|
ထောင်နှင့်ချီသော
ကရင်နီရွာသားများ တောတွင်းတွင် တိမ်းရှောင်နေရ
သီတာထွန်း။
ဇူလိုင်လ ၈ ရက်၊ ၂၀၀၈ ခုနှစ်။
ကရင်နီပြည်နယ်အတွင်းတွင် တိုက်ပွဲများဖြစ်ပွားနေ၍ ထောင်နှင့်ချီသော ဒေသခံများ
နေရပ်ရင်းကို စွန့်ခွာကာ တောတောင်များ၌
လှည့်လည်ပုန်းရှောင်နေကြရသဖြင့် စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု
ကရင်နီအမျိုးသားတိုးတက်ရေး
ပါတီ(ကေအဲန်ပီပီ) က ပြောသည်။
ကရင်နီမြောက်ပိုင်းဒေသတွင် ယခင်လမှ စကာ မြန်မာစစ်တပ်နှင့် ကရင်နီတပ်ဖွဲ့များ
အကြား တိုက်ပွဲများဖြစ်ပွား
နေခဲ့ပြီး
မိုးတွင်းကာလတွင်
တိမ်းရှောင်နေရသော ဒေသခံများ ကြုံတွေ့နေရသောအခြေအနေကို
ကရင်နီ
အမျိုး
သား
တိုးတက်ရေးပါတီ၏
အတွင်းရေးမှူး (၂) ခူဦးရယ်က ယခုလို
ပြောသည်။
"ဒီ
မြောက်ပိုင်းမှာ အရင်လက ဖြစ်တဲ့ တိုက်ပွဲတွေမှာလည်း လူထုတွေ ဒုက္ခရောက်တာတွေ
ရှိတာပဲ။ ဒါပေမဲ့ သူတို့နေတဲ့ ဒေသနဲ့ ဒီနယ်စပ်ကို ပြေးလာဖို့ကလည်း
အလှမ်းဝေးတယ်။ ဒီကြားထဲမှာလည်း
အရင်လကတည်းက သံလွင်မြစ်ရေဆို
တက်နေပြီ။ သူတို့ ချောင်းကူးဖို့ ကလည်း အခက်အခဲရှိနေ
တယ်။ ဟိုနားရှောင် ဒီနားပုန်းနေရတာပဲ။"
ကရင်နီပြည်တောင်ပိုင်းတွင် ပုန်းရှောင်ရွာသားပေါင်း ၄ ထောင်ခန့်ရှိပြီး
ကရင်နီပြည် မြောက်ပိုင်းတွင် ပုန်းရှောင်
ရွာသားများ ၂ ထောင်ခန့်ရှိသည်ဟု ကေအဲန်ပီပီက ပြောသည်။
ထိုသို့
ရှောင်ပုန်းနေစဉ် စားဝတ်နေရေးအတွက် နီးစပ်ရာ ကျေးရွာများတွင် ချေးငှါး
စားကြရပြီး အချို့မှာလည်း ကရင်နီမြောက်ပိုင်းနှင့် နီးစပ်သည့် ရှမ်းပြည်နယ်ထဲ
သို့
လေးငါးရက်ခန့် အလုပ်လုပ်ပြီး၍ ရလာသည့် ငွေအ
နည်းငယ်ကို ကျန်ရစ်ခဲ့သည့် မိသားစုထံ ထောက်ပံ့နေရသည်ဟု ၎င်းက ဆက်ပြောသည်။
၎င်းကရင်နီပြည်
မြောက်ပိုင်းဒေသခံ ပြည်တွင်းရွာပုန်း၊ ရွာရှောင်များအား ကရင်နီလူမှု
ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုး
ရေးအဖွဲ့မှ
ထောက်ပံ့မှုအချို့ ပေးနေသော်လည်း ရေရှည်တွင် အခက်အခဲရှိနိုင်သည်ဟု
ခူဦးရယ်က သုံးသပ်
သည်။
"ရံဖန်ရံခါ
လတ်တလော သူတို့ သိပ်အခက်အခဲ ဖြစ်နေတယ်ဆိုရင် ဆန်ဝယ်စားဖို့အတွက် သူတို့ တလ
စာလား၊ နှစ်လစာလား စသည်ဖြင့် သူတို့ ကာလ၊ ဒေသဈေးနှုန်းကို တွက်ချက် ပြီးတော့
မိသားစု
အလိုက် ထောက်ပေးနေတာတွေ ရှိတယ်။ တနိုင်တပိုင် စိုက်ပျိုးရေး လုပ်ငန်းတွေ
လုပ်နိုင်ဖို့အတွက် မျိုးစပါးတွေ ၀ယ်ခြမ်းပေးတာမျိုးတွေ၊ ကောက်ပဲသီးနှံတွေ ကို
ဒေသခံတွေကိုပဲ တာဝန်ပေးပြီး ၀ယ်
ခြမ်းပေးတာမျိုးတွေ အဲလိုလှုပ်ရှားမှုမျိုးတွေ သူတို့တွေ လုပ်နေတာတော့ ရှိတယ်။
ရေရှည်နဲ့ တွက်
ရင်တော့ ရေရှည်မှာတော့ သိပ်ပြီးတော့ အကျိုးမရှိလောက်ဘူးထင်ပေမယ့် လတ်တလော အခက်
အခဲတွေကိုတော့ တလတန်သည်၊ နှစ်လတန်သည် ကျော်လွှားနိုင်တော့ အများကြီးအသက်ရှုချောင်
တယ်လို့ ပြောရမှာပေါ့"
ယခုနှစ်အတွင်းတွင်
ကရင်နီဒေသအတွင်း တိုက်ပွဲများဖြစ်ပွားသဖြင့် ထိုင်းနိုင်ငံဒုက္ခသည်
စခန်းသို့
လာရောက်ခို
လှုံသူ
စုစုပေါင်း ၂၀၀ကျော် ရှိသည်ဟု ကန္တာရ၀တီ
တိုင်းမ် သတင်းတွင် ဖော်ပြသည်။
ကေအဲန်ပီပီသည် ၁၉၉၅ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သော်လည်း ၃လ
အကြာတွင် သဘောတူ
ညီမှု ပျက်ပြားခဲ့သည်။
ကေအဲန်ပီပီကိုယ်စားလှယ်များသည် ၁၉၉၆ခုနှစ်နှင့် ၁၉၉၈ခုနှစ်တွင် ရန်ကုန်သို့
နှစ်ကြိမ် သွားရောက် ဆွေးနွေး
ခဲ့ပြီး၊
၂၀၀၄ခုနှစ်တွင် စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး
ခင်ညွှန့်ဖယ်ရှားခံရပြီးနောက် တွေ့ဆုံဆွေး
နွေးမှုများ
ရပ်ဆိုင်းခဲ့ကာ ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် မတ်လက
တာချီလိတ်မြို့တွင် ကရင်နီအမျိုးသား
တိုးတက်
ရေးပါတီ
(ကေအဲန်ပီပီ) နှင့် စစ်အစိုးရတို့၏ ကိုယ်စားလှယ်များ
ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း
တိကျ
သော သဘောတူညီချက်များ မရခဲ့ကြပေ။
|