|
ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့၌ စစ်ဆေးမှုတင်းကျပ်ပြီး
ညအချိန်လုံခြုံရေးတိုးမြှင့်
ဇော်ကြီး။
စက်တင်ဘာလ ၈ ရက်၊ ၂၀၀၉ ခုနှစ်။
ထိုင်း-မြန်မာနယ်စပ်
တာချီလိတ်မြို့တွင်းသို့ ဖောက်ခွဲရေးသမားများဝင်ရောက်လာမည်ဟု သတင်းများထွက်ပေါ်
နေသည့်အတွက် ယခုရက်ပိုင်းအတွင်းတင်းကျပ်သည့်စစ်ဆေးမှုများ
ရှိနေပြီး ညအချိန်များတွင် လုံခြုံရေးများ
တိုး
မြှင့်ချထားသည်။
ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံဆက်သွယ်ထားသည့်
ချစ်ကြည်ရေးတံတားထိပ်တွင်ထိုင်းနိုင်ငံမှ ၀င်ရောက်လာသည့်
ကားနှင့် ဆိုင်ကယ်များအား အာဏာပိုင်များကပိုက်စိပ်တိုက်ရှာဖွေ စစ်ဆေးနေသည်ဟု
တာချီလိတ်မြို့ခံတဦး
က
ယခုလိုပြောသည်။
“တာချီလိတ်
အ၀ိုင်းလို့ခေါ်တဲ့ ချစ်ကြည်ရေးတံတားထိပ်ကနေစောင့်ပြီးတော့မှတပ်နဲ့ ရဲရယ်
နယ်ထိန်း
တွေရယ်
စရဖတွေရယ်ပူးပေါင်းပြီးတော့မှဆိုင်ကယ်ဆိုရင်လည်း ဆိုင်ကယ်ဖင်တွေ
ကိုလှန်ပြီးစစ်ဆေး
တယ်။ ကားတွေဆိုရင်လည်း
ကားတွေကိုအကုန်စစ်ဆေးတယ် ပေါ့နော်။”
လွန်ခဲ့သည့် ၂ ရက်ခန့်က
ဖောက်ခွဲရေးသမား ၃ ဦးတဖက်နိုင်ငံမှဝင်ရောက်လာမည်ဟု သတင်းများထွက်ပေါ်နေ
သည့်အတွက်
ယခုလိုစစ်ဆေးမှုတင်းကျပ်လာရခြင်းဖြစ်သည်ဟု
၎င်းကဆက်ပြောသည်။
“မြို့တွင်းဆွဲတဲ့ကားပဲဖြစ်ဖြစ်
အိမ်သုံးကားပဲဖြစ်ဖြစ်ပေါ့နော်။သွားလာတဲ့ကားတွေကိုတော့ စစ်ဆေးနေ
တယ်။
ဘာကြောင့်လဲဆိုတော့ဒီတာချီလိတ်မြို့ထဲကို ဖောက်ခွဲရေးသမား ၃ ယောက်ဝင်လာတယ်လို့
သူ
တို့(အာဏာပိုင်)က သတင်းရလို့ပေါ့နော်။”
နေ့ခင်းပိုင်းတွင် တာချီလိတ်မြို့သို့ဝင်ရောက်နိုင်သည့် လမ်း၊ တံတား၊ ဂိတ်
နေရာများတွင် ပုံမှန်လုံခြုံရေးသာ ချ
ထားသော်လည်းညဖက်ပိုင်းအချိန်များတွင်
ဧည့်စာရင်း စစ်ဆေးမှုများ ရှိပြီးနယ်စပ်ချောင်းတလျှောက် လုံခြုံရေး
များတိုးမြှင့်ချထားသည်။
တာချီလိတ်မြို့၏ အချက်အချာကျသည့်နေရာများနှင့် အမှိုက်ပုံးများပါမကျန်မြို့တွင်း
နေရာအနှံ့ တွင်
BE
ခေါ်စစ်
အင်ဂျင်နီယာတပ်မှ
မိုင်းရှာကရိယာများဖြင့် လိုက်လံရှာဖွေပြီး စစ်ဆေးနေသည်ဟု ထိုဒေသခံက ဆက်ပြော
သည်။
“အမှိုက်တောင်းထဲမှာ
အထုပ်တွေ့တာမျိုးတို့ အဲလိုမျိုးတွေပေါ့၊သူတို့မိုင်းရှာကရိယာလေး တွေရှိတယ်
အဲတာမျိုးလေးနဲ့လိုက်ပြီးရှာတာတွေ့တယ်။ နောက်ချောင်ချိုချောင်ကြား တွေမှာ၊
တံတားအောက်ခြေ
တွေမှာ လုံခြုံရေးတွေချပြီး ရှာတာတွေ့တယ်။”
ညမထွက်ရအမိန့်
ထုတ်ပြန်မှုမရှိသော်လည်း စားသောက်ဆိုင်များ၊လက်ဖက်ရည်ဆိုင်များ၊
ဗွီဒီယိုရုံများနှင့် လူစု
လူဝေးရှိသည့်နေရာ
များအားည ၁၁ နာရီ အချိန်ထိသာ ဖွင့်ခွင့် ပေးသည်။
တာချီလိတ်မြို့အထိုင် ခမရ (၃၃၁) မှ လုံခြုံရေးအစီအစဉ်များအားတာဝန်ယူထားပြီး
တပ်ရင်းမှူးကိုယ်တိုင် လှည့်
လည်စစ်ဆေးနေသည်။
လွန်ခဲ့သည့်
သြဂုတ်လကုန်ပိုင်းအချိန်က မြန်မာစစ်အစိုးရတပ်များနှင့်ကိုးကန့်တပ်ဖွဲ့များ
တိုက်ပွဲဖြစ်ပွားပြီးချိန်၌်
တာချီလိတ်မြို့တွင်လုံခြုံရေးများတိုးမြှင့်ချထားသည့်အတွက် ဒေသခံများ
အထိတ်တလန့်ဖြစ်ခဲ့သည်။
ယင်းသို့
တာချီလိတ်မြို့တွင် ဖောက်ခွဲရေးသမားများဝင်ရောက်လာသဖြင့်
လုံခြုံရေးတင်းကျပ်နေချိန်သည် တရုတ်
မြန်မာနယ်စပ်ဒေသမှ ၀၊ မိုင်းလား၊ ကိုးကန့်စသော အပစ်ရပ်အဖွဲ့များအပြင်
မိုင်းတုံ၊ မိုင်းဆတ်ဒေသရှိ
ဝတောင်
ပိုင်းတပ်ဖွဲ့များနှင့် စစ်ရေးအရ တင်းမာနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
|