|
ဘန်ကောက် မြန်မာနှင့် တရုတ်သံရုံးများရှေ့တွင် ဆန္ဒပြ
ခွန်အောင်မြတ်။
သြဂုတ်လ ၈ ရက်၊ ၂၀၀၈ ခုနှစ်။
ယနေ့ကျရောက်သည့်
ရှစ်လေးလုံး အရေးတော်ပုံကြီး အနှစ်(၂၀)ပြည့် အထိမ်းအမှတ် အနေအဖြင့်
ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာနိုင်ငံသံရုံးနှင့်
တရုတ်နိုင်ငံသံရုံးရှေ့တွင် ပြည်ပရောက် အဖွဲ့အစည်းများနှင့် ထိုင်းအဲန်ဂျီအို
အဖွဲ့အစည်းများပူးပေါင်းပြီး ဆန္ဒပြခဲ့ကြသည်။
လူပေါင်း ၂၀၀
ခန့်တရုတ်နှင့်မြန်မာနိုင်ငံသံရုံးရှေ့တွင် အိုလံပစ်မျက်နှာဖုံးများကို စွပ်ကာ
လူထုအား သေနတ်ဖြင့် ပစ်သတ်သည့် သရုပ်ပြခဲ့ပြီး၊ မြန်မာပြည်လွတ်မြောက်ပါစေ၊
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား များ လွတ်မြောက်ပါစေ စသည့်
ပို့စတာများ လက်ကမ်း စာစောင်များ ကိုင်ဆောင်ထားပြီး မမေ့အပ်သည့် ရှစ်လေးလုံးကို
မမေ့ပါနှင့်၊ ဒီမိုကရေစီ ရရှိရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့်
နိုင်ငံရေးအကျဉ်းသားများ လွတ် မြောက်ရေး စသည့် ကြွေးကြော်သံများ ဟစ်ကြွေးခဲ့
ကြသည်။
ယနေ့နံနက် ၁၀ နာရီမှ
စတင်ကာ တရုတ်နိုင်ငံသံရုံးနှင့် မြန်မာနိုင်ငံသံရုံးရှေ့တွင်
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်ပေးရန်၊
မြန်မာစစ်အစိုးရကို ကာကွယ်ပေးမှုကို ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့ ကြသည်ဟု
ဆန္ဒပြပွဲတွင် ဦးဆောင် ပါဝင်ခဲ့သည့်
အဝေးရောက်ညွှန်ပေါင်းအစိုးရအဖွဲ့(အဲန်စီဂျီယူဘီ) ၀န်ကြီး ဒေါက်တာ စန်းအောင်က
ပြောသည်။
“ဒီတရုတ်ပြည်
သံရုံးရှေ့မှာ ဆန္ဒပြတာကတော့ မြန်မာပြည်ကိစ္စမှာ တရုတ်ကနေပြီးတော့မှ နအဖ အ ပေါ်မှာ
အများကြီး၊ အထူးသဖြင့်ဆိုရင် နိုင်ငံတကာမှာ ကာကွယ်ပေးနေတာမျိုး ရှိနေတာကိုး။
သံတ မန်ရေးရာ၊ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ မြန်မာပြည်
နဲ့ပတ်သက်ပြီး ဆုံးဖြတ် ချက်တွေ မချနိုင်အောင် သူဗီတိုသုံးတာကိုး။
အဲဒါကြောင့်မို့လို တရုတ်ပြည် သံရုံးရှေ့မှာ ဆန္ဒပြ တာပါ။ ကျနော်တို့က
တရုတ်အစိုးရကို မြန်မာပြည်ကိစ္စမှာ တရုတ်အစိုးရရဲ့သဘောထားကို ပြန်ပြီး တော့
စဉ်းစားဖို့ ပြောတာပါ။”
ဆန္ဒပြပွဲတွင်
ပါဝင်ခဲ့သည့် ရခိုင်ဝံသာနုစာပေ အသင်းမှ ကိုဥက္ကာက အခုလိုပြောသည်။
“အခုက ကျနော်တို့
ပထမအကြိမ်ကဗျာ ၁၀ နာရီကနေ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြခဲ့ပြီးပါပြီ။ အခု
ဒုတိယအနေနဲ့ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြနေခြင်းဖြစ်ပါတယ်။ အဓိကအချက်အလက်
တွေကတော့ ရှစ်လေးလုံးနေ့ တို့မမေ့ဆိုတဲ့ ကြွေးကြော်သံ တွေရယ်၊
ဒီမိုကရေစီရရှိရေး ရယ်၊ နောက်ပြီးတော့ ရုရှနဲ့ချိုင်းနားကနေပြီးတော့ ဗီတို
အာဏာသုံးထားတာကို ကျနော်တို့ ကန့်ကွက်တဲ့အကြောင်းတွေ အဲဒီအကြောင်းတွေ
ပါတယ်ခင်ဗျား။ (တရုတ်သံရုံးရှေ့မှာ) ဗမာပြည်အစိုးရကို သူတို့က လက်ဝါးကြီး
အုပ်ပြီးတော့ ခိုင်းစေမှုတွေ အဲဒါကို ရပ်တန့်ပေး ဖို့၊
ဗိုတိုအာဏာမသုံးဖို့တွေကို တောင်းဆိုပါတယ်။ နောက်ပြီးတော့ တိဗက်နိုင်ငံအတွက်
ကျနော်တို့က တမိနစ်ငြိမ်သက်စွာ ဆန္ဒပြ အလေးပြုပါတယ်။”
ဆန္ဒပြသူများက
အနီရောင်စက္ကူဖြင့် ပြုလုပ်ထားပြီး ရှစ်လေးလုံးနေ့ တို့မမေ့ဟု ရေးသားထားသည်
စက္ကူစွန် ၂၀၀ အား မြန်မာသံရုံးထဲသို့ ပစ်လွတ်ထည့်ခဲ့သည်။
အနီရောင်မိုးပျံပူပေါင်းတွင် ဖရီးဗားမား စာသားရေးသား ထားပြီး လွတ်တင်ကာ
ဆန္ဒပြပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ထိုင်းနိုင်ငံနည်းတူ
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့နှင့် စင်္ကာပူစသည့်နိုင်ငံရှိ မြန်မာသံရုံး
ရှေ့တွင် ပြည်ပရောက် ဒီမိုကရေစီ အင်အားစုများ ဆန္ဒပြပွဲများ ကျင်းပခဲ့ကြသည်။
ထိုင်း-မြန်မာနယ်စပ်
မယ်ဆောက်တွင် ဒီမိုကရေစီအင်အားစုများ၊ အတိုက်အခံ အဖွဲ့ အစည်းများစုပြီးပေါင်း
ရှစ်လေးလုံး အခမ်းအနားကို ကျင်းပသည့်အပြင် မယ်လဒုက္ခသည် စခန်းတွင် ရှစ်လေးလုံး
အရေးတော်ပုံနှင့် ပတ် သက်သည့် ကဗျာ၊ ဆောင်းပါးများ ရှစ်လေးလုံး
သမိုင်းကြောင်းများကို ရွတ်ဖတ်ခဲ့သည်။
|