|
ဆရာတော် ဦးဥတ္တမနေ့
ဆန္ဒပြသူများကို ထိုင်းအာဏာပိုင် တားမြစ်
နွယ်လေး။
စက်တင်ဘာလ ၉ ရက်၊ ၂၀၀၈ ခုနှစ်။
အင်္ဂလိပ်ကိုလိုနီခေတ်တွင်
ပြည်သူများအား နိုင်ငံရေးမျက်စေ့ဖွင့်ပေးခဲ့သော
ဆရာတော် ဦးဥတ္တမနှင့်
ယခင်နှစ် ရွှေဝါရောင်တော်လှန်ရေးတွင်
ပျံလွန်တော်မူသွားသည့် သံဃာတော်များအားရည်စူး၍
ဘန်ကောက်မြို့ မြန်မာ
သံရုံးရှေ့တွင်
လွမ်းသူ့ပန်းခွေချရန် သွားရောက်သူ ရခိုင်လူငယ်များကို ထိုင်းအာဏာပိုင်များက
အခမ်းအနား
ကျင်းပ ခွင့်မပေးဘဲ တားမြစ်ခဲ့သည်။
ယနေ့ကျရောက်သည့် ဆရာတော်
ဦးဥတ္တမ ပျံလွန်တော်မူသည့် ၆၉ နှစ်မြောက် အထိမ်းအမှတ်နေ့တွင် ပြည်ပ
ရောက် ရခိုင်
ဒီမိုကရေစီ အဖွဲ့ချူပ်၊ ရခိုင်ဝံသာနု စာပေ အသင်းနှင့် ရခိုင်လူငယ်များ
ဖွံ့ဖြိုးမှုအဖွဲ့တို့ ပူးပေါင်း
သည့် အင်အား ၂၀
ခန့်တို့က မြန်မာသံရုံးရှေ့သို့ သွားရောက်စဉ် တားမြစ်ခံရခြင်းဖြစ်သည်ဟု
ပြည်ပရောက် ရခိုင်ဒီမိုကရေစီဖွဲ့ချုပ်မှ
ခိုင်ဥက္ကာ
က ပြောသည်။
“ရည်ရွယ်ချက်က
ဆန္ဒပြဖို့ သွားတဲ့ ရည်ရွယ်ချက်ပဲ။ အာဏာပိုင်တွေက ကျနော်တို့ကို ငါးယောက်
ထက်
ပိုမစုရ ဆိုပြီး ဖမ်းမယ်ဆီးမယ် လုပ်တယ်။ လွမ်းသူ့ပန်းခွေ
ရအောင်ချမယ် စီစဉ်ထားတယ်။ ဆရာတော်
ဦးဥတ္တမ ဂုဏ်ကျေးဇူးနဲ့ပြီးတဲ့ စက်တင်ဘာရွှေဝါရောင် တော်လှန်ရေးမှာ
ပျံလွန်ကျဆုံး
သွားတဲ့
ရဟန်းသံဃာတော်တွက် လွမ်းသူ့ပန်းခွေသွားချ မှာကို ထိုင်းအာဏာပိုင်တွေက မင်းတို့
မသွားရဘူး။
ဆက်သွားရင် ချမယ်ဆိုပြီး ကျနော်တို့ ဆက်သွားတော့ သူတို့က ဆရာတော်
ဦးဥတ္တမ
ပုံနဲ့
သာသနာ့ အလံကို အတင်းလိုက်သိမ်း တယ်။ ကျနော်တို့က ဒါကျနော်တို့ အသက်တွေပဲ ပေး
လို့
မရဘူး ပြောတော့ ဒါတွေ မဆုံးရှုံးချင်ရင် ပြန်လှည့်ပါဆိုတာနဲ့ ကျနော်တို့
ပြန်လှည့်ခဲ့တာပါ”
ထိုင်းအာဏာပိုင်များက လာရောက် ဟန့်တားစဉ် ၎င်းတို့က လွမ်းသူ့ပန်းခွေ၊ သာသနာ့
အလံနှင့် ကြေညာချက်
များကို
သံရုံးသို့ ယူသွားပေးမည် ပြောကာ သိမ်းဆည်းခဲ့ သော်လည်း ဆန္ဒပြသူများကို
ဖမ်းဆီးခြင်းမပြုလုပ်ခဲ့ပေ။
ယခုလို ကျင်းပရခြင်းသည်
ဆရာတော် ဦးဥတ္တမသည် တိုင်းပြည် အကျိုးတွက် အနစ်နာခံ ကာ၊ နိုင်ငံရေးလမ်း
စဉ်များ
ချမှတ်ပေးခဲ့သည်ကို အနာဂတ်မျိုးဆက်သစ်လူငယ်နှင့်
ကျောင်းသားများ သိရှိစေရန် ဖြစ်သည်ဟု ပြည်ပ
ရောက် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုကျော်သောင်းက ပြောသည်။
“ကျနော်တို့
ဗုဒ္ဓဘာသာ
ယဉ်ကျေးမှု အရ ဂါရဝေါစ နိဝါတောစ ရိုသေလေးမြတ်သူကို ရိုသေလေး
မြတ်မပြုခြင်းသည်
ကျေးဇုးကန်းရာရောက်သည်တဲ့။ တိုင်းပြည်လွတ်လပ်ရေး မျိုးစေ့ကို
ဘယ်သူချ
ပေးခဲ့သလဲ။
ဆရာတော် ဦးဥတ္တမ ချပေးခဲ့တယ်။ တိုင်းပြည် လွတ်မြောက်အောင် ဗိုလ်ချုပ်အောင်ဆန်း
လုပ်ပေးခဲ့တယ်။
ဒီကျေးဇူးတရား တွေကို ