ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး မွေးနေပွဲ တားဆီးပိတ်ပင်ခံရ
ယူအဲန်အေ မှ ကျောင်းသားများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်

အောင်မိုးမြင့်
စက်တင်ဘာလ ၉ ရက်
၂၀၀၇ ခုနှစ်

ဗဟန်းမိုနယ် ခြောက်ထပ်ကီးဘုရားဝင်းအတွင်းရှိ  သိပံဘုန်းကီးကျောင်းယနေပြုလုပ်မည့် ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး ၆၄ နှစ်မြောက် မွေးနေဆွမ်းကျွေးပွဲကို အာာပိုင်များက တားဆီးပိတ်ပင်ခဲ့သည်

စည်းလုံးညီညွတ်သော ပြည်ထောင်စုတိုင်းရင်းသား နိုင်ငံရေးပါတီများ မဟာမိတ်အဖွဲ (ယူအဲန်အေ) မှဦးဆောင်ပီး လာမည့် စက်တင်ဘာလ ၁၁ ရက်နေတွင်ကျရောက်မည့် ဦးခွန်ထွန်းဦး မွေးနေပွဲကိုတင်ကျင်းပမည်ကို ရန်ကုန်အရှေပိုင်းခရိုင် ခယက ဥကဌက ယူအဲန်အေဟာ တရားဝင်အဖွဲအစည်း မဟုတ်သည့်အတွက် မလုပ်ရ ဟု ဆိုကာ ပိတ်ပင်ခဲ့ကောင်း ဇိုမီးအမျိုးသားကွန်ကရက် ဥက ပူကျင့်ရှင်းထန်က ပြောသည်

ကျနော်တို ယူအဲန်အေ အနေနဲ စည်းလုံးညီညွတ်သော လူမျိုးစု တိုင်းရင်းသားပါတီများ မဟာမိတ် အဖွဲ နံမည်နဲ ကျနော်တို ဖိတ်စာဝေတယ် အဲ့ဒါကို တရားဝင်အဖွဲအစည်းမဟုတ်တဲ့ အတွက်ကောင့် မလုပ်ရဘူးဆိုတာ အဲ့ဒါ ဗိုလ်တစ်ထောင်မိုနယ် မယက ရုံးမှာ ခယက ဥကဌက ကျနော့်ကို ခေါ်ပြော ပါတယ် အခုမွေးနေတောင်မှ အဲ့လိုပဲ လွတ်လွတ်လပ်လပ် ကျင်းပလို မရဘူးဆိုလိုရှိရင်တော့ ကျ နော်တို မလုပ်တော့ပါဘူး ကိုယ့်အိမ်မှာပဲ သူကျန်းမာစေကောင်းကို ဆုတောင်းပေးဖို ကျနော်တို ဆုံးဖြတ်ထားတယ်

ဦးခွန်ထွန်းဦး ၆၄ နှစ်မြောက်မွေးနေပွဲကျင်းပခြင်းသည် နိုင်ငံရေးအရ စည်းရုံးလှုံဆော်ဆနပြမှုများ ပြုလုပ်ရန် ရည်ရွယ်ချက်မရှိကောင်း  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲချုပ်က ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြော သည်

မွေးနေပွဲကိုတော့ ခုနကပြောသလို သိပံကျောင်းမှာ ကျင်းပဖို စီစဉ်ထားတာပေါ့ဗျာ။ ပြီးတော့ ဆွမ်း ကျွေးမယ် ပီးတော့ သက်ဆိုင်ရာ သံတမန်အသိုင်းအ၀ိုင်းက သံအရာရှိတွေ အကုန်လုံးဖိတ်မယ် ပီး တော့မှ အဲန်အယ်လ်ဒီ နောက် ၈၈ မျိုးဆက်ကျောင်းသားများ ၀ါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ ပီးတော့ ဒီမိုကရေစီအင်အားစု အဖွဲအစည်းအားလုံးပေါ့ဗျာ အဲ့ဒါတွေ ဖိတ်ပီးတော့မှ မိသားစုနဲ အတူ ပေါ့ ဦးခွန်ထွန်းဦးရဲ ခြောက်ဆယ့်လေးနှစ်မြောက် မွေးနေအခမ်းအနားကို အမှတ်တရအနေနဲ ကျင်း ပေးဖိုပါ ဒီလိုအစီအစဉ်ပဲ ရှိပါတယ်

