တာချီလိတ်ရေကြီး တာလော့ဈေးမှ ပစ္စည်းများ ပျက်စီး

နွယ်လေး။
စက်တင်ဘာလ ၈ ရက်၊ ၂၀၀၈ ခုနှစ်။

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံ ဖြစ်ခဲ့ခြင်း ကြောင့် တာလော့ဈေးမှ ပစ္စည်းများ ပျက်စီးဆုံးရူံးခဲ့ကာ ယင်းပစ္စည်းများကို ထက်ဝက်ဈေဖြင့် ရောင်းချ နေရ သည်ဟု တာချီလိတ်မြို့ခံများက ပြောသည်။

တာချီလိတ်နှင့်မယ်ဆိုင် မြစ်တို့မှ ယမန်နေ့မနက်လင်းအားကြီးချိန်တွင် တောင်ကျရေကြောင့် ရေလျှံပြီး တာချီ လိတ်ရှိ ရပ်ကွက်အချို့နှင့် တာလော့ဈေးတွင်း ခါးလယ်ခန့်ထိ ရေတက်သငြ့် ဈေးဆိုင်ခန်းများ ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု ရှိသည်ဟု ကုန်သည် တဦးက ပြောသည်။

"ဆိုင်ခန်းပေါင်းကတော့ ၇၀-၈၀ လောက်ရှိမယ်။ ရေကြီးပြီဆိုရင်တော့ အဲဒီဆိုင်တွေ အကုန်လုံးနီးပါး လောက်မြုပ်တယ်။ ဘာစ်ြလို့လဲဆို သူက တံတားနားမှာဆိုတော့ မြေနိမ့်တဲ့ နေရာစ်ြနေတယ်။ တချို့ဆိုင်တွေဆိုရင်တော့ အကုန်လုံးပျက်ီးတာပေါ့။ အဲဒါတွေဆိုရင် လျော့ဈေးနဲ့ ပြန်ရောင်း။ တာ လော့ရေကြီးပြီဆိုရင်တော့ အ၀တ်အစားတွေ ပစ္စည်းတွေ ဈေးပေါပြီ။ တချို့ဆိုင်ဆိုရင် ရေကြီးတော့ မယ်ဆိုရင် ပစ္စည်းတွေ ဘာတွေ ရွေ့ထားတယ်။ တချို့ဆိုရင်တော့ အခန့်မသင့်ပေါ့။ မထင်မှတ်ဘဲနဲ့ ရေကြီးသွားတာ ပျက်ီးသွားသွားတာ များပါတယ်။ "

ဈေးစွင့်ချိန်တွင် ရေတက်လာခဲ့သငြ့်ဖွင့်ရသေးသည့် ဆိုင်ခန်းအတော်များများ ပျက်ီးကုန်သည်ဟု တာ လော့ဈေးမှ ဈေးသည်တဦးက ပြောသည်။

"ဆိုင်တွေင့်ကာစစ်ြနေတဲ့ အချိန် တစ်ချို့ ဆိုင်တွေကမွင့်ရသေးပဲ ရေကဒိုင်းခနဲ ၀င်တော့ ပစ္စည်းရွှေို့ အချိန်မရလိုက်တော့ ပျက်ီး ကုန်တာပေါ့။ တချို ဂိုဒေါင်တွေ လည်း ပျက်စီး ကုန်တာပေါ့။ မနေ့က တနေကုန် ဆိုင်ွင့်ရဘူး။ မနေ့က ဈေးရောင်း ကောင်းမယ့် နေ့ကြီးကိုး။"

ယမန်နေ့က ရေကြီးမှုကြောင့် တာလော့ဈေးအနီးရှိ စာသင်ကျောင်း ပိတ်ထားရသည်ဟု ကျောင်းသားမိဘတစ်ဦး က ပြောသည်။

ရေပြန်ကျသွားပြီးနောက် ရပ်ကွက်အတွင်းနှင့် တာလော့ ဈေးတွင်း သန့်ရှင်းရေးကို အနီးရှိရပ်ကွက်တွင်းမှ ပြည် သူများ၊၊ ဈေးသည်များက ကိုယ်ထူကိုယ်ထ ပြန်လုပ်ကြရပြီး မြို့နယ်စည်ပင် သာယာရေးအွဲ့က အစိုးရ အဆောက်အဦမျှသာ မီးသတ်ကားငြ့် ပက်ဖြန်းပြီး သန့်ရှင်းရေး ပြုလုပ်သည်ဟု ဒေသခံများကပြောသည်။

ယခုလို မိုးသည်းထန်စွာ ရွာသွန်းပြီး တာချီလိတ်မြို့ မယ်ဆိုင်ချောင်း ရေတက်မှုသည် ယခုအကြိမ်သည် စတုတ္ထ အကြိမ်ဖြစ်ပြီး အဆိုးဆုံးလည်း စ်ြသည်။

တာချီလိတ်ဘက်ကမ်း မယ်ဆိုင်မြို့တွင် ရေကြီးပြီးခြင်း ဒေသခံအာဏာပိုင်များက အချိန်မီကယ်ဆယ်ရေး ပြု လုပ်ပေးသော်လည်း တာချီလိတ်အာဏာပိုင်များမှာမူ တစုံတရာ ကူညီပေးခြင်းမရှိကြောင်း ဒေသခံများက ပြော သည်။
 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။