|
အိမ်နီးချင်းနိုင်ငံများမှ လားဟူအမျိုးသားများ
ကျာအူဖရား ဈာပနသို့ လာရောက်ဂါရ၀ပြု
သတင်းနှင့်မီဒီယာကွန်ယက်။
မေလ ၉ ရက်၊ ၂၀၀၇ခုနှစ်။
လားဟူအမျိုးသားများ၏
ပထမဆုံး တော်လှန်ရေးအဖွဲ့အစည်းကို စတင်တည်ထောင် ခဲ့သူနှင့် လားဟူဒီမိုကရက်
တစ်တပ်ဦး၏ နာယက ဦးကျာအူဖရား၏ ဈာပနကို ထိုင်းမြန်မာနယ်စပ်ရှိ လားဟူရွာ
တရွာတွင် ယနေ့နေ့ခင်း ပိုင်းက ကျင်းပခဲ့ပြီး ထိုင်း၊ တရုတ် နှင့် လောနိုင်ငံမှ
ရာနှင့်ချီသော လားဟူအမျိုးသားများ လာရောက် ဂါရ၀ပြု ခဲ့ သည်။
ဦးကျာအူဖရားသည် ၁၉၇၃
ခုနှစ်တွင် လားဟူအမျိုးသားများကို စည်းရုံး၍ ပထမဆုံး လားဟူတော်လှန်ရေး အဖွဲ့
အစည်းဖြစ်သော လားဟူအမျိုးသား အစည်းအရုံး
(LNO)
ကို
ဦးဆောင်တည်ထောင်ခဲ့ကာ အခြားတိုင်းရင်း သားအဖွဲ့အစည်းများနှင့် လက်တွဲ၍ လားဟူ
အမျိုးသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဒီမိုကရေစီရေး အတွက်
မြန်မာအစိုးရကို တော်လှန်တိုက်ခိုက်ခဲ့သူ ဖြစ်သည်။
၁၉၉၅ ခုနှစ်တွင်
လားဟူအမျိုးသားအစည်းအရုံး
(LNO)
ကို လားဟူဒီမိုကရက်တစ်တပ်ဦး
(LDF)
အဖြစ် ပြောင်း လဲ
ဖွဲ့စည်းချိန်အထိ LNO ၏ဥက္ကဌအဖြစ်
တာဝန်ထမ်းဆောင်ခဲ့ပြီး LDF
ဖွဲ့စည်းပြီးချိန်တွင် LDF
၏နာယက အဖြစ် ကွယ်လွန်ချိန်အထိ ဆောင်ရွက်ခဲ့သည်။
ဦးကျာအူဖရား၏
စွမ်းဆောင်မှုများကို ပလောင်လွတ်မြောက်ရေးတပ်ဦးမှ မိုင်အိုက်ဖုန်းက ယခုလို
ပြန်လည် ပြောသည်။
“ဦးကျာအူဖရားဆောင်ရွက်ခဲ့တာတွေကတော့ အရေးကြီးတဲ့ ဆောင်ရွက်ချက်တွေ အများကြီး
ရှိခဲ့ပါ တယ်။ ဥပမာ NDF
(အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု) မှာလည်း အလယ်ပိုင်း စစ်ကြောင်းမှာလေ
ပါဝင်ပြီးတော့ အဲဒီမှာ ကြံကြံခိုင် တိုက်ပွဲဝင်ခဲ့တာတွေရှိတယ်။ နောက်တခုက
မဲ့အိုင်းနယ်စပ်မှာ လှုပ် ရှားနေတဲ့အချိန် ကျနော်တို့ ပလောင် တွေ၊
အခြားအဖွဲ့တွေလည်း အများကြီး အကူညီပေးတာ တွေ ရှိတယ်။ သူက တကယ့်ရိုးသားပြီးတော့
ဦးဆောင်မှု အခန်းကဏ္ဍမှာ တော်တော်လေး ခိုင်မာ တယ်လို့ ပြောလို့ရတယ်။”
အသက် ၈၅ နှစ်အရွယ်ရှိ
ဦးကျာအူဖရားသည် ယခုလ ၄ရက်နေ့ ညပိုင်းတွင် ချင်းမိုင်းမြို့ရှိ စွန်ဒေါ့ဆေးရုံ၌
လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။
ဦးကျာအူဖရား
ကွယ်လွန်သွားသော်လည်း သူခင်းခဲ့သည့်လမ်းကို ဆက်လက်လျှောက်လှမ်း သွားမည်ဟု လားဟူ
ဒီမိုကရက်တစ်တပ်ဦး၏ ဒု-ဥက္ကဌ ဦးကျားဖူးလို က ပြောသည်။
“ကျနော်တို့ကတော့ ကြယ်တပွင့်ကျသွားတယ်လို့ ခံစားရတယ်။ ဒါပေမယ့်
သူကြဲလိုက်တဲ့မျိုးကတော့ အဲဒီမျိုးကိုတော့ထပ်ပြီးတော့မှ ရှင်သန်ဖို့လုပ်မယ်လို့
ကျနော်တို့ ခံယူထားတယ်။ ကျနော်တို့ သွားရ မယ့် လမ်းတွေက အဝေးကြီးကျန်ပါသေးတယ်။
ဒီဥစ္စာကိုတော့ ဆက်ပြီးတော့မှ လုပ်ဖို့ ကျနော်တို့ ခံယူထားတယ်။”
ဦးကျာအူဖရား၏
ရုပ်ကလာပ်ကို ထိုင်းမြန်မာနယ်စပ်ရှိ လားဟူရွာသို့ သယ်ယူခဲ့ကာ နိုင်ငံအသီးသီးမှ
လားဟူ အမျိုးသားများ လာရောက်နိုင်ရန် ၅ ရက်တိုင်ထားရှိခဲ့ပြီး ယနေ့ ၁၂
နာရီခန့်တွင် ဈာပနအခမ်းအနားကို ကျင်းပခဲ့ရာ စုစုပေါင်း ပရိသတ် ၅၀၀ ကျော်
တက်ရောက်ခဲ့သည်။
|