ကရင်မိသားစုဝင် ၅ ဦးအား ဒီကေဘီအေမှ သတ်ဖြတ်ဟု ကေအဲန်ယူပြော

အောင်မိုးမြင့်                                                                                                            ဇူလိုင်လ ၉ ရက် ၂၀၀၇ ခုနှစ်

တိုးတက်သော ကရင်ဗုဒဘာသာတပ်ဖွဲ (ဒီကေဘီအေ) က အသက် ၄ နှစ်အရွယ် ကလေးတဦး အပါအ၀င် မိသားစု ၅ ဦးကို ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) နှင့် ဆက်သွယ်သည်ဟုစွပ်စွဲကာ သတ်ဖြတ်ခဲ့ သည်ဟု ကေအဲန်ယူ တပ်ရင်း(၁၀၃) တပ်ရင်းမှူး စောနေစေးက ပြောသည်

ထီးတဲပလဲ မှာရှိတဲ့ ဒီကေဘီအေ အသိုက်ပဲ သတ်သွားတာ ။ ဘာမသိ ညာမသိနဲ ည ၈ နာရီလောက် မှာ လာ ၀င်ဖမ်းတာပဲ။ ရွာသားတွေ ပြောတဲ့အရဆိုရင် သူတို ဖိနပ်တွေ ဘာတွေတောင် မစီးအားဘူး ။ ခြင်ထောင်တွေ ဘာတွေလဲ ဒီအတိုင်းပဲ ဆွဲချသွားတာပဲ။”

ဇွန်လ ၂၃ ရက်နေ ည ၈ နာရီခန်တွင် ထီးတဲပလဲ ရွာတွင် နေထိုင်သော စောနေဖေါ (၃၈) နှစ် ဇနီး နော်မူဝါကျဲ (၃၃) နှစ် သား စောအယ်စိုး (၁၂)နှစ် သား စောအယ်ဝါး (၄) နှစ် နှင့် စောနေဖေါ မိခင် နော်ဖလဲ့ဖိုး (၆၂) နှစ် တိုကို လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်

ရွာသို ပြန်လည်မရောက်ရှိလာသောကောင့် ရွာရှိ ကျောင်းထိုင်ဘုန်းကီး တပါးနှင့် ရွာသားများက လိုက်လံ ရှာဖွေရာ ဇွန်လ ၃၀ ရက်နေတွင် ရွာအပြင်ရှိ မြန်မာစစ်တပ်နှင့် ဒီကေဘီအေ တပ်စခန်းအနီးတွင် မြုပ်ထားသော အလောင်းများကိုသာ တွေရှိသည်ဟု စောနေစေးက ပြောသည်

ထိုအဖြစ်အပျက်နှင့်ပတ်သက်ပီး အဲ့ဒါက ကျနော်ထင်တာက သူတိုဒီကျနော်တိုနဲ တိုက်ပွဲဖြစ်တုန်းက သူတပ်ခွဲမှူး တစ်ယောက် ဆုံးသွားတာ ကျသွားတာ။ အဲ့ဒီကိစနဲ နွယ်ပီး သူတို အဲ့ဒီလူက ကျနော် တိုနဲ အဆက် အသွယ်လုပ်တယ်ဆိုပီးတော့ အထင်လွဲပီး သတ်တာထင်တယ် ကျနော်ထင်တာဟု ကေအဲန်ယူ တပ်ရင်း(၁၀၃) တပ်ရင်းမှူး စောနေစေးက ဆက်လက်ပြောသည်

တိုးတက်သော ကရင်ဗုဒဘာသာတပ်ဖွဲ (ဒီကေဘီအေ) မှ အမည်မဖေါ်လိုသူ အရာရှိတစ်ဦး က ကေအဲန်ယူ စွပ်စွဲချက် မမှန်ကန်ကောင်း ငြင်းဆိုသည်

အဲ့နေရာရယ် သူတို ပြောတဲ့ အချိန်ဟာ ဘာမှမရှိဘူး ကျနော်တိုအနေနဲ့ရွာသားတွေကို ဘာမှ လည်း မလုပ်ဘူး လုပ်မယ့်အစီအစဉ် လည်းမရှိဘူး ဘာမှလည်းမလုပ်ခဲ့ဘူး။” 

အခင်းဖြစ်ပွားသည့် အချိန်က ရွာပြင်ရှိ တပ်စခန်းတွင် နအဖ စစ်အစိုးရတပ်မှ ခလရ ၂၈၄ တပ်ရင်းမှ ဗိုလ်နိုင် လင်းအောင် ဦးဆောင်သော တပ်ခွဲတခွဲ နှင့် ဒီကေဘီအေ တပ်ဖွဲဝင်များ ပူးတွဲနေထိုင်လျက် ရှိသည်

ထီးတဲပလဲ ရွာသည် ထိုင်းနိုင်ငံ အုန်းဖျန်မို တဖက် မြန်မာနိုင်ငံအတွင်းတည်ရှိသည်

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။