မြ၀တီတွင် တုတ်ကွေးရောဂါဖြစ်ပွား ပညာပေးလှုပ်ရှားမှု လုပ်နေ

သတင်းနှင့်မီဒီယာ ကွန်ယက်။ ခွန်အောင်မြတ်။
ဇူလိုင်လ ၈ ရက်၊ ၂၀၁၀ ခုနှစ်။

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မြ၀တီမြို့အတွင်း၌ ငါးနှစ်အထက် အရွယ်ကလေးများ တုတ်ကွေး ရောဂါဖြစ် ပွားမှုနှုန်း များပြားပြီး မြို့နယ် ကျန်းမာရေးမှူးနှင့် ဆေးရုံတာဝန်ရှိသူများက ပညာပေး လုပ်ငန်းများ ပြုလုပ်နေ သည်။

ကရင်ပြည်နယ်နယ် မြ၀တီတွင် ယခုရက်ပိုင်းအတွင်း မူလတန်းအရွယ် ကလေးငယ်များ တုတ်ကွေး ရောဂါဖြစ် ပွားသူ ပိုမိုများပြားလာသည်ဟု ကျောင်းသားမိဘ တဦးက ပြောသည်။

“ကျောင်းမှာပေါ့ဗျာ။ ကလေးတွေ တော်တော်များများဖြစ်တယ်ပေါ့ဗျာ။ တော်တော့်ကို များသွား တယ်။ ဖျားတာတော့ သိတယ်။ ကလေးက ကျောင်းမသွားနိုင်တော့ အဲဒါတောင်မှ ကျနော်က ခပ် ကြောက်ကြောက် ကလေးက သူငယ်တန်းဆိုတော့လေ။ အခုက ရာခိုင်နှုန်းတော်တော်များလာတယ်။ သွေးလွန်တုတ်ကွေးပုံသဏ္ဍာန်ကြီး ဆိုးဆိုးရွားရွားကြီး ဖြစ်တာ မဟုတ်ဘူး။ ရှိတော့ ရှိတာပေါ့ဗျာ။ တ ချို့က သွေးလွန်တုတ်ကွေးဖြစ်တာပေါ့။ အလွန့်အင်မတန် ဆိုးဆိုးရွားရွား ပုံသဏ္ဍာန်တော့ မဟုတ် ဘူး။ တုတ်ကွေးတော့ရိုးရိုးတန်းတန်းတုတ်ကွေးပဲ။ တချို့မိဘတွေကတော့ ကြက်ဟင်းခါးရည် သောက် ကြ သောက်ကြဆိုပြီးတော့ ပြောကြတာတော့ ရှိတယ်။”

ကလေးငယ်များ တုတ်ကွေးရောဂါ ဖြစ်ပွားသည်မှာ ဟုတ်မှန်ကြောင်း မြ၀တီဆေးရုံကြီး တာဝန်ရှိ သူများက ရပ် ကွက်အလိုက် ဆေးဖြန်းပေးခြင်း၊ တုတ်ကွေးရောဂါ ကာကွယ်ရန် ပညာပေး ဟောပြောပွဲများ ပြုလုပ်ပေးနေ သည်ဟု မြ၀တီဆေးရုံမှ ဆေးမှူးတဦးက ပြောသည်။

“ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆေးရုံးက ရပ်ကွက်တို့၊ အိမ်က ပီပါတို့၊ ကျောက်ဆည်တို့၊ ရေ ထည့်တဲ့နေရာပေါ့ ဆေးခပ်တယ်။ အဲဒါကို အင်နဲ့အားနဲ့ တအိမ်တက်ဆင်း သွားကြတယ်၊ လုပ်ကြ တယ်။ လောလောဆယ်ကတော့ ဖျားတာကတော့ဖျားတယ်။ စိုးရိမ်ရတဲ့ အခြေအနေကတော့ မရှိဘူး။ သမရိုးကျ အဖျားပဲ ရှိတယ်။ ရန်ကုန်မှာလို သွေးလွန်တုတ်ကွေး အသည်းအသန်ဖြစ်ကြတာတို့ အဲလို သဘောတော့ လောလောဆယ် မတွေ့ရသေးဘူး။ ရာသီဥတု ကူးလို့ဖျားတာလား။ မနှစ်ကလောက် တော့မများဘူး။ မနှစ်ကဆိုးတယ်။ တော်တော်ဆိုးတယ်။”

ယမန်နှစ်မှ ဖြစ်ပွားသည့် တုတ်ကွေးရောဂါ လက္ခဏာနှင့် ယခုဖြစ်နေသည့် တုတ်ကွေး လက္ခဏာ ကွာခြားပုံကို ယင်း ဆေးမှူးက ယခုလို ရှင်းပြသည်။

“ခါတိုင်းနှစ်တွေကလို ဖြစ်ခဲ့တဲ့ တုတ်ကွေးမဟုတ်ဘူးဗျ။ ခါတိုင်းနှစ် တုတ်ကွေးတွေက အကန့်နဲ့ရှိ တော့ဗျာ၊ တခုခုဖြစ်ရင်တောင်မှ ကြွက်သားတွေ၊အဆစ်မြစ်တွေက ရောင်ပြီးတော့မှဗျာ ကြွက်သား တွေ မလုပ်နိုင်ဘူးပေါ့ဗျာ။ နောက်ပိုင်းမှာ ကြားတာကတော့ ရန်ကုန်မှာလည်း အဲလိုဖြစ်တာပေါ့ဗျာ။ အဲဒီ တုန်းကဖြစ်တာပြောတာပါ။ အခုအချိန်တော့ လောလောဆယ်တော့ အဲလို မတွေ့ဘူးဗျ။”

