|
ပခုက္ကူကျူးလွန်မှုများ
ဝန်ချတောင်းပန်ရန် သံဃာများ တောင်းဆို
တောင်းဆိုချက်များ မပြည့်ဝပါက
သပိတ်မှောက် ကံဆောင်မည်
သတင်းနှင့်မီဒီယာကွန်ယက်။
စက်တင်ဘာလ ၉ ရက်၊
၂၀၀၇ ခုနှစ်။
မြန်မာနိုင်ငံအတွင်းရှိ သံဃာ့အဖွဲ့အစည်းများစုပေါင်း၍
အစိုးရအနေဖြင့် သံဃာများကို ၀န်ချတောင်းပန်ရန် ဆုံး
ဖြတ်ချက်ချမှတ်လိုက်ပြီး
မလိုက်နာပါက
ပတ္တနိက္ကုဇ္ဇန
သပိတ်မှောက်ကံဆောင်သွားမည်ဟု
ကျေညာချက်
ထုတ်
ပြန်လိုက်သည်။
သံဃာအဖွဲ့အစည်းအသီးသီးမှ
သံဃာတော်များ နှစ်ရက်ကြာ
တွေ့ဆုံဆွေးနွေးပြီးနောက်
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့မှ
တောင်းဆိုချက် ၄ ချက်ပါ ကျေညာချက်ထုတ်ပြန် လိုက်ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ
လုံးဆိုင်ရာ သံဃာ့သမဂ္ဂီအဖွဲ့ချုပ်
မန္တလေးတာဝန်ခံ
ဦးခေမိန္ဒက
မိန့်ကြားသည်။
အချက်လေးချက်ကို ဦးပဉ္ဖင်းတို့
တောင်းဆိုတယ်။
တောင်းဆိုတာတွေ
မရရင်
နောက်ပိုင်းကျတော့
သပိတ်မှောက်ကံဆောင်ကြတော့မှာပဲလေ။
အစိုးရအား
တုန့်ပြန်ရန်
၁၀ ရက်အချိန်ပေးထားပြီး
လိုက်လျောခြင်းမရှိပါက စက်တင်ဘာ ၁၈ ရက်မှ စ၍
သပိတ် မှောက်ကံဆောင်မည်ဟု
သံဃာများက မိန့်ကြားသည်။
သံဃာများ၏
တောင်းဆိုချက်များကို
ဦးခေမိန္ဒက
ဖတ်ကြားပြခဲ့သည်။
၁။
နအဖစစ်အစိုးရမှ ပခုက္ကူသံဃာတော်များအား
ကျေအေးခွင့်လွှတ်သည်အထိ
ဝန်ချတောင်းပန်ရန်။
၂။
လက်ရှိမြင့်တက်နေသော ကုန်ဈေးနှုန်းလောင်စာဆီဈေးနှုန်းများ
ချက်ချင်းလျော့ချပေးရန်။
၃။
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်
နိုင်ငံရေးအကျဉ်းသားအားလုံးနှင့် ဆန္ဒပြပွဲများတွင်
ဖမ်းဆီးခံ
ထားရသူများကို ချက်ချင်းပြန်လွှတ်ပေးရန်။
၎။
လူထု၏ အထွေထွေ
အကြပ်အတည်းများကို
ဖြေရှင်းရန်အတွက် နအဖ စစ်အစိုးရမှ ဒီမိုကရေစီ အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးပြီး
အမျိုးသားပြန်လည်သင့်မြတ်ရေး ချက်ချင်းပြုလုပ်ပေးရန်။
သံဃာများအနေဖြင့် သံဃာ့နာယက ဆရာတော်ကြီးအချို့ကိုလည်း
လျောက်ထားပြီးဖြစ်သည်ဟု
ဦးခေမိန္ဒက
မိန့်သည်။
မြန်မာအစိုးရကမူ ပခုက္ကူအဖြစ်အပျက်တွင်
သံဃာများအား ရိုက်နှက်ခြင်း၊
ဖမ်းဆီးခြင်း မပြုလုပ်ခဲ့ကြောင်း
ယမန်
နေ့က
အစိုးရသတင်းစာနှင့် ရုပ်မြင်သံကြားများတွင်
တုန့်ပြန်ပြောဆိုခဲ့သည်။
ယခုပြုလုပ်ခဲ့သော အစည်းအဝေးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများအဖွဲ့ချုပ်၊
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့သမဂ္ဂီများ
အဖွဲ့ချုပ်၊
ရဟန်းပျို သမဂ္ဂ(ရန်ကုန်)နှင့်
အခြားသံဃာအဖွဲ့များ
ပါဝင်တက်ရောက်ခဲ့ကြသည်။
သံဃာများအနေဖြင့် ၁၉၉၁-၉၂ သပိတ်မှောက်ကံဆောင်စဉ်က အားနည်းချက်များကို
သင်္ခန်းစာယူ၍
ယခုတ ကြိမ်တွင်
ဖြိုခွဲခြင်းမခံရရေးအတွက် ပြင်ဆင်ဆောင်ရွက်သွားမည်ဟု သံဃာအဖွဲ့ချုပ်က
ပြောသည်။
|