|
လူထုဒေါ်အမာ ဈာပန လူထောင်ချီ လိုက်ပါပို့ဆောင်
ခွန်အောင်မြတ်။
ဧပြီလ
၉ ရက်၊ ၂၀၀၈ ခုနှစ်။
သတင်းစာဆရာ၊
စာရေးဆရာမကြီး
လူထုဒေါ်အမာ၏
ဈာပနပွဲ ယနေ့ပြုလုပ်ရာ လူပေါင်းထောင်ချီ လိုက်ပါပို့
ဆောင်ကြသည်။
ဒေါ်အမာ၏
ဈာပနအခမ်းအနားကို လိုက်ပါပို့ဆောင်ရာတွင်
ကားအစီးပေါင်း ရာနှင့်ချီ၍ လိုက်ပါပို့ဆောင်ကြ
သည်ဟု ဈာပနပို့ရာတွင် လိုက်ပါခဲ့သည့် လူရွှင်တော်
ဦးပါပါလေးက ပြောသည်။
“စည်တာကတော့ဗျာ
ကားအစီးပေါင်း (၁၃၀)ကျော်ပဲဗျ။
ဆိုင်ကယ်ကတော့ဗျာ ရေကို မရေနိုင်တော့ ဘူးပဲ။
အများကြီးဗျာ
လူထုပရိဿတ်ကတော့။
နောက်တခါ သုဿန်မှာလည်း ပြည့်ညပ်သွားတာပဲ ကားတောင်
ထားစရာမရှိတော့ဘူး။ ရှားတယ် ရှားပါတယ်။ ဒီလို
အမေမျိုးကတော့မရှိပါဘူး။ ပန်းခွေ ပန်းခြင်းကတော့ အများကြီးပဲဗျ။
စာပေလောကဗျာ၊ အနုပညာရှင်လောက ကတော့ ကျနော်
လူရွှင် တော် နုတ်ခမ်းမွေး ပါပါလေး မိသားစုပေါ့ဗျာ။
နောက် စာပေလောကပါတယ်၊ နောက် စာနယ်ဇင်း တွေ။ နောက်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊
နောက်မြို့မတီးဝိုင်း၊
နောက် ဌာနဆိုင်ရာပေါ့ဗျာ။ တော်တော်လေးပါပါတယ်။
တော်တော့်ကို များတယ်ဗျ။”
လူထုဒေါ်အမာ၏
ဈာပါနအခမ်းအနားတွင် မီးမသင်္ဂြီုလ်မီအချိန်တွင်
ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် ပေးပို့သည်ဆိုသည့်
လွှမ်းသူ့ပန်းခြင်းကို
ဒေါ်အမာ ၏ ခေါင်းရင်းတွင် ထောင်ထားကြောင်း
ဦးပါပါလေးက ပြောသည်။
“ထူးခြားတာတခုကတော့
အမေ့ကို မီးသင်္ဂြီလ်ခါနီးလေးမှာ
ကျနော်တို့ အားလုံးပေါ့ဗျာ၊
ဗွီဒီယို ကင်မ ရာတွေ
ရိုက်တာကတော့ အလုံးကတော့ မရေနိုင်ဘူးဗျ၊ လူတိုင်းလိုလို ရိုက်တဲ့အခါမှာ အဲဒီမှာ
ကျနော် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ပန်းခြင်းကိုလေ အမေ့ခေါင်းရင်းကနေပြီးတော့ သူတခုထဲ
ပဲ ထောင်ထားတာဗျ။ ထောင်ပြီးတော့ကို
တယောက်က ကိုင်ပေးထားတယ်။ အဲဒါတော့ ထူးခြားတယ်
ဗျ။ လူတွေ လူတိုင်း ကြက်သီး
ထပြီး ၀မ်းသာကြတာပေါ့ဗျာ။
ဟာ ဟာနဲ့ နေတာပဲဗျာ။ ၀မ်းသာကြ
တာပေါ့ဗျာ။ အဲဒါလေး ကတော့ ကျနော်တို့
ရင်ထဲမှာလည်း ကျေနပ်သွားတာပေါ့ဗျာ။”
ဈာပနအခမ်းအနားတွင် မြန်မာစစ်အစိုးရ၏
ထောက်လှမ်းရေးဖြစ်ပုံရသူများက မှတ်တမ်း ဓာတ်ပုံ ရိုက်ယူမှုများ
ပြု
လုပ်သည်ဟု ၄င်းက
ဆက်ပြောသည်။
နိုင်ငံကျော် သတင်းစာဆရာ၊
စာရေးဆရာမကြီး
လူထုဒေါ်အမာသည် ဧပြီလ
၇ ရက်နေ့ တွင် မန္တလေးပြည်သူ့
ဆေးရုံကြီးတွင်
နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
|