|
ဟံသာဝတီ ကျဆုံးသည့် နှစ်၂၅၀မြောက်နေ့
ထိုင်းနိုင်ငံတွင် ကျင်းပ
သတင်းနှင့်မီဒီယာကွန်ယက်။
မေလ(၈) ရက်၊ ၂၀၀၇ ခုနှစ်။
ဟံသာဝတီမွန်နိုင်ငံတော် ကျဆုံးခဲ့သည့် နှစ်၂၅၀ ပြည့်မြောက်နေ့တွင်
ထိုင်းနိုင်ငံ စံခလဘူရီမြို့ရှိ
မွန်အမျိုးသား အဖွဲ့အစည်းများ
စုပေါင်း၍
အထိမ်းအမှတ် အခမ်းအနား တရပ် ကျင်းပကာ မွန်အမျိုးသားတို့၏
ကိုယ်ပိုင်ပြဌာန်း ခွင့်
ရရှိရေးအတွက် တမျိုးသားလုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန်
တိုက်တွန်းလိုက်သည်။
အခမ်းအနားဖြစ်မြောက်ရေးအတွက် ဦးဆောင်ပါဝင်ခဲ့သော မွန်အမျိုးသား ညီညွတ်ရေး အဖွဲ့ချုပ်၏
အထွေထွေ
အတွင်းရေးမှုး
နိုင်ကဆော့မွန်က အခမ်းအနားကျင်းပရခြင်း၏
ရည်ရွယ်ချက်ကို
ယခုလိုပြောသည်။
“အခမ်းအနား
ကျင်းပရတဲ့
ရည်ရွယ်ချက်က မွန်လူမျိုးတွေဟာ တချိန်က ကိုယ့်ထီး
ကိုယ့်နန်းနဲ့
နေ
ထိုင်ကြတဲ့
သူတွေဖြစ်တယ်၊ မွန်ပဒေသရာဇ်နဲ့
မြန်မာပဒေသရာဇ် အမြဲတမ်း
လိုလို
စစ်ပွဲတွေဖြစ်
ပွားတယ် ဆိုပေမယ့်
အလောင်းဘုရား ဦးအောင်ဇေယျ ဦးဆောင်တဲ့ အခါမှာ မွန်လူမျိုးတွေကို ကျ
နော်တို့
မွန်လူမျိုးတွေရဲ့
သမိုင်းကြောင်း
အရ မျိုးပြုန်းသတ် ဖြတ်တယ်လို့ယူဆတယ်၊
အဲဒီယူဆချက်
ပေါ်မူတည်ပြီး
ကျနော်တို့
မွန်နိုင်ငံလည်း
ပျက်သုဉ်းသွား ရတဲ့ အခြေအနေကို ပြန်လည် သတိရခြင်း
အားဖြင့်ပေါ့နော်
ကျနော် တို့
ဒီအခမ်းအနားကို ကျင်းပတယ်၊ နောက် ဒုတိယအနေနဲ့
ကျနော်တို့
မွန်လူမျိုးတွေရဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးကို ဒီနေ့မှာ
ကျင်းပခြင်းအားဖြင့် ပြန်လည်သတိရဖို့။
လှုပ်ရှားရုန်းကန်ဖို့။
ကျနော်တို့
စည်းလုံးညီညွတ်ဖို့
ဒီရည်ရွယ်ချက်နဲ့
လုပ်ဆောင်တာ ဖြစ်တယ်။”
ယနေ့နံနက်
၆နာရီခွဲတွင် ပဲခူးဟံသာဝတီကျဆုံးစဉ် သတ်ဖြတ်ခံခဲ့ရသော မွန်ရဟန်းတော်များနှင့်
မွန်ပြည်သူ
များအား ရည်စူး၍
သံဃာတော်များအား ဆွမ်းဆက် ကပ်လှူ ခြင်းဖြင့် အခမ်းအနားကို စတင်ခဲ့ပြီးနောက်
တက်ရောက် လာသော မွန်အမျိုးသား နိုင်ငံ ရေးနှင့် လူမှုအဖွဲ့အစည်းများက
ဟံသာဝတီကျဆုံးခဲ့ရခြင်း သမိုင်း
ကြောင်း
ကို
ပြန်လည် သုံးသပ်ခဲ့ကြသည်။
အခမ်းအနားသို့
မွန်အမျိုးသား ၁၀၀ ကျော်တက်ရောက်ခဲ့ကာ မွန်ပြည်သစ်ပါတီ၏
ဥက္ကဌ
နိုင်ထောမွန်က သဘာ
ပတိ
အဖြစ်ဆောင်ရွက်ပြီး
၎င်းက ဟံသာဝတီနိုင်ငံတော် ကျဆုံးခဲ့ရ သောနေ့ကို
အမှတ်ရ၍
ဝမ်းနည်း
ပူဆွေး မနေသင့်ဘဲ
ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရန် အားသွန် ခွန်စိုက်
ကြိုးပမ်းဖို့
လိုအပ်ကြောင်း
တိုက်တွန်းခဲ့သည်။
နိုင်ငံတကာရောက် မွန်အမျိုးသားအဖွဲ့အစည်း
၁၁ ဖွဲ့မှ
ပူးပေါင်းထုတ်ပြန်သော ကြေညာချက်တွင်
မွန်နိုင်ငံ
တော် ကျဆုံးပြီးနောက်
ခေတ်အဆက်ဆက်အုပ်ချုပ်လာသော မြန်မာအစိုးရများက မွန်လူမျိုးများအပေါ် လူအခွင့်
အရေး ချိုးဖောက်မှုများကျူးလွန်နေကာ
ယခုအခါ မွန်စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ
သင်ကြားမှုကိုလည်း
ပိတ်ပင်
နေသည်ဟု ဖေါ်ပြထားသည်။
၁၇၅၇
ခုနှစ်တွင် မြန်မာဘုရင် အလောင်းဘုရားဦးအောင်ဇေယျက ပဲခူးဟံသာဝတီကို သိမ်းယူပြီးနောက်
ကလေး
နှင့်
အမျိုးသမီးများအပါအ၀င်
ပြည်သူ ထောင်ပေါင်းများစွာနှင့် မွန်ရဟန်းတော် ၃၀၀၀ကျော် ကို သတ်ဖြတ်ခဲ့၍
သိန်းနှင့်ချီသော မွန်လူမျိုးများ ထိုင်းနိုင်ငံသို့
ထွက်ပြေးခဲ့ရသည်ဟု ယင်းကြေညာချက်တွင်
ဖေါ်ပြထားသည်။
ယနေ့ကျရောက်သော
ဟံသာဝတီမွန်နိုင်ငံတော် ကျဆုံးခဲ့သည့် နှစ်၂၅၀ပြည့်မြောက် သောနေကို အမေရိကန်။
ၾသစေၾတးလ်။
ကေနဒါ။ ထိုင်းနှင့် မလေးရှား စသောနိုင်ငံ များတွင်လည်း
ပြည်ပရောက်မွန်အမျိုးသားများက စုပေါင်းကျင်းပခဲ့သည်ဟု သိရသည်။
|