|
(ဝ)ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်
နာယက ကျောက်ညီလိုင် ကွယ်လွန်
သတင်းနှင့်မီဒီယာကွန်ယက်။
စက်တင်ဘာလ
၈ ရက်၊
၂ဝဝ၉ ခုနှစ်။
(ဝ)ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၏
နာယကဖြစ်သူ ကျောက်ညီလိုင် အသက်(၇ဝ)နှစ်သည် ယနေ့ မ
နက်(၁၁) နာရီအချိန်ခန့်တွင် ယူနန်ပြည်နယ်၊ လန်ချန်းမြို့၊ ဆေးရုံတွင် လူကြီး
ရောဂါဖြင့် ကွယ်လွန်သွားသည်။
ကျောက်ညီလိုင်သည် ၁၉၈၉ ခုနှစ်၊ ဧပြီလအတွင်းက ဗမာပြည်ကွန်မြူနစ်ပါတီအား
အာဏာသိမ်းခဲ့စဉ်က အထွေ
ထွေအတွင်းရေးမှုးအဖြစ် ဦးဆောင်ခဲ့သူတဦးဖြစ်သည်။
ဗမာပြည်ကွန်မြူနစ်ပါတီသို့ မရောက်ခင်ကတည်း (ဝ)ဒေသမြောက်ပိုင်းအတွင်း
တိုင်းရင်းသားပျောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်အဖြစ် ဝအမျိုးသားလွတ်မြောက်ရေး
အတွက် တော်လှန်နေခဲ့ပြီး ၁၉၆၈ ခုနှစ် ဗကပ အရှေ့မြောက်
စစ်ဌာနချုပ်
ဖွင့်လှစ်ချိန်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၊ စည်းရုံးမှုအောက်တွင် ရောက်ရှိကာ
(ဝ)ဒေသမြောက်ပိုင်း၊ မိုင်းမောခရိုင်၏ ခရိုင်အဆင့်
နိုင်ငံရေးမှူးတာဝန်ယူခဲ့သည်။
ကျောက်ညီလိုင်သည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ တပ်မဟာ၁၂ တပ်မဟာမှုးအဖြစ်
တာဝန်ယူခဲ့သလို ၁၉၈၅ ခု
နှစ်
ဗကပ တတိယ အကြိမ် ပါတီကွန်ဂရက်ကာလ၌ ပါတီ၏ အရံဗဟိုကော်မတီဝင်အဖြစ် ရွေးချယ်ခံ
ခဲ့ရသည်။
၁၉၉၇
ခုနှစ်တွင် ကျန်းမာရေးအရ အနားယူကာ (ဝ)တပ်ဖွဲ့၏ နယကတာဝန်အဖြစ် ရှိနေစဉ်
အပစ်ရပ် ဝပြည်
သွေးစည်းညီညွတ်ရေးပါတီနှင့် မြန်မာစစ်အစိုးရအကြား စစ်ရေးတင်းမာမှုများ
ရှိနေချိန်တွင် ကွယ်လွန်သွားခြင်း ဖြစ်ကာ သူ၏ဈာပနကို ပန်းဆန်းမြို့တွင်
ပြုလုပ်မည်ဖြစ်သည်။
|