စည်းလုံးညီညွတ်သော ပြည်ထောင်စုတိုင်းရင်းသားနိုင်ငံရေးပါတီများ မဟာမိတ်အဖွဲ (ယူအဲန်အေ) မှ ဒီမိုကရေစီ အရေး တိုင်းရင်းသားများအရေးကို တောင်းဆိုလှုပ်ရှားမှုကောင့် ထောင်ကျခံနေရသည့် ဦးခွန်ထွန်းဦးအား သတိ ခြင်း ဂ်ုပြုခြင်းအားဖြင့် ကျင်းပခြင်းဖြစ်ကောင်း ကျေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်

ဒီမွေးနေအထိမ်းအမှတ်သည် ဒီမိုကရေစီအရေး ပြည်သူဆနဖေါ်ထုတ်ရေးတွင် ပါဝင်ပတ်သက်သူများ ဖမ်းဆီးခံထားရသူ လုပ်ဖော်ကိုင်ဖက်များနှင့် ၀န်ရံ လုပ်ဆောင်သွားမည်ဖြစ်ကောင်း မတရားချူပ် နှောင်ဖမ်းဆီးခံထားရသူ များအား လွတ်မြောက်ရန် ဆနပြတောင်းဆိုခြင်း ဆုတောင်းမေတာပို ခြင်းသည် ကမာတ၀ှမ်းလုံး ယဉ်ကျေးသော လူအဖွဲအစည်း တာဝန်ဖြစ်သည့်အတွက် ဦးခွန်ထွန်း ဦးအပါအ၀င် အဖမ်းဆီးအထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားအားလုံးချွင်းချက်မရှိလွတ်ပေးရန်နှင့် ရှေဆက်လျှောက်လှမ်းမည့် နိုင်ငံရေးခရီးစဉ်တွင် ရဟန်းရှင် ကျောင်းသားကျောင်းသူများ အင်အား ကို အခြေပြုပီး ဒီမိုကရေစီအင်အားစုများနှင့် ချစ်ကည် ညီညွတ်စွာလက်တွဲကာ နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်မြောက်ရေးနှင့် ဒီမိုကရေစီရရှိရေးတိုအတွက် ဆက်လက်ကိုးပမ်းသွားမည် ဟု ကေညာ ချက်တွင် ရေးသားဖေါ်ပြထားသည်

၂၀၀၅ ခုနှစ် နိုဝင်ဘာလတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်ရေးအတွက် ငိမ်းချမ်းစွာဆောင်ရွက် ခဲ့သော ဦးခွန်ထွန်းဦး အပါအ၀င် ရှမ်းပြည်နယ်ရှိ နိုင်ငံရေးခေါင်ဆောင်များကို နိုင်ငံတော်ပုန်ကန်မှုဖြစ်သော တရားမ၀င် စုရုံးမှုဖြင့် စစ်အစိုးရက ဖမ်းဆီး၍ နှစ်ရှည်ထောင်ဒ်များ ချမှတ်ခဲ့သည်

ဦးခွန်ထွန်းဦးသည် ကချင်ပြည်နယ် ပူတာအိုအကျဉ်းထောင်အတွင်း ထောင်ဒ ၉၃ နှစ် ကျခံနေရသည်

ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲချူပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းနွတ် ခေါ် ဦးစိုင်းညွန်လွင်အား ထောင် ၈၅ နှစ် အပစ်ရပ်စဲထားသော ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) မှ ဗိုလ်ချူပ်ဆေထင်အား ထောင် ၁၀၆ နှစ် နှင့် အခြား ရှမ်းပြည်နယ်မှ နိုင်ငံရေးခေါင်ဆောင်များအား ၇၅ နှစ်စီ အသီးသီး ချမှတ်ခံခဲ့ရသည်

ယခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေကလည်း စည်းလုံးညီညွတ်သော ပြည်ထောင်စုတိုင်းရင်းသားများ မဟာမိတ် အဖွဲ (ယူအဲန်အေ) သည် အမျိုးသားဒီမိုကရေစီအဖွဲချူပ် ၀ါရင့်နိုင်ငံရေးသမားများ ၈၈ မျိုးဆက်ကျောင်းသား များနှင့်အတူ နှစ် ၆၀ ပြည့် ပြည်ထောင်စုနေ ညစားစားပွဲကို ရန်ကင်းမိုနယ်ရှိ ထမင်းဆိုင်တဆိုင်တွင် ကျင်းပရန် စီစဉ်ခဲ့မှုကို အာာပိုင်များက တားဆီးပိတ်ပင်ခဲ့သည်

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။