မိဘမဲ့ ရံပုံငွေ ဆောင်းတွင်း အမှတ်တရ ဂီတဖျော်ဖြေပွဲ ချင်းမိုင်တွင်ကျင်းပ 

နွယ်လေး။
ဒီဇင်ဘာ
၈ရက်၊ ၂၀၀၈ခုနှစ်။

ရန်ကုန်ရှိ မိဘမဲ့ဂေဟာ ရံပုံငွေအတွက် ဆောင်းတွင်း အမှတ်တရ ဂီတဖျော်ဖြေပွဲကို မြန်မာနိုင်ငံ နာမည်ကြီး အဆိုတော်များက ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။

ချင်းမိုင်ဆောင်း အမှတ်တရ ဂီတဖျော်ဖြေပွဲကို   ထိုင်းနိုင်ငံအခြေစိုက် ခရစ်ယာန် ကချင်လူငယ် အဖွဲ့မှ ဦးစီးပီး မနက်ဖြန် ဒီဇင်ဘာလ ၉ ရက်နေ့ ည ၆နာရီ မှ ၁၀နာရီထိ ချင်းမိုင်မို့ တရုတ်ယူနန်ဘုံကျောင်းတွင် ကျင်းပမည်ဖြစ်သည်။

 "ဘန်ကောက်က သူငယ်ချင်းနဲ့လေ ရန်ကုန်က လာတဲ့ ခရစ်ယာန်လူငယ်လည်း ပါတယ်။ ရန်ကုန်မှာ သူတို့ ဘုရားကျောင်းပေါ့နော် ဘုရားကျောင်းအတွက် အလှူနည်းနည်းပါးပါး နောက်ပြီးတော့ သူတို့ သိတဲ့ မိဘမဲ့ဂေဟာတွေလေ အဲလိုဟာလေးတွေ ရှိတယ် အဲလိုဟာ လေးတွေကို သူတို့လူငယ်တွေ အနေနဲ့ ပါးပါး လှူနိုင်အောင်  ရည်ရွယ်ပြီး လုပ်ဖြစ်တာပါ " ဟု ပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကိုအား ရမ်က ပြောသည်။

ဂီတပွဲတော်တွင် ရင်ဂို၊ မေခလာ၊ ဘိုဖြူ၊ ထူးအယ်လ်လင်း၊ မီးမီးခဲ၊ ကဗျာဘွဲ့မှုးနှင့် အယ်လ်ဆာရာ စသည့် နာမည်ကြီး အဆိုတော်များပါဝင်မည် ဖြစ်သည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား လူငယ်များကို ၀င်ကြေး လက်မှတ် တစ်စောင်ဘတ် ၁၅၀ နှင့် ရောင်းချပေးသည်ဟု ကချင်လူငယ် အဖွဲ့ဝင် အမျိုးသမီး တစ်ဦးက ပြောသည်။

"အစက ဘတ် ၃၀၀ ဆိုပီး လုပ်ထားတယ်။ ဒါပေမယ့် ဒီမှာစီးပွားရေး အခြေနေလဲ မကောင်းတော့ အားလုံးလည်း ကြည့်နိင်အောင် အားလုံးလဲကြည့်ချင်တော့ balance ဖြစ်အောင် ဆိုပီးဈေးနှုန်း လျှော့လိုက်တယ်။ ဒီမှာနေတဲ့ ကိုယ့်မြန်မာလူမျိုးတွေအတွက် လုပ်ပေးရတာ ကျမတို့လဲ ၀မ်းသာ တယ်။"

ခရစ်ယာန် ဘာသာဝင် အဆိုတော်များအပြင် အခြားဘာသာဝင် အဆိုတော်များသည် အခက်အခဲများကြားမှ ကိုးစားပီး အားတက်သရော လာရောက်ကူညီ သီဆိုခြင်းဖြစ်ပြီး ပီးခဲ့သည့် သောကြာနှင့် စနေနေ့ည၌ ဘန်ကောက်မို့တွငှ်စ်ညဖျော်ဖြေခဲ့ပီး ပရိတ်တ်ပေါင်း သုံးရာကျော် လာရောက် အားပေးခဲ့သည်။

လွန်ခဲ့သည့်လများအတွင်းကလည်း နာမည်ကြီး အဆိုတော် ဆုန်သင်းပါရ်နှင့် အတူ မြန်မာပြည်မှ ထင်ရှားသော အဆိုတော်များသည် ချင်းမိုင်မြို့တွင် နာဂစ်နှင့် ချင်းပြည်နယ် အစာငတ်မွတ်ခေါင်းပါးမှု ဘေးသင့် ဒုက္ခသည်များ တွက် ရံပုံငွေ ဖျော်ဖြေပွဲများ ကျင်းပခဲ့သည်။
 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။