|
မဲဟောင်ဆောင်မှ ကယန်းခေါ် ကြေးကွင်းပတ် ပဒေါင်
၁၁ဦး ပျောက်ဆုံးနေ
ခွန်အောင်မြတ်။
ဇူလိုင်လ ၈ ရက်၊ ၂၀၀၈ ခုနှစ်။
ထိုင်းနိုင်ငံမြောက်ပိုင်း
မယ်ဟောင်ဆောင်ခရိုင် ဟွေးပူကဲကျေးရွာတွင်နေထိုင်နေသော ကယန်းခေါ် ကြေးကွင်း
ပတ်ပဒေါင်လည်ပင်းရှည်မိသားစုဝင်အချို့သည်
ဒေသခံထိုင်းအာဏာပိုင်များက စားဝတ်နေရေးအတွက် လောက်
ငှအောင်
မထောက်ပံ့သဖြင့် ကျေးရွာမှ ထွက်ခွါသွားသည်ဟု ဒေသခံ ရွာသားများက ပြောသည်။
ထွက်ခွာသွားသူ စုစုပေါင်းမှာ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ် စုစုပေါင်း ၁၁
ဦး ဖြစ်ပြီး ၄င်းတို့ကို ယခုအ
ချိန်ထိ
ရှာဖွေ မတွေ့ရသေးပေ။
ထိုင်းဒေသခံအာဏာပိုင်က
ပုံမှန်ထောက်ပံ့မှု မပေး၍
ထွက်ခွါသွားကြောင်းကို
ဟွေးပူကဲရွာမှ
ကြေးကွင်းပတ် က
ယန်းရွာသူတဦးက
ပြောသည်။
"အေး
ထွက်သွားတယ် ဟွေးဆူထောက်လူတချို့ရယ်၊
(ဟွေးပူကဲ)
ရွာသစ်လူတချို့ရယ် ထွက်သွား
တယ်။
ရွာသစ်မှာကျတော့ နှစ်အိမ်သွားတယ်။ တအိမ်ကျတော့ သူ့လင်နဲ့မယား၊ နောက် တအိမ်ကျ
တော့
သူ့ယောက်ျားနဲ့ သူ့ကလေးတစ်ယောက်ကို ချန်ထားတယ်။ နောက် သူ့မိန်းမက ကလေးနှစ်
ယောက်ကို
ခေါ်သွားတယ်။ အားလုံးပေါင်း လူ(၉) ယောက် တဲ့။ ဟွေးဆူထောက်နဲ့ ရွာသစ်ပေါင်း
တော့
လူ (၁၁) ယောက်ရှိတယ်။ ဘယ်သွားလဲ မသိဘူး အဲဒါ သတင်းမကြားရသေးဘူး။"
ဟွေးပူကဲ ရွာသစ်မှ
ထွက်ခွါသွားသည့် မိသားစု နှစ်စုသည် ယခင်က ဟွေးဆူထောက်တွင် နေထိုင်ပြီး ဒေသခံ အာဏာပိုင်က
ရွာသစ်သို့ ပြောင်းရွေ့နေထိုင်ပါက စားဝတ်နေရေး အတွက် ထောက်ပံ့ပေးမည်ဟုဆိုကာ
ခေါ်ယူ
ခဲ့ခြင်းဖြစ်သည်။ ယခုအခါ
ထောက်ပံ့ကြေး
မရသဖြင့် စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်ရသည်ဟု ရွာ
သစ်တွင်
နေထိုင်သည့် ပဒေါင် ဆရာမ တဦးက ပြောသည်။
"ရွာသစ်မှာ
လာနေတာ မကြာသေးဘူး၊ တစ်နှစ်လောက်ပဲ ရှိသေးတယ်ထင်တယ်။ သူတို့က အဆင်
မပြေဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အစတုန်းက ထိုင်း(အာဏာပိုင်)က
ပြောင်းလာခိုင်းတယ် ရွာသစ်မှာ။
နောက်ပြီးတော့ သူတို့ပြောင်းလာတယ်။ ထိုင်းက ငါတို့ ကြည့်ပေးမယ်တဲ့။ ပြောင်းတဲ့
အချိန်က။ အခုဆို သူတို့ကို ဘာမှမကြည့်ဘူး။ ဒီလိုပဲ ထားခဲ့ တယ်။
သူတို့စိတ်ပျက်ပြီးနောက် ဟိုးတ
ခေါက် ပလာပ်(အုပ်ချုပ်ရေးမှူး) သူတို့ကို လာပြော သေးတယ်လေ။ အခု ငါတို့
ဘာမှမကြည့်
ပေးတော့ဘူးလို့ သူပြောရင်းနဲ့ မင်းတို့ ပြန်ချင် ပြန်၊ မင်းတို့ နေရာတိုင်း
ပြန်ချင်ပြန်တဲ့၊ ငါတို့ မ
ကြည့်နိုင်တော့ဘူးတဲ့၊
