|
တိုက်ပွဲဆက်တိုက် ဖြစ်ပွားမှုကြောင့် ရွာသား
ထောင်ချီ ထွက်ပြေးရ
ခွန်အောင်မြတ်။
ဇွန်လ ၉ ရက်၊ ၂၀၀၈ ခုနှစ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ကေအဲန်အယ်လ်အေ)နှင့် မြန်မာစစ်အစိုးရ
တပ်ဖွဲ့များကြား တိုက်ပွဲ
များ
ဆက်တိုက်ဖြစ်ပွားကာ ကျေးရွာများ မီးရှို့ခံရသဖြင့် ထောင်နှင့်ချီသော
ကျေးရွာသားများ အိုးအိမ်စွန့်ကာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကရင်
အမျိုးသားအစည်းအရုံး
(ကေအဲန်ယူ)က
ပြောသည်။
မေလ တတိယပတ်မှ ဇွန်လ ပထမပတ်အတွင်း ကေအဲန်ယူနှင့် မြန်မာစစ်အစိုးရတပ်၊ ဒီကေဘီအေ
တပ်ဖွဲ့တို့ တိုက်ပွဲပေါင်း ၂၀ နီးပါး ဖြစ်ပွားပြီး ကျေးရွာသုံးရွာမှ ရွာသား
တစ်ထောင်ကျော် ထွက်ပြေး တိမ်းရှောင်ကြရ
သည်ဟု ကေအဲန်ယူ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ က ပြောသည်။
ယခုလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ ဖာပွန်ခရိုင်အတွင်း ကေအဲန်ယူနှင့် မြန်မာစစ်တပ်
တို့ တိုက်ပွဲပေါင်း ၄ ကြိမ်ဖြစ်ပွားပြီး မြန်မာစစ်တပ်ဘက်မှ ၄ ယောက်သေဆုံးပြီး၊
၅ ဦး ဒဏ်ရာရရှိသဖြင့် မြန်မာတပ်က ၀ါကလီတူ ဒီဒယ်အော နာဒယ်ဒေး တီးမူဒဲ
ရွာများကို မီးရှို့ခဲ့သည်ဟု ကေအဲန်ယူ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ
ဗိုလ်မှူး စောလှငွေ က ပြောသည်။
"အဲမှာ
တွက်ကြည့်ရတာကတော့ ဖာပွန်ခရိုင် သုံးမြို့နယ်အတွင်းမှာ ကေအဲန်အယ်လ်အေ တပ်တွေနဲ့
နအဖ တပ်တွေက ၁ရက်၊ ၂ ရက်၊ ၃ ရက်၊ ၄ ရက်နေ့အထိပေါ့ဗျာ ဆက်တိုက် တိုက်ပွဲဖြစ်တဲ့
အခါကျ
တော့ လေးရက်နေ့ တိုက်ပွဲအပြီးမှာတော့ ရွာထဲမှာဖြစ်တော့ အဲဒါကို သူတို့
မီးရှို့ပစ်တယ်။ မီးရှို့ပစ်
တယ်ဆိုတော့
အဲဒီနေရာကို ကြည့်လိုက်လို့ရှိရင်တော့ ရွာသားတွေ တချို့နေတဲ့နေရာရှိမယ်လေ အဲမှာ
လယ်တွေလည်းရှိတယ်ရော ဆိုတဲ့အခါ ကျတော့ ဒီလူတွေ ထွက်ပြေးကြမယ်ဆိုရင်တော့ တစ်
ထောင် ပတ်ဝန်းကျင်လောက် ရှိနိုင် တာပေါ့။ ဒါတွေက တိုက်ပွဲရဲ့
အကျိုးဆက်တွေကြောင့် ဖြစ်ပေါ်
လာတဲ့ဟာတွေ။"
ပြီးခဲ့သည့်မေလမှ ဇွန်လ ၄ ရက်နေ့ အထိ ကေအဲန်ယူ တပ်ဖွဲ့နှင့် မြန်မာစစ်တပ်၊
ဒီကေဘီကေ တပ်ဖွဲ့တို့ တိုက်
ပွဲပေါင်း ၁၈ ပွဲ ဖြစ်ပွားပြီး မြန်မာစစ်တပ်ဖက်မှ အရာရှိ သုံးဦး အပါအ၀င် ၁၇
သေဆုံးပြီး ၉ ဦးဒဏ်ရာရရှိကာ ဒီကေဘီအေတပ်ဖွဲ့မှ တပ်သား ၃ ဦးသေ၊ ၅ ဦး
ဒဏ်ရာရှိသည်ဟု ၄င်းက ပြောသည်။
"ကျနော်တို့ဖက်ကတော့
လောလောဆယ်မှာ ထိတွေ့မှုကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အပေါ်မှာ ကျ
နော်တို့ကတော့ မြှင့်တင်တဲ့ သဘောကတော့ ရှိနေတယ်ပေါ့။ ဒါပေမယ့် ကျနော်တို့ကတော့
မကြေ
ညာဘူး။ ပြောရမယ်ဆိုလို့ရှိတော့ တမင်ထိုးစစ်ဆင်တာထက် အေးပေါ့ ကျနော်တို့ကတော့
ဘယ်လို
ခေါ်ရမှာလဲဆိုလို့ရှိရင် ဒေသတွင်းမှာ သူတို့ရဲ့ အခြေချမှုတွေနဲ့ သူတို့
လူထုအပေါ်မှာ ဟိုဟာမှု
တွေအပေါ်မှာတော့ ကျနော်တို့ ခါတိုင်း ထက်ပုံစံ ထိထိရောက်ရောက် လူထုကို
ကာကွယ်ဖို့ ကိုယ့်ရဲ့
တာဝန်ရှိတဲ့နေရာမှာတော့ သွက်သွက်လက်လက် တုန့်ပြန်တဲ့ သဘောတော့ရှိတယ်။ အဲလိုပဲ
ထိထိရောက်ရောက် တုံ့ပြန်တဲ့ သဘောပဲ။ အထိနာတဲ့ တုံ့ပြန်မှုတွေ ကျနော်တို့
ဆောင်ရွက်နေ
တယ်။"
ကေအဲန်ယူအနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်
ဆွေးနွေးအဖြေရှာလို သော်လည်း မြန်မာ
စစ်အစိုးရက တိုက်ခိုက်ချေမှုန်းရေးဖြင့် ပြုလုပ်နေသဖြင့် ပြန်လည်
တုန့်ပြန်ရခြင်းဖြစ်သည်ဟု ဗိုလ်မှူး
စောလှငွေ
က ပြောသည်။
ထိုင်းနယ်စပ်တွင်
ပြည်တွင်းစစ်ဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်ပြီး ဒုက္ခသည်စခန်း (၉) ခု ရှိပြီး
ဒုက္ခသည် ၁သိန်းလေးသောင်းကျော် ခိုလှုံနေသည့် အနက် ကရင်ဒုက္ခသည် များမှာ
အများဆုံးဖြစ်သည်။
|