ ဖြုတ်မပေးဘူးတဲ့ မဖြုတ်ပေးတော့ ခုချိန်ထိ ရွာသူ ရွာသားတွေက လယ်လုပ်ဖို အတွက် ပြနာ အများကီးဖြစ်နေတယ်။”

တိုင်းရင်းသား လက်နက်ကိုင်အဖွဲအစည်းများ ဖြတ်သန်းသွားလာချိန်တွင် ရေချောင်းအနီး တ၀ိုက်တွင် ချက်ပြုတ် စားသောက်လေ့ ရှိကခြင်းကောင့် ရေထွက်ပေါက်များ အနီးတ၀ိုက်တွင် မြေမြုပ်မိုင်းများ ထောင်ထားခြင်းဖြစ် သည်ဟု ၄င်းက ဆက်လက်ပြောသည်

ကယားပြည်နယ်အတွင်း နအဖ စစ်တပ် မြေမြုပ်မိုင်းထောင်မှုကောင့် ၂၀၀၇ ခုနှစ် မတ်လမှ မေလအတွင်း ရှားတောမိုနယ်တွင် သေဆုံးသူ အမျိုးသား ၄ ဦး ရှိပီး ဒီမောဆိုမိုနယ်တွင် သေဆုံးသူ အမျိုးသမီး တစ်ဦး ရှိခဲ့ သည်

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။