|
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီ ကွယ်လွန်ကြောင်း
သတင်းများထွက်ပေါ်
သတင်းနှင့်မီဒီယာကွန်ယက်။
စက်တင်ဘာလ ၈ ရက်၊
၂၀၀၇ ခုနှစ်။
ဖမ်းဆီးထိန်းသိမ်းခံထားရသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့်
ကိုဂျင်မီ ခေါ် ကျော်မင်းယု
သည်
စစ်ကြောရေးတွင်
သေဆုံးသွားကြောင်း
သတင်းများ ထွက်ပေါ်လာသည်။
နိုင်ငံရေး
အကျဉ်းသားများအရေးကို နှစ်ပေါင်းများစွာ လုပ်ကိုင်လာသော
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်
ရှောက်ရေးအဖွဲ့
(အေအေပီပီ)မှ ကိုတိတ်နိုင်က ယခုသတင်းမှာ ဖြစ်နိုင်ချေများသည်ဟု ပြောသည်။
ထွက်လာတဲ့
သတင်းရင်းမြစ်တွေအရဆိုရင် ၈၀ ရာနှုန်းသေချာတယ်လို့
ပြောလို့ရတယ်။
ကျွန်တော်
တို့
အတွေ့အကြုံအရ
ဒီသတင်း မှန်ဖို့
များတယ် ဟု ပြောသည်။
ကိုဂျင်မီ
ခေါ် ကျော်မင်းယုသည် ယခင်လ ၂၁ ရက်နေ့ညက
ကျောင်းသားခေါင်းဆောင်များဖြစ်သည့် မင်းကိုနိုင်၊
ကိုကိုကြီး၊
မင်းဇေယျာတို့နှင့်
တပြိုင်တည်း
ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။
အဖမ်းဆီးခံရသည့် အချိန်ထိ ရောဂါ
ကြီးကြီးမားမားမရှိဘဲ
ကျန်းမာရေး ကောင်းမွန်နေခဲ့သည်။
ကိုဂျင်မီ၏
ဇနီးဖြစ်သူ
မနီလာသိန်းမှာလည်း တိမ်းရှောင်နေရပြီး
၎ လသားအရွယ် သမီးငယ်ကို ဖွားအေဖြစ်သူက စောင့်ရှောက်ထားရသည်။
အခြားကျောင်းသား ခေါင်းဆောင်နှစ်ဦးဖြစ်သူ မင်းဇေယျာနှင့် မာကီးခေါ်
ကိုကျော်ကျော်ထွေး၏
ကျန်းမာရေး
အခြေအနေစိုးရိမ်နေရကြောင်း
သတင်းများ ထွက်ပေါ်လျက်ရှိသည်။
ကိုဂျင်မီ
အမှန်တကယ် သေဆုံးခြင်း ရှိမရှိကိုမူ ရာနှုန်းပြည့်
အတည်ပြုနိုင်ခြင်းမရှိသေးပါ။
မြန်မာအာဏာပိုင်များကမူ
ထုံးစံအတိုင်း တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိပေ။
|