မြို့ထဲရှိ မူလတန်းကျောင်း အတော်များများတွင် ကျောင်းသားများ တုတ်ကွေးရောဂါ ဖြစ်ပွားကြသည် ဟု မြို့ခံ တဦးက ပြောသည်။

“ဖြစ်တာတော့ ဖြစ်တယ်။ တကျောင်းလုံးနီးနီးဖြစ်တယ်။ ရာခိုင်နှုန်းနဲ့ဆိုခြောက်ဆယ်နီးနီး အဲလောက် ၀န်းကျင်လောက်ရှိတယ်။ အရွယ်ကတော့ သူငယ်တန်း၊ မူလတန်းတွေများတယ်။ မူလတန်း ကလေး တွေ များတယ်။ သွေးလွန်တုတ်ကွေးမဟုတ်လို့ပဲ ပြောရမှာပေါ့။ ကလေးတွေ ခနကျောင်း ပျက်တယ်။ တရက်နှစ်ရက်ပျက်တယ်၊ နောက်ပြန်တက်တယ်။ ဖြစ်တာကတော့ ရိုးရိုးတန်းတန်း သမရိုးကျ သူ့ဟာ သူ ဆေးခန်းသွားလိုက် ပြန်ပျောက်လိုက် အဲလိုအဆင့်မှာပဲ ရှိသေးတယ်။ တချို့တွေကတော့ သွေး လွန်တုတ်ကွေးဖြစ်လို့ ဆေးရုံတက်တာတော့ ရှိတယ်။ အဲဒါကို ချက်ချင်း တန်းပြီးတော့ ကျန်းမာရေး ဌာနက ဖြစ်တဲ့နေရာကို လိုက်တာ၊ လိုက်ပြီးတော့ ဆေးတွေခပ်တယ် ပြုတယ်။ ဟောပြောပွဲတွေ လုပ် တယ်။ ဒီမှာကတော့ ကျမမျက်စိရှေ့မှာ အဲလိုလုပ်တာတော့ တွေ့တယ်။”

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဇွန်လတွင် သွေးလွန်တုတ်ကွေး ရောဂါဖြစ်ပွားသူ ၃၀ ကျော်ရှိပြီး၊ ယခု ဇူလိုင်လဆန်းတွင်မူ သုံးဦးသာ ရှိသေးသည်ဟု တာချီလိတ် ဆေးရုံ ကျန်းမာရေးမှူး က ပြောသည်။

သွေးလွန်တုတ်ကွေးဖြစ်ပွားသည့် ကျေးရွာနှင့် ရပ်ကွက်များကို ဆေးများဖြန်းပြီး ပညာပေးဟောပြော ပွဲများ ပြု လုပ်နေသည်ဟု ယင်းကျန်းမာရေးမှူးက ပြောသည်။

“ဒီမြို့အစွန်မှာရှိတဲ့ ရပ်ကွက်တွေရော မြို့တွင်းက ရှိတဲ့ရပ်ကွက်တွေရော အကုန်လုံးကို မူကြိုနဲ့စာသင် ကျောင်းအကုန်လုံးကို ကျနော်တို့က ကြိုတင်ပြီးတော့ ဆေးမှုတ်ပစ်လိုက်တယ်။ ဒီ ခြင်၊ လောက်လန်း နှိမ်နင်းရေးကို လူမှုရေးအသင်းအဖွဲ့တွေနဲ့ပေါင်းပြီးတော့ နေ့ပိုင်းမှာ အကုန်လုံး ရပ်ကွက်မှာ ဆင်းပြီး ခါတော့မှ တနေ့ကို တပိုင်းပေါ့၊ သူ့သက်ဆိုင်ရာ သားဖွားဆရာမက ဦးဆောင်ပေါ့။ ညဖက်မှာဆိုရင် တရပ်ကွက်ကို တပိုင်း တပိုင်းဆီ အဖွဲ့တွေခွဲပြီးတော့ ည(၇)နာရီပေါ့ ညစဉ်ညစဉ် (၇) နာရီမှာ ဒီနေ့ အထိပါပဲသွေးလွန်တုတ်ကွေးအကြောင်း ဟောပြောပွဲလုပ်တယ်။”

နယ်စပ်မြို့ဖြစ်သည့် ကော့သောင်တွင်လည်း တုတ်ကွေးရောဂါကြောင့် ဆေးရုံတွင် တက်ရောက် ကုသ သူများရှိ သော်လည်း အရေအတွက် သေချာမသိကြောင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာ အဖွဲ့များက ရပ်ကွက်နှင့် စာသင်ကျောင်းများတွင် ကာကွယ်ဆေး ဖြန်းပေးပြီး ပညာ ပေးဟောပြောပွဲများ ပြုလုပ် ပေးသည်ဟု မူလတန်းကျောင်းပြ ဆရာမတဦးကပြောသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။