|
တပ်တွင်းလစာတိုးမြှင့်ပေးမည့် သတင်းထွက်ပေါ်
သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
အောက်တိုဘာလ ၇ ရက်၊ ၂၀၁၀ ခုနှစ်။
ကချင်ပြည်နယ်အတွင်းရှိ
စစ်အစိုးရတပ်သားများအား လာမည့်လမှစ၍ လစာများ တိုးမြှင့်ပေးမည်ဟု စစ်တပ်အ သိုင်း
အ၀ိုင်းကပြောသည်။
နမ္မတီးမြို့အခြေစိုက်
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၃) လက်အောက်ခံ တပ်ဖွဲ့ဝင်များအား လက်ရှိ လစာ
အပြင် တစ်ဦးလျှင် ကျပ်သုံးသောင်းစီ တိုးမြှင့်ပေးမည်ဟု သိရကြောင်း
စစ်တပ်နှင့်နီးစပ်သည့် နမ္မတီးမြို့ခံ တစ်ဦးက ယခုလို ပြောသည်။
စကခ(၃)က တော်တော်လေးခိုင်တဲ့သတင်းပေါ့နော်။
တပ်မိသားစုထဲကပြောတာ။ ဒီလကုန်ရင် လက်ရှိ လစာအပြင်ကို တစ်ယောက်ကို
သုံးသောင်းတိုးပေးမယ်လို့ ပြောသံကြားတယ်။ အဲဒီထဲ မှာတောင်မှ
အရာရှိအဆင့်မပါဘူးတဲ့။
ထို့အပြင်
တပ်တွင်းရဲဘော်တစ်ဦးလျှင် ကျပ်ငွေသုံးသိန်းနှုန်းဖြင့်
ငွေထုတ်ချေးပေးမည်ဟုသတင်းရကြောင်း ဆက် ပြောသည်။
လာမည့် နိုဝင်ဘာလ(၇)
ရက်နေ့ စစ်အစိုးရကျင်းပပေးမည့် ရွေးကောက်ပွဲ၌ တပ်တွင်းမိသားစု များထံမှ မဲရ
ရှိနိုင်ရန်နှင့် အကယ်၍ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအပေါ်
တိုက်ပွဲများဆင်နွဲလာပါက အောက်ခြေရဲဘော်ထုအား စည်းရုံးနိုင်ရန်
ယခုလိုတိုးမြှင့်ပေးခြင်းဖြစ်နိုင်သည်ဟု စစ်တပ်အသိုင်းအ၀ိုင်းက ခန့်
မှန်းပြောဆိုကြောင်း သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍
စစ်အစိုးရတပ်ဖွဲ့အတွင်း လက်ရှိဖြစ်ပေါ်နေသည့် အထက်၊ အောက် ကွာဟမှု ပြဿနာ များ
ပြေလည်နိုင်ရန် စီစဉ်ခြင်းဖြစ်နိုင်သည်ဟု မြို့ခံက သုံးသပ်သည်။
အရာရှိကို ပြီးခဲ့တဲ့ အပတ်တုန်းက
တအားမြှင့်ပေးထားတာလေ။ အဲတာကြောင့် အုပ်ချုပ်မှုအရ အရာ ရှိနဲ့ အခြားအဆင့်
ပြဿနာဖြစ်နေတာတွေ အများကြီးရှိနေတယ်။ အဲဒီကြားထဲက ကွာဟမှုစံနစ်ကို သူတို့က
အတတ်နိုင်ဆုံးညှိပေးတဲ့ သဘောမျိုးဖြစ်မယ်လို့ ကျနော်ထင်တယ်။
အလားတူ
ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့ပေါ်ရှိ
စစ်တပ်ထိပ်ပိုင်းအရာရှိအသိုင်းအ၀ိုင်းကြားတွင် ယင်းကိစ္စ နှင့်ပတ်သက်၍
ပြောဆိုနေကြကြောင်း အာဏာပိုင်နှင့်နီးစပ်သူ မြို့ခံတဦးက ယခုလိုပြောသည်။
တပ်ဖွဲ့ဝင်အားလုံး တစ်ယောက်ကို
သုံးသောင်းစီတိုးမယ်လို့ပြောတယ်။အဲဒီကိစ္စသေခြာတယ်တဲ့။ ဒါပေ မယ့် တရားဝင်စာတော့
မ၀င်လာသေးဘူးလို့ပြောတယ်။
တပ်မတော်ရေတွင်
လက်ရှိတာဝန်ထမ်းဆောင်နေသည့် တပ်သားတစ်ဦးကလည်း လစာတိုး ပေးရန်ကိစ္စနှင့် ပတ်
သက်၍ သေခြာမသိရသေးသော်လည်း ချေးငွေထုတ်ပေးမည့် သတင်း မှန်ကန်ကြောင်း ယခုလို
အတည်ပြု ပြော ဆိုသည်။
လက်နက်ကိုင်အဖွဲ့အစည်းအကုန်လုံးက
ဝန်ထမ်းတွေကို တစ်ယောက်ကို ငါးသိန်းစီလောက် ချေးပေး မယ်လို့ကြားတယ်။
ရဲဘော်အယောက်တိုင်းကိုလို့ပြောတယ်။
ချေးငွေများအား
လစာငွေများထဲမှ လစဉ်အရစ်ကျ ပြန်လည်ပေးဆပ်ရမည်ဟု သိရသည်။
စစ်အစိုးရတပ်ဖွဲ့အတွင်း ခြေလျှင်နှင့် ခြေမြန်တပ်ရင်းများတွင်
တပ်သားအဆင့်ရဲဘော်များ၏ လက်ရှိလစာ သုံး သောင်းကျော်ရှိပြီး ဒုတပ်ကြပ်မှ
အရာခံဗိုလ်အထိ အဆင့်တစ်ဆင့်လျှင် ကျပ်ခြောက်ထောင်ကွာဟသည်ဟု သိရ သည်။
လွန်ခဲ့သည့်
သြဂုတ်လကုန်ပိုင်းက တပ်မတော်နှင့် ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အဓိကကျသည့်
တပ်မတော် ထိပ်ပိုင်းရာထူးနေရာ (၄၀) ခန့် အပြောင်းအလဲပြုလုပ်ခဲ့သည်။
အလားတူ ယမန်နေ့ကလည်း
စစ်တပ်အတွင်း ဒုတိုင်းမှူး၊ တပ်မမှူး၊ စကခမှူးနှင့် ဗျူဟာမှူးများ အပြောင်းအလဲ
ပြုလုပ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း သီးခြားအတည်ပြုချက်မရသေးပါ။
တာချီလိတ်မြို့ရှိ
စစ်မှုထမ်းဟောင်းတစ်ဦးကလည်း ယခင်စစ်အစိုးရခေတ်အဆက်ဆက်ကတည်းက တပ်ဖွဲ့တွင်း
ရာထူးအပြောင်းအလဲပြုလုပ်သည့်အခါတိုင်း ယခုလို လစာတိုးမြှင့်မှု ဖြစ်လေ့ရှိသည်ဟု
ပြောသည်။
သို့သော်
တပ်တွင်းလစာတိုးမြှင့်ပေးရုံနှင့်
လက်ရှိပြဿနာများကိုဖြေရှင်းပေးနိုင်မည်မဟုတ်ကြောင်း ကုန်ဈေး နှုန်းကတော့
တက်လာမှာပဲ။ သူတို့လစာတွေတိုးလေလေ အသုံးစားရိတ် တွေက ကြီးလာလေဖြစ်မှာပဲ။
အဲဒီမှာ ဘယ်သူတွေက နစ်နာမလဲဆိုတော့ သာမန်လက်လုပ် လက်စားတွေနဲ့
ပုဂ္ဂလိကလုပ်ငန်းတွေ မှာလုပ်နေကြတဲ့သူတွေ နစ်နာတာပေါ့။ ဒီတော့ သူတို့ကိုလည်း
လုပ်အားခတိုးပေးဖို့လိုမယ်လေ။ ဒါမှ မျှတမှုရှိမှာပေါ့။
ဒီကိစ္စကလည်းလက်ရှိအစိုးရမှာပဲ တာဝန်ရှိတာပေါ့။ ဟု အဆိုပါ စစ်မှုထမ်းဟောင်းက
သုံးသပ်ပြောဆိုသည်။
တပ်မတော်သားများအား
လစာတိုးမြှင့်ပေးမည့်သတင်းများ ထွက်ပေါ်နေသော်လည်း အရပ် ဖက်ဝန်ထမ်းများနှင့်
ပတ်သက်၍ တစ်စုံတစ်ရာပြောဆိုသံ မကြားရသေးပါ။
|