|
မူးယစ်ဆေးသယ်သူ
မြန်မာတစ်ဦး ထိုင်းနယ်စပ်တွင် ဖမ်းမိ
သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
ဇူလိုင်လ ၉ ရက်၊ ၂၀၁၀ ခုနှစ်။
ထိုင်း-မြန်မာနယ်စပ်
ဘုရားသုံးဆူမြို့မှ မြန်မာနိုင်ငံသားတစ်ဦး သယ်ဆောင်လာသည့် ရာဘခေါ် စိတ်ကြွဆေး
ပြား တစ်သောင်းကျော်အား ထိုင်းအာဏာပိုင်များက ဖမ်းဆီး ခဲ့သည်။
ယနေ့ နံနက် ၈ နာရီ
အချိန်ခန့်က မြန်မာနိုင်ငံ ဘုရားသုံးဆူဖက်မှ သယ်ဆောင်လာစဉ် နယ်စပ်နှင့်
ကီလိုမီတာ ၃၀ ခန့် ကွာဝေးသည့် ထိုင်းနိုင်ငံဘက်ခြမ်း လန်တီ စုပေါင်းဂိတ်၌
ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ယခု လိုပြောသည်။
“အလုံးပေါင်း တစ်သောင်းနဲ့
တစ်ရာပါတယ်။ သူက ဆိုင်ကယ်နဲ့ သယ်သွားတာ။ ဘယ်ကိုပို့မလဲတော့ မသိဘူး။ လမ်းတ၀က်က
စုပေါင်းဂိတ်မှာမိသွားတယ်။”
ယင်းဆေးပြားများအား
ထိုင်းနိုင်ငံသားလက်မှတ်ကိုင်ဆောင်ထားသူ ကရင်အမျိုးသား မောင်မြစ်က သယ်ဆောင်
လာခြင်းဖြစ်ပြီး ပိုင်ရှင်ကိုဆက်လက်စုံစမ်းနေဆဲဖြစ်သည် ဟု ဆက်ပြောသည်။
“သူက အငှားသယ်တာ။
ခြောက်သောင်းခွဲနဲ့။ သူက ပမာဏများတော့ ဒီမှာမစစ် တော့ဘူးလေ။ ကန် ချနဘူရီကို
ခေါ်သွားပြီ။ ဟိုမှာက မူးယစ်အထူးအဖွဲ့ကရှိနေတော့ အဲဒီမှာပဲ သွားစစ်မယ် ပြော
တယ်။”
မူးယစ်ဆေးဝါးသယ်ဆောင်မှုများအား ထိုဒေသ၌ ယခုနှစ်အတွင်း လေးကြိမ်မြောက်
ဖမ်းမိခဲ့ပြီး ယခုအကြိမ်သည် အများဆုံးဖြစ်သည်။
|