ငါတို့လည်း တအား ရှုတ်တယ်၊ ပလာပ်(အုပ်ချုပ်ရေးမှူး) သူ့ကို ပြောလိုက်
တယ်လေ။ အဲလိုပြောလိုက်တော့ သူတို့ စိတ်ပျက်သွားတယ်၊ စိတ်ညစ်သွားတယ်လေ။ "
မယ်ဟောင်ဆောင်မြို့နယ်အတွင်းရှိ ကြေးကွင်းပတ်ကယန်းရွာများဖြစ်သော ကယန်း
သာယာရွာ၊ ဟွေ့စူး
ထောက်ရွာ၊ ဟွေ့ပူကဲရွာ သုံးရွာတွင် မိသားစုဝင်ပေါင်း ခြောက်ရာခန့် ရှိပြီး
တစ်ရွာတည်းတွင်နေထိုင်ရန်အတွက် ထိုင်းအာဏာပိုင်များက
ပြောင်းရွှေ့ခိုင်းခဲ့၍ ပြီးခဲ့သည့်နှစ် စက်တင်ဘာလပိုင်းက
ပြောင်းရွေ့လာခဲ့ကြခြင်း ဖြစ်သည်။
ကြေးကွင်းပတ် ကယန်းလူမျိုးတို့သည် နိုင်ငံခြားဧည့်သည်လာရောက်လည်ပတ်မှုဖြင့်
ရရှိလာသည့် ၀င်ငွေ
များဖြင့်သာ ရပ်တည်နေရကာ ယခု ဧည့်သည်များ အလာနည်း သွားသဖြင့် အခြား
ဝင်ငွေကောင်းသည့်နေရာသို့ ထွက်ခွါသွားခြင်း
ဖြစ်နိုင်သည်ဟု ကန္တရာဝတီတိုင်းမ် အယ်ဒီတာချုပ် ခူးဖဲဒူက သုံးသပ်သည်။
"ကယန်းလည်ပင်းရှည်ကိစ္စက
ဘာကြောင့် ဒီလို ထွက်သွားရလဲဆိုတော့ အခုမှလည်း မဟုတ်ပါဘူး၊ အ
ရင်ကလည်း
ထွက်သွားနေကျ ပေါ့နော်။ အဓိကကတော့ သူတို့ ဒီ ငွေရေး၊ ကြေးရေး ပိုရမယ့်
နေရာကို ထွက်သွားကြတယ်လို့ ကျနော် သုံးသပ်လို့ ရတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့
ဒီမယ်
ဟောင်ဆောင်ကျတော့
သူတို့ ဟွေးပူကဲမှာ ရွာသုံးရွာ ပြောင်းရမယ့်ကိစ္စ၊ ဘာကိစ္စလို့ ပြောခဲ့ပြီးတော့ အခုထက်ထိ
ပြဿနာက ဘာမှ မရလာကြ သေးဘူးလေ။ ငွေရေး၊ ကြေးရေး မပြောနဲ့ စားဝတ်
နေရေးတောင်မှ သူတို့ မရတဲ့ အခါကျတော့ စီးပွားရေးသမား လာမဲဆွယ်တဲ့အခါကျတော့
သွားမယ် ပိုရမယ်ဆိုတော့
သူတို့အတွက် အခွင့်အရေးပဲလို့ ပြောရမှာလား၊ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ ငွေပို
ရမယ့် နေရာကိုတော့ သွားရင်ကောင်းပါတယ်ဆိုပြီး သူတို့ ဆုံးဖြတ်ချက်နဲ့ သူတို့
သွားကြတယ် လို့
တော့
အများအားဖြင့် ကျနော် ဒီလိုမျိုး နားလည်တယ်။"
နိုင်ငံခြား
ဧည့်သည်များ စိတ်ဝင်စားသည့် ပဒေါင်ခေါ် ကယန်းလည်ပင်းရှည် ရွာများကို
မယ်ဟောင်ဆောင်အပြင် ချင်းမိုင်၊
ချင်းရိုင်းနှင် ဖူးခက် ဒေသများတွင်လည်း ဖွင့်လှစ်ထား သဖြင့် ယခု ထွက်သွားသည့်
မိသားစု
များသည်လည်း
ယင်း ဒေသဖက်သို့ သွားရောက် အခြေချ နေထိုင်နိုင်သည်ဟု ခူးဖဲဒူက ဆက်လက်သုံးသပ်
ပြောဆိုသည်။
ယခင်နှစ်အတွင်းက ထိုင်းနိုင်ငံတွင်
လာရောက်နေထိုင်နေသော ကယန်းခေါ် ကြေးကွင်းပတ်ပဒေါင်လူမျိုးများကို
မြန်မာအစိုးရနှင့်
ကလလတခေါ် ကရင်နီ အပစ်ရပ် အဖွဲ့က မြန်မာပြည်တွင်းသို့ ပြန်လည်အခြေစိုက်နေထိုင်ရန်
ဖိအားပေးမှုများ
ရှိခဲ့သည်။
|