|
လေဘေးဒုက္ခသည်များကို
ထိုင်း လူမှုအဖွဲ့များ
စုပေါင်းကူညီ
ခွန်အောင်မြတ်။
မေလ ၈ ရက်၊
၂၀၀၈ ခုနှစ်။
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်
ကုန်သည်ကြီးများအသင်းနှင့်
လူမှုရေးအသင်း
(၅၂)ဖွဲ့တို့
ပူးပေါင်းပြီး မြန်မာ ပြည်တွင်း
နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံစားနေရသည့် လေဘေး ဒုက္ခသည်များအတွက်
ပထမအဆင့် အနေ ဖြင့် ဘတ်ငွေ သိန်း(၂၀) နီးပါး
ကူညီပေးခဲ့သည်။
ယမန်နေ့က
လှူဒါန်းသည့် အခမ်းအနားကို မဲဆောက်-မြ၀တီ ထိုင်း-မြန်မာချစ်ကြည်ရေး
တံတားအလယ်တွင် ပြုလုပ်ပြီး တာ့ခ်ခရိုင်ဝန်ကြီးက
မြ၀တီခရိုင် ဥက္ကဌ
ဦးအောင်ဆွေညွှန့်ထံ တဆင့်
ပေးအပ်လှူဒါန်းခဲ့သည်။
ယင်းသည် လူသားချင်းစာနာသည့် အနေဖြင့် လှူဒါန်းခြင်းဖြစ်သည်ဟု တာ့ခ်ခရိုင်
ကုန်သည်ကြီးများအသင်း၏
ဥက္ကဌ ခွန်ဗန်ဖွတ် ကော့ပ်ချရွန်က ပြောသည်။
“ပထမအဆင့်အနေနဲ့
ကျနော်တို့ လေဘေးဒုက္ခသည်အတွက်
ကူညီငွေကို အရင်ဆုံးပို့ပေး လိုက်
ပါပြီ။
တာ့ခ်ခရိုင်ဝန်ကိုယ်တိုင်လည်းပါတယ် တခြားတာဝန်ရှိသူတွေနဲ့
တာ့ခ်ခရိုင် ၀န်ကြီးက
မြ၀တီ ခရိုင်ဥက္ကဌကို
လွဲပေးလိုက်ပါတယ်။ အလှူငွေကတော့ တစ်သန်းရှစ်သိန်း ဘတ်ပါ။
ပထမဆုံး အကူအ ညီပေါ့။
ဒုတိယအဆင့် ကတော့ လေဘေးဒုက္ခသည်တွေကို ကူညီဖို့အတွက်
ကျနော်တို့ လက်တွဲ ပူး
ပေါင်းပြီး တတ်နိုင်သလောက်
ရနိုင်သလောက် ကုန်ပစ္စည်းတွေကို စုပြီး
မြ၀တီကနေတဆင့် ကျနော် တို့ ပို့ပေးဖို့
စီစဉ်ထားပါတယ်။ ”
တတိယအစီအစဉ်တွင် တာ့ခ်ခရိုင်ဝန်ကြီးအဖွဲ့က
သတင်းဝပ်ဘ်ဆိုက်ဒ်မှတဆင့် အလှူငွေ ကောက်ခံပြီး စေတ
နာရှိသူ မည်သူမဆို လှူဒါန်းနိုင်ကြောင်း
တတ်နိုင်သည့်ဖက်မှ ကူညီကြ စေလိုကြောင်း
ဖော်ပြထားသည်။ လှူဒါန်းရန် ဘဏ်နံပါတ်များလည်း
ထည့်ထားသဖြင့် ရရှိလာသည့် အလှူငွေနှင့် ပစ္စည်းများကို
တာ့ခ်ခရိုင် ၀န်ကြီးမှ
တဆင့် မြ၀တီခရိုင်ဥက္ကဌကို
လွဲအပ်ပေးမည် ဖြစ်သည်။
လေဘေးဒုက္ခသည်များ
အရေးကြီးလိုအပ်မည့်
ရိက္ခာခြောက်၊
ခေါက်ဆွဲခြောက်၊ စည်သွပ်ဗူး နှင့် ဆေးဝါးများ အ
ပြင် ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်မည့် အိမ်ဆောက်ပစ္စည်းများကိုလည်း
ဆက်လက် လှူဒါန်းသွား ရန်ရှိသည်ဟု ခွန်ဗန်ဖွတ်က ပြောသည်။
“ကျနော်တို့လည်း
စိုးရိမ်ပူပန်ကြပါတယ်။
အိမ်နီးချင်းနိုင်ငံလည်းဖြစ်တယ်။ ညီအစ်လိုလည်း ဖြစ်နေ
တယ်၊ ပေါင်းသင်းဆက်ဆံလာတာလည်း
နှစ်ပေါင်းကြာပြီလေ။
ကျနော်တို့လည်း စိုးရိမ်တယ် မြန်မာ
လေဘေး ဒုက္ခသည်တွေကို။
ပျက်စီးဆုံးရှုံးမှုတွေလည်း
များပြားတယ်လေ။
အဲဒါကြောင့် ကျနော်တို့ ဘာတွေ
ကူညီပေးလို့ ရနိုင်မှာလဲ၊
ဘယ်လိုကူညီရမှာလဲဆိုတာ တောင်းခံဖို့လိုပါတယ်။
အခု သူ တို့မတောင်းသေးတာတောင်မှ
ကျနော်တို့ လုပ်ပေးနေပြီလေ။
အဲဒါကြောင့် မြန်မာအာဏာပိုင်တွေ
အနေနဲ့ တောင်းခံလာမယ်ဆိုရင် အပြည့်အဝ
ကူညီပေးဖို့ အဆင်သင့်ပါပဲ။
ဘာမဆိုပေါ့။”
မြန်မာပြည် မုန်တိုင်းဒဏ်ခံရသည့်
လေဘေးဒုက္ခသည်အတွက် ထိုင်းနိုင်ငံအစိုးရက
ထိုင်းဘုရင့်လေတပ် စစ်လေ ယာဉ်တစီးဖြင့် ခေါက်ဆွဲခြောက်၊
ရေသန့်ဗူးနှင့် ဆေးဝါးများ အပါအ၀င် အသင့်စားနိုင်သည့်
အစားအစာ တန်ချိန်(၉)တန်ကို ပြီးခဲ့သည့် အင်္ဂ်ါနေ့က
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သွားရောက် ပို့ဆောင်ခဲ့သည်။
မုန်တိုင်းကြောင့်
ဒုက္ခရောက်သူများကို နိုင်ငံတကာအကူအညီပေးမှုသည်
ထိုင်းနိုင်ငံက ပထမဆုံးဖြစ်သည်။
မေလ (၂)ရက်နေ့
သောကြာညတွင် တိုက်ခတ်ခဲ့သည့် နာဂစ်
ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ကြောင့်
လူ အသေအ ပျောက် သောင်းနှင့်ချီ ရှိပြီး
လူပေါင်း ၁ သန်းကျော် အိုးအိမ်မဲ့ဖြစ်နေကြရသည်။
|