|
ငြိမ်းအဖွဲ့များ
လုပ်အားပေး ခိုင်းစေမှုကြောင့် တောင်ယာလုပ်ရန်အခက်ခဲများရှိနေ
အောင်မိုးမြင့်။
ဇွန်လ ၉ ရက်၊ ၂၀၀၇ ခုနှစ်၊
ကယားပြည်နယ် မော်ချီးမြို့ အနီးရှိ ကျေးရွာများကို မြန်မာအစိုးရနှင့်
ပူးပေါင်းသွားသော ကရင်နီအမျိုးသား သွေး စည်းညီညွတ်ရေးအဖွဲ့ (ကမစရ) မှ တပ်စခန်း
တည်ဆောက်ရန် အတွက် လုပ်အားပေး ခေါ်ခိုင်းနေသည်ဟု သိ ရသည်။
လုပ်အားပေး ခိုင်းစေနေမှုများကြောင့် ဒေသခံပြည်သူများ တောင်ယာလုပ်ရန်
အခက်အခဲများဖြစ်နေကြကြောင်း အဲ့ဒီဒေသမှ နယ်စပ်သို့ ရောက်ရှိလာသည့် ကိုမိုးမင်းက
ယခုလို ပြော ပြသည်။
̏
ကိုယ့်ထမင်းထုပ်နဲ့ကို သူတို့ သွားရတယ် နောက်ပြီးတော့ သူတို့ ပြောတာက
အခကြေးငွေ ဘာမှမ ရဘူး။ ခက်တာက အခုအချိန်က ဒီ တောင်ယာတွေလုပ်နေတဲ့အချိန်လေ ဒီ
ဇွန် ဇူလိုင် ဆို တောင်ယာ လုပ်ငန်း တွေလုပ်တဲ့ အချိန်မှာ ပြဿနာတွေ
အများကြီးဖြစ်တယ်။˝
ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့မှစပြီး မော်ချီး နှင့် လိုခါးလို ရွာ အကြားရှိ
ဘဘကြီးတောင်ကုန်း ကို ကမစရ ( ယ ခင်ကရင်နီတပ်မတော်မှ တပ်ရင်းမှူးဟောင်း ) မှ
တယ်နယ် ဦးဆောင် သည့်အဖွဲ့က တပ်စခန်း တည်ဆောက် ရန် အတွက် ယနေ့အချိန်ထိ
လုပ်အားပေး ခေါ်ခိုင်း ခြင်း ဖြစ်သည်ဟုသိရသည်။
မော်ချီးဒေသ အနီးရှိ ကျေးရွာ လေးငါးရွာကို ခေါ်ပြီး လုပ်အားပေးခိုင်းနေကြောင်း
ကရင်နီ လူမှုကယ်ဆယ်ရေး နှင့် ဖွံ့ဖြိုးရေး တာဝန်ခံ ဒယ်နီယယ် က
အခုလိုပြောပြပါသည်။
̏
သူတို့ ဒီအနီးအနားက မော်ချီး
အနီးအနားက ကျေးရွာတွေအားလုံး တရွာကို နှစ်ယောက် ကနေ ငါး ယောက် ဟို ဆယ်ယောက်ပေါ့
စသည်ဖြင့် ရွာကြီးရင် ကြီးသလို သူတို့ခေါ်တယ် ခေါ်ပြီးတော့မှ ကာ ဘာကျင်း
ပြန်တူးခိုင်းတာတို့ ခြံစည်းရိုး ကာခိုင်းတာတို့ အဲ့လိုမျိုးလုပ်ခိုင်း
တယ်ပြောတယ်၊˝
ကရင်နီ
အမျိုးသား သွေးစည်းညီညွတ်ရေး အဖွဲ့ (ကမစရ) သည် ကရင်နီ တိုးတက်ရေးပါတီ
(ကေအန်ပီပီ) မှ ခွဲ ထွက်ပြီး ၂၀၀၂ ခုနှစ် အောက်တိုဘာလတွင် မြန်မာစစ်တပ်နှင့်
ငြိမ်ချမ်းရေး ယူထားသော အဖွဲ့တဖွဲ့ဖြစ်သည်။
|