|
ထိုင်းနိုင်ငံ မဟာချိုင်တွင် မြန်မာအမျိုးသမီးတဦး အသတ်ခံရ
ခွန်အောင်မြတ်။
သြဂုတ်လ ၉ ရက်၊ ၂၀၀၇ ခုနှစ်။
ထိုင်းနိုင်ငံ
မဟာချိုင်တွင် မြန်မာအမျိုးသမီးတဦးကို အိပ်ပျော်နေစဉ် အမည်မသိသူတဦးက
ကပ်ကြေးဖြင့် ယမန် နေ့က ထိုးသတ်ခဲ့သည်။
မဟာချိုင်ရှိ
ငါးသေတ္တာစက်ရုံတခုတွင် ညပိုင်းအလုပ်လုပ်သော မအိသုံ(၁၉ နှစ်)သည် ယမန်နေ့ နေ့ခင်း
၁၂နာ ရီခွဲ ခန့်က သူမနေထိုင်ရာအခန်းတွင် အိပ်မောကျနေစဉ် ထိုင်းအမျိုးသားတဦးက
ဝင်ရောက်၍ ကပ်ကြေးဖြင့် ၁၈ ချက် ထိုးသတ် သွားကြောင်း မျက်မြင်တွေ့ရှိသူ့
မြန်မာအလုပ်သမားတဦးက ပြောသည်။
၎င်းသည်
နေ့လည်စာစားနေစဉ် ဘေးခန်းမှ အကူအညီတောင်းသံ ကြားသဖြင့် လူစုပြီးနောက်
ပိတ်ထားသော အခန်းတံခါး ရိုက်ဖျက်၍ ၀င်ကြည့်ရာ အ၀တ်အစားချွတ်လျှက်
ကပ်ကြေးကိုင်ထားသည့် ထိုင်းအမျိုးသား တဦး နှင့် သွေးအိုင်ထဲ လဲကျနေသည့်
မအိသုံကို တွေ့ရသည်ဟု ၄င်းက ပြောသည်။
“ကျနော်က
တံခါးပွင့်တဲ့အချိန်မှာ ကောင်မလေးကို ကျနော်တွေ့ရော။ ကောင်မလေးက လုံးဝကို စ
ကားမပြောနိုင်တာ။ လှုပ်လည်း မလှုပ်နိုင်တော့ဘူး၊ လူလည်း တစက်မှ မလှုပ်တော့ဘူး။”
မအိသုံကို
ကပ်ကြေးဖြင့် ထိုးသတ်သူ ထိုင်းအမျိုးသားမှာ ကပ်ကြေး အမြဲကိုင်ဆောင်ထား သဖြင့်
ဖီးကိုင်(ကပ် ကြေး) ဟု လူသိများပြီး ၄င်းသည် ငါးဖမ်းသင်္ဘော လိုက်နေသူတဦးဖြစ်ကာ
အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲသူ ဖြစ်သည်ဟု အလုပ်သမားများက ပြောသည်။
အခင်းဖြစ်ပွားချိန်တွင် ၄င်းသည် အရက်နှင့် မူးယစ်ဆေးသုံးထားပြီး
အဓမ္မပြုကျင့်ရန် ကြိုးစားသည်ကို ခုခံသဖြင့် သတ်ဖြတ်ခြင်းဖြစ်နိုင်ကြောင်း
သုံးသပ်ကြသည်။
အခင်းဖြစ်ပွားချိန်သည်
မအိသုံ၏ ခင်ပွန်းဖြစ်သူ ကိုမျိုးထွဋ် အလုပ်သွားနေချိန် ဖြစ်သည်။
“ကျနော်အလုပ်ရုံမှာ။
အဲဒါ ကျနော်မသိဘူး။ ကျနော်လာတော့ အသက်တောင်မမီတော့ဘူး။ တိုင်ချက် လည်း
ဖွင့်ထားတယ်။ ပုလိပ်တွေ လာစစ်တယ်။ ဘယ်လိုဖြစ်လဲ ကျနော်လည်း မပြောချင်တော့ဘူး။”
ဟု ကိုမျိုးထွဋ်က ပြောသည်။
အခင်းဖြစ်ပွားမှုနှင့်
ပတ်သက်၍ ကိုမျိုးထွဋ်၏ အစ်ကိုဖြစ်သူ ကိုနေမင်းက ယခုလိုပြောသည်။
“သူတို့
သူငယ်ချင်းတွေကလည်း သူတို့ ဒီမှာ ငါးသင်္ဘောအဖွဲ့တွေကလေ သူတို့သူငယ်ချင်း တွေက
ပြောတော့ အရက်လည်း မူးနေတယ်၊ မြင်းဆေး(စိတ်ကြွဆေး)လည်းမူးနေတယ်ပေါ့။
သူကိုင်လာတဲ့ ကပ်ကြေးကို သူ့ခေါင်းကို ကတုံးတုံးပြီးတော့ အဲဒီ အခန်းပေါက်ကို
ဝင်လိုက်ထွက်လိုက် သွားနေ တယ်။ ကောင်မလေး တစ်ယောက်ထဲ ရှိတဲ့အချိန်မှာ
ဝင်သွားတယ်တဲ့။ ဒိပြင်အခန်းတွေဆီကိုလည်း တံခါးတွေဘာတွေ သွားတွန်းသေးတယ်။
အဲအချိန်မှာ ကျန်တဲ့ တံခါးအခန်းတွေက ပိတ်ထားတော့ ဒီကောင်မလေးအခန်းက ပွင့်နေရော၊
ကောင်မလေးအခန်းကို ၀င်သွားပြီးတော့။ အထဲမှာ၊ ကျန်တဲ့ လူတွေကတော့ ဒီကောင်
ပျောက်သွားပြီဆိုပြီး။ နောက်မှ ကောင်မလေး အော်သံကြားမှ တက်ကြည့် တော့
ကောင်မလေးက အဲမှာမှောက်ခုံကြီး သွေးအိုင်ထဲမှာဖြစ်နေတယ်။ ဒီကောင်က အေးဆေးပဲ
ထွက်သွားတယ်။”
ယခုအခါ ဒေသခံရဲများက
ဖီးကိုင်ဆိုသူကို ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှု ပြုလုပ်နေသည်။
မအိသုံ အလောင်းကို
ဘန်ကောက်ဆေးရုံသို့ပို့ဆောင်၍စစ်ဆေးခဲ့ရာ ကပ်ကြေးဖြင့် လည်ပင်းနှစ်ချက်
ရင်ညွှန့် နှစ်ချက်အပါအ၀င် ၁၈ ချက် ထိုးသတ်ခဲ့သည်ဟု ဆရာဝန်၏ ဆေးစစ်ချက်တွင်
ဖော်ပြထားကြောင်း ကိုနေမင်းက ဆက်လက်ပြောသည်။
ကိုမျိုးထွဋ်က
ဇနီးဖြစ်သူ မအိသုံ၏ အလောင်းကို မဟာချိုင်မြို့ရှိ ၀တ်ပေါင်း
ဘုန်းတော်ကြီးကျောင်းသို့ သယ်ယူ လာပြီး ယနေ့ညနေ(၆)နာရီတွင်
မီးသဂြိုလ်မည်ဖြစ်သည်။
|