နိုင်ငံတကာငွေကြေးအကျပ်အတည်းကြောင့် ကျောက်မျက်ပြပွဲရောင်းအားကျ 

သတင်းနှင့်မီဒီယာ ကွန်ယက်။
ဒီဇင်ဘာလ ၈ ရက်၊ ၂၀၀၈ ခုနှစ်။

တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သော ရွှေလီ၊ ကြယ်ခေါင်မြို့တွင် ပထမဆုံးအကိမ် ကျင်းပ သည့် ကျောက်မျက်ပြပွဲ ၌ ကမ္ဘာ့ငွေကြေး ကျဆင်းမှုကြောင့် အရောင်းအေးခဲ့သည်ဟု ကုန်သည်ကြီးများအသင်းကပြောသည်။

တရုတ်ပြည်အတွင်းပိုင်းမှ ရတနာကုန်သည်များ အများအပြား လာရောက်ကြသော်လည်း တန်ဖိုးကြီးသည့် ကျောက်မျက်များကို ၀ယ်ယူခြင်းမရှိဟု ရွှေလီရှိ ကုန်သည်ကီးများ အသင်း တာဝန်ရှိသူက ပြောသည်။

"သောင်းပိုင်းလောက်ရှိတယ်ဗျ၊ တရုတ်ပြည်မကြီးကကုန်သည်တွေလာတာလေ၊ အရောင်း အ၀ယ်က ပါးတယ်၊ ပါးတယ်ဆိုတာက ခုနကဟို မန္တလေးတိုင်းက ဘဏ် ငွေရေးကြေးရေး ကိစ္စက တစ်ခု၊ နောက် ကမ္ဘာ့စီးပွားရေးကပ် နည်းနည်းကျနေတဲ့ခါကျတော့ ဒီကျောက်မျက် ကလည်း တရုတ်ကုန် သည်ကြီးတွေကလည်း ဒါတွေကိုပဲ သူတို့က ဆိုင်းနေမှာပေါ့နော။"

မန္တလေးရှိဘဏ်များတွင် ကျောက်ကုန်သည်များ အပ်နှံထားသည့် ငွေများ ပြဿနာ ဖြစ်သည့်အတွက် မြန်မာ့ ကျောက်ကုန်သည်ကြီးများ အနည်းငယ်မျှသာ လာရောက်သည် ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံဖက်က အငယ်တန်းကုန်သည် ရာဂဏန်းလောက်သာ လာရောက်ခဲ့ပြီး အဖိုးတန် ကျောက်များကို ရွှေလီဈေးကွက်သို့ မတင်သွင်းကြောင်း ၎င်းက ဆက်ပြော သည်။

"ရန်ကုန်၊မန္တလေး ဒီမြစ်ကြီးနားဟောင်း ရန်ကုန်မန္တလေးဖားကန့်ပေါ့နော့။ မြန်မာကုန်သည် ဒီမိုးကုတ် ကကုန်သည်ကျတော့ သိပ်မရှိဘူး၊ နည်းတယ်။ ဘာခေါ်လဲဆိုတော့ ရာပိုင်း လောက်ပဲရှိမှာပါ။ ရာပိုင်း ဆိုတာက တကယ့် ကုန်သည်ကြီးတွေတော့ မဟုတ်ဘူးဗျ ကုန်သည် ပေါက်စလေးတွေပေါ့နော့။ ခါး ကျောက်ရောင်းတဲ့ကုန်သည်တွေပေါ့။ တကယ့် အဆင့်မြင့် ကျောက်ရောင်းတဲ့ကုန်သည်တွေက သိပ် မရောက်ဘူးဗျ။"

ပြပွဲတွင် ခင်းကျင်းပြသထားသေား ကျောက်မျက်အများစုမှာ မြန်မာနိုင်ငံမှ ထွက်သည့် ကျောက်စိမ်းအရိုင်းခဲ၊ ဖြတ်သား၊ ကျောက်စိမ်းအပွင့်နှင့် အနီအပြာများ၊ ပန်းပုထုထားသော ကျောက်စိမ်းများနှင့် ခါးကျောက်ဟု ခေါ် သော အလယ်အလတ်တန်းစား ကျောက်စိမ်းများ နှင့် အာဖရိက၊ အိန္ဒိယနိုင်ငံမှ ထွက်သော စိန်များကို တင်ပြ ရောင်းချခဲ့ကြသည်။

ဆိုင်ခန်းတစ်ခန်းလျှင် တရုတ်ငွေ ၃၀၀၀၊ ၄၀၀၀ နှင့် ၅၀၀၀ အမျိုးမျိုးရှိပြီး ဆိုင်ခန်းပေါင်း ငါးရာခန့်ရှိသည့်အထဲမှ အများအားဖြင့် တရုတ်ကုန်သည်များသာ ငှားရမ်းဖွင့်လှစ်ကြပြီး မြန်မာဖက်မှ ဖွင့်လှစ်နိုင်သည့် ဆိုင်ခန်းငါးဆယ် ခန့်သာရှိ၍ မကာအို၊ ဟောင်ကောင်နှင့် ထိုင်ဝမ်မှ ကုန်သည်အချို့လည်း လာရောက်ရောင်းချခဲ့သည်။

ယင်းကျောက်မျက်ပြပွဲကို တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများမှ ကျောက်မျက် ရတနာ ကုန်သည်ကြီး များ ပူးပေါင်းကာ ဒီဇင်ဘာလ(၂)ရက်နေ့မှ (၄)ရက်နေ့ထိ ပြုလုပ် ကျင်းပခဲ့သည်။
 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။