|
မြန်မာအမျိုးသမီးများ
အခွင့်အရေးချိုးဖောက်ခံနေရဆဲ
သီတာထွန်း။
မတ်လ ၉ ရက်၊ ၂၀၀၉ ခုနှစ်။
စစ်အစိုးရလက်အောက်တွင် အမျိုးသမီးများ
လိင်ပိုင်ဆိုင်ရာအကြမ်းဖက်ခြင်းနှင့် ခွဲခြား
ဆက်ဆံခြင်းများ
ရှိနေဆဲဖြစ်ပြီး
စစ်ပွဲများ၏ ဆိုးကျိုးများကိုလည်း
ဆက်လက်ခံစား နေရဆဲ ဖြစ်သည်ဟု ယမန်နေ့က ကျရောက်
သည့်
နိုင်ငံတကာအမျိုးသမီးနေ့
အထိမ်းအမှတ် အခမ်းအနားတွင် အမျိုးသမီးအရေးလှုပ်ရှားသူတဦးက
ပြော သည်။
“လက်ရှိ
မြန်မာနိုင်ငံရဲ့
အနေအထားမှာ ကြည့်လို့ရှိရင်
အမျိုးသမီးတွေဟာ
မနေ့ကလို
နေ့ မျိုးမှာ
တောင်
စုရုံးခွင့်မရဘူး၊ တချိန်တည်းမှာ စစ်အာဏာရှင်အောက်မှာ မြန်မာနိုင်ငံမှာရှိတဲ့
အမျိုးသမီး
တွေဟာ
ဖိနှိပ်ခံနေရတယ်၊ တချိန်တည်းမှာ စစ်ဖြစ်နေတဲ့ ဧရိယာတွေမှာဆို နအဖစစ်တပ်ရဲ့
မုဒိန်း
ကျင့်တာတွေကိုလည်း
ခံနေရတယ်၊ နအဖ စစ်အစိုးရရဲ့ လက်အောက်မှာ အမျိုးသမီးတွေ
အကြမ်းဖက်
မှုမျိုးစုံခံရတယ်၊
လူမှုအသိုင်းအ၀ိုင်းနဲ့ လူမှုဝန်းကျင်မှာလည်း အမျိုးသမီးတွေဟာ
အကြမ်းဖက်မှုတွေ
ခံနေရတယ်၊
အမျိုးသမီးအခွင့်အရေး
လှုပ်ရှား မှုတွေကိုလည်း အာဏာရှင်အစိုးရရဲ့လက်အောက်မှာ ဖြစ်တဲ့အတွက် မြန်မာပြည်
တွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် မလှုပ်ရှားနိုင်ဘူး။”
ဟု အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)မှ
တွဲဘက်အထွေထွေ
အတွင်းရေးမှူး (၁) ဒေါ်တင်တင်နွယ်က
ပြောသည်။
လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသမီးများအား
လူထုလှုပ်ရှား မှုများတွင် ပါဝင်ခြင်း
မရှိစေရန်
ဖမ်းဆီးထိန်းသိမ်းထားခြင်းသည်လည်း အမျိုးသမီးထု
အပါအ၀င် ပြည်သူလူထုတရပ်လုံးကို စိန်ခေါ်
လိုက်သော
လုပ်ရပ်ဖြစ်သည်ဟု ယမန်နေ့က
ထုတ်ပြန်သည့် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)၏
ထုတ်ပြန်
ချက်ထဲတွင် ဖော်ပြထားသည်။
နိုင်ငံရေးဦးဆောင်မှုတွင်လည်း
အကြမ်းဖက်ခံရခြင်းများ၊ ခွဲခြားခံရခြင်းများမရှိဘဲ
အားလုံးက လက်တွဲခေါ်ယူ
သွားမည်ဆိုပါက
အမျိုးသမီးများ၏
နိုင်ငံရေးဦးဆောင်မှုမှာ
တိုးတက် လာမည်ဖြစ်သည်ဟု ၎င်းက ဆက်
ပြောသည်။
“အမျိုးသမီးတွေဟာ
အကြမ်းဖက်မှုတွေမခံရဘူး၊ အမျိုးသမီးတွေဟာ
လွတ်လွတ်လပ်လပ် ပညာ
သင်ကြားခွင့်ရှိမယ်၊
ပါဝင်ခွင့်အခွင့်အလမ်းတွေ ရှိမယ်ဆိုရင် အမျိုးသမီးတွေရဲ့
နိုင်ငံရေးမှာ
ဦးဆောင်မှု
အနေအထားတွေက
မြင့်တက်လာမှာပေါ့နော်၊ လက်ရှိမြန်မာနိုင်ငံ
အနေအထားမှာ
ကြည့်ရင် ခေါင်းဆောင်မှု
အခန်းကဏ္ဍမှာ အမျိုးသားတွေက
ပိုပြီးတော့
များတယ်၊
အဲဒီအနေအထား
မှာ တက်လာတဲ့အမျိုးသမီးတွေကိုလည်း
သူတို့တွေက အမျိုးသမီးဆိုတဲ့
အမြင်နဲ့ ခွဲခြားတဲ့အမြင်တွေ မရှိဖို့လိုတယ်၊ တချိန်တည်းမှာဘဲ ဒီအမျိုး
သမီးတွေ
လုပ်နိုင်စွမ်းရှိတာကို သူတို့အနေနဲ့
အသိအမှတ်ပြုဖို့ လိုသလို သူတို့အနေနဲ့
လက်တွဲခေါ်ယူဖို့လည်း
လိုတယ်လို့ အစ်မအနေနဲ့မြင်တယ်၊
ဒါမှလည်း
နယ်ပယ်အသီးသီး မှာ အမျိုးသမီးတွေရဲ့
အခန်းကဏ္ဍတွေက မြင့်တက်လာမှာပေါ့။”
ကျား၊ မ
တန်းတူအခွင့်အရေးများရရန် မိမိတို့အမျိုးသမီးများကိုယ်တိုင်ကလည်း
စွမ်းစွမ်းတမံ ကျိုးစားအား
ထုတ်မှသာ ဖြစ်လာနိုင်လိမ့်မည်ဟု
မတင်တင်နွယ်က သုံးသပ်သည်။
ယမန်နေ့က
နိုင်ငံတကာအမျိုးသမီးများနေ့ကို
ထိုင်းနိုင်ငံ၊
ချင်းမိုင်မြို့တွင်
အမျိုးသမီးများ
အဖွဲ့ချုပ်(မြန်မာနိုင်ငံ)နှင့်
အခြားအစိုးရမဟုတ်သည့် အဖွဲ့အစည်းများက
ချီတက်လမ်း
လျှောက်ပွဲပြုလုပ်ကြပြီး
တရုတ်၊အိန္ဒိယနှင့်
ဘင်္ဂလားဒေ့ခ်ျနိုင်ငံနယ်စပ်ရှိ
အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)၏ အဖွဲ့ဝင်များက အခမ်းအနားများ
ကျင်းပခဲ့ကြသည်။
|