ဗန်းမော်မြိုမှာ ရွှေဆိုင်ဓားပြတိုက်မှုဖြစ်ပွား၊ တရားခံ မဖမ်းမိ

သတင်းနှင့်မီဒီယာ ကွန်ယက်။
ဇူလိုင်လ ၉ ရက်၊ ၂ဝဝ၉ ခုနှစ်။

ဗန်းမော်မြို၊ မြိုမဈေးလမ်းရှိ ရွှေဆိုင်တွင် ဓားပြတိုက် လုယက်မှုတခု ဖြစ်ပွားရာ ရွှေ(၁၂) ကျပ်သား၊ ကာလတန် ဘိုး ကျပ်သိန်း(၆ဝ)ကျော်ဖိုး  ပါသွားသည်ဟု ဒေသခံတဦး က ပြောသည်။

ဇူလိုင်(၆)ရက်နေ့က နံနက်ကိုးနာရီခန့်တွင် အမည်မသိလူနှစ်ဦးက ဆယ်ကယ်တစီးဖြင့် မြိုမဈေးအရှေရှိ စံရွှေ မြင့် အမည်ရှိ ရွှေဆိုင်သို့ရောက်ရှိလာပြီး တဦးက ဆိုင်ထဲဝင် ရောက်လာ၍ သေနတ်ပြကာ ရွှေများကိုလုယူ ထွက် ပြေးသွားသည်ဟု စံရွှေမြင့်ရွှေဆိုင်နှင့် ရင်းနှီးသည့် ဗန်းမော် ဒေသခံတဦးက ပြောသည်။

လူတယောက်ဝင်လာတော့ ဝယ်မယ်လို့ထင်တာတဲ့။ ကောင်တာထဲကနေထုတ်ပြတာပေါ့။ ထုတ်ပြရင်း နဲ့ သူခါးမှာ ပါလာတဲ့ သေနတ်အတိုကို ထုတ်ယူပြီးချိန်တာတဲ့။ ပြီးတော့ ကောင်တာပေါ်မှာ ရောက်နေ တဲ့ ရွှေတွေကို လုပြီး ထွက်သွားတာတဲ့။ ရှေမှာက သူအဖေါ်က ဆိုင်ကယ် စက်နိုးထားတဲ့ ဆိုင်ကယ် နဲ့ မောင်းပြေးတာဆိုတော့ ဘယ်လိုမှ လုပ်လို့မရတော့ဘူးတဲ့။ အားလုံး(၁၂)ကျပ်သားဝန်းကျင်ပေါ့။ အဲလောက်ပါသွားတယ်တဲ့။ ဆွဲကြိုးတို့၊ လက်ကောက်တို့ အဲလို အထည်တွေပေါ့။

ယခုဖြစ်ပွားသည့်အမှုနှင့် ပတ်သက်၍ တရားခံများကို ဖမ်းဆီးရမိခြင်းမရှိသေးပေ။

မြစ်ကြီးနားမှ ပြည်နယ်ရဲမှူး ကိုယ်တိုင် ဗန်းမော်သို့ ဇူလိုင်(၇)ရက်နေ့က  ရောက်ရှိလာ နေပြီး ခရိုင်ရဲ၊ မြို့နယ်ရဲ များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ တရားခံဖမ်းဆီး ရမိရေး အတွက် ဆောင်ရွက်နေသည်ဟု ကဆက် ပြောသည်။

အခုက သေနတ်အတိုပါ ပါတယ်ဆိုတော့ အဖွဲ့အစည်းတခုခုကလားပေါ့၊ သာမန် ဓားပြလို မဟုတ်ဘူး လေ။ မနက်ကိုးနာရီ၊ လူတွေ စည်နေတဲ့အချိန်၊ ဗန်းမော်မြိုက အဓိက မိန်းလမ်း မကြီးပေါ်မှာ ဒီလို ဖြစ်သွားတယ်ဆိုတော့။ ပြီးတော့ ဆိုင်ကယ်နဲ့လာပြီး ဒီလို ရဲရဲတင်းတင်း လုပ်တာဆိုပြီး အံသြနေတာ ပေါ့။

ယခုနှစ် မေလအတွင်းကလည်း ရမည်းသင်းမြိုမှ ရွှေဆိုင်တဆိုင်အား လက်နက်ဖြင့် လာရောက် ဓားပြတိုက်မှု ဖြစ်ပွားရာ ရွှေ(၆)ပိသာခန့် ပါသွားခဲ့သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။