|
အလုပ်သမား (၅၀၀) ကျော်၏ လစာကို စက်ရုံတာဝန်ခံက ယူထား
သတင်းနှင့်မီဒီယာ
ကွန်ယက်။ ဇော်ကြီး။
အောက်တိုဘာလ ၇ ရက်၊ ၂၀၁၀ ခုနှစ်။
ထိုင်း-လာအိုနယ်စပ် ခေါန်ကန်မြို့ရှိ
ငါးဖမ်းပိုက်စက်ရုံမှ အလုပ်ထွက်ခွင့်တောင်းဆိုသည့် မြန်မာ အလုပ်သမား
(၅၀၀)ကျော်၏ လုပ်ခလစာများကို စက်ရုံတာဝန်ခံက လိမ်ယူထားသည်။
ခေါန်ကန်မြို့ရှိ ဒစ်ချာဖန်းနစ် (Finishing Net)
ငါးဖမ်းပိုက်ထုတ်လုပ်သည့် စက်ရုံအလုပ်သမား များသည် အ
လုပ်သမားအခွင့်အရေးများဆုံးရှုံးရခြင်း၊ ထိုင်းနိုင်ငံသား အလုပ်သမားခေါင်း
ဆောင်တို့၏ အနိုင်ကျင့်မှုခံရခြင်းတို့ ကြောင့် အလုပ်မှနုတ်ထွက်ခွင့်ပြုရန် ယခုလ
(၅) ရက်နေ့ က တင်ပြတောင်းဆို ခဲ့သည်။
ယင်းကိစ္စကို စက်ရုံတာဝန်ခံမှ
ခွင့်ပြုပေးခဲ့သော်လည်း အလုပ်သမားများ၏ လုပ်ခလစာများ အား မပေးဘဲယူထား သည်ဟု
အလုပ်သမားကို ထွန်းထွန်းက ယခုလိုပြောသည်။
“(၆)
ရက်နေ့ညနေမှာ စာလာကပ်တယ်။ အလုပ်ထွက်ခွင့်ကို သက်ဆိုင်ရာအလုပ်သမားဝန်ကြီး ဌာန
တွေမှာပြောပြီးသွားပြီ။ အဲဒီအတွက် (၇)ရက်နေ့မနက် ကိုးနာရီကစလို့ ဒီအလုပ်သမား
တွေက ဒီစက် ရုံကနေထွက်ပေးရမယ်။ လစာကိုလည်း တောမောရုံးမှာ ရှင်းပေးမယ်လို့
စာလာကပ်တယ်။ သူက(စက် ရုံမှူး) ဒီအလုပ်သမား(၅၆၉) ယောက်ရဲ့လစာတွေကို ပေးပြီးပြီ
ဆိုပြီး အခုဗြောင်လိမ်နေတယ်။”
အလုပ်သမားများအား
အလုပ်မှနုတ်ထွက်ခွင့်ပြုမည့်အကြောင်းကို ကြိုတင်အကြောင်းကြား ခြင်းမရှိဘဲ ရုတ်တ
ရက်စက်ရုံမှ မောင်းထုတ်နေသဖြင့် အလုပ်သမားများ အခက်အခဲဖြစ်ကြ သည့်အပြင်
ထိုင်းလူဝင်မှုကြီးကြပ်ရေး ရုံးမှတဆင့် နယ်စပ်သို့ ပြန်ပို့မည်ကို
စိုးရိမ်နေကြသည် ဟု သိရသည်။
ထို့အပြင် အလုပ်ရှင်မှ အလုပ်သမားများအား
ခြိမ်းခြောက်မှုများပြုလုပ်ကြောင်း
“ဒီမနက်
သုံးနာရီခွဲလောက်က ပေါ့နော် လုံခြုံရေးသမားတွေက အလုပ်သမားတွေဖက်ကို သေနတ်နဲ့
နှစ်ခါသုံးခါချိန်လိုက် မိုးပေါ် ထောင်ပစ်လိုက် လုပ်တယ်ဗျ။”
ဟု ကိုထွန်းထွန်းက ပြောသည်။
ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေအရ
အလုပ်သမားလုပ်အားခကို အလုပ်ရှင်ထံ၌သာ ထုတ်ယူရမည်ဟု ပြဌာန်း ထားကြောင်း
မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ကူညီပေး နေသည့် မက်ဖောင်ဒေးရှင်းမှ
ကိုနစ်ကယခုလို ပြောသည်။
“အမှန်မှာ
အလုပ်သမားဥပဒေက ဆိုထားတာရှိတယ်။ လစာက သူတို့အလုပ်လုပ်တဲ့ နေရာမှာပဲ ယူရ မယ်။
တောမောရုံးတို့ ဘာတို့မှာသွားယူလို့မရဘူးလေ။”
ယနေ့နေ့လည် ၂ နာရီအချိန်က အလုပ်ရှင်မှ
အလုပ်သမားများအား ယခုည ၇ နာရီခွဲအချိန် နောက်ဆုံးထား၍ စက်ရုံတွင်းမှ
ထွက်ခွာသွားရန် နောက်ထပ်စာတစ်စောင်ရေးသား၍ ထုတ်ပြန်ခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ အလုပ်သမားများကလည်း
မိမိတို့လိုအပ်ချက်များရရှိမှသာ စက်ရုံ အတွင်းမှ ထွက်ခွာ သွားနိုင်မည်ဟု
ပြန်လည်အကြောင်းကြားခဲ့ကြောင်း ကိုထွန်းထွန်းက ယခုလို ပြောသည်။
“ကပ်ထားတဲ့
စာရွက်အတိုင်း ကျနော်တို့ ထွက်ခွာသွားသင့်တာတော့ သေခြာပါတယ်ပေါ့နော်။ ဒါပေ မယ့်
အလုပ်သမားတို့ ရပိုင်ခွင့်ရှိတဲ့ တရားဝင်စာရွက်စာတမ်းတွေနဲ့ လုပ်အားခငွေများ
အားလုံးရှင်းပေး ပြီးမှသာ အေးချမ်းစွာနှင့် ထွက်ခွာသွားမည်ဖြစ်ကြောင်းဆိုပြီး
အကြောင်းကြား စာပို့လိုက်ပါတယ်။”
အလုပ်သမားများအနေနှင့်
အလုပ်ရှင်တစ်ဦးမှအခြားတစ်ဦးထံ ပြောင်းရွှေ့လျှင်သော် လည်း ကောင်း၊ အလုပ်မှ
နုတ်ထွက်လျှင်သော်လည်းကောင်း လက်ရှိအလုပ်ရှင်ထံမှ တရားဝင် ပြောင်းရွှေ့၊
နုတ်ထွက်ခွင့်စာများ လွှဲပြောင်း ယူရသည်။
လွန်ခဲ့သည့် စက်တင်ဘာလက
အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုကြောင့် ယင်းစက်ရုံ မှ အလုပ်သမား
တစ်ထောင်ခန့် ဆန္ဒပြမှုဖြစ်ပွားခဲ့သည်။ ထိုစဉ်က တနေ့လျှင် နံနက် ၈ နာရီမှ ည ၈
နာရီအထိ အလုပ်လုပ်ကြ ရပြီး တရက်လုပ်အားခ ထိုင်းငွေ (၁၇၀) ဘတ် ရခဲ့သည်။
ယခုအခါ တနေ့လျှင် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ
အလုပ်လုပ်ကြရပြီး လုပ်အားခ တရက်လျှင် ထိုင်းငွေ ၁၅၇ ဘတ် ပေးမည်ဟု
အလုပ်ရှင်ဖက်မှ သဘောတူထားခဲ့သော်လည်း နောက်ပိုင်းတွင် အတိအကျမရခဲ့ပေ။
လတ်တလောအခြေအနေအရ အလုပ် သမားတစ်ဦး အတွက် လစာငွေ ပျမ်းမျှဘတ် (၄၀၀၀)ခန့်ကို
အလုပ်ရှင်မှ ပေးရန်ကျန်ရှိသည်ဟု သိရသည်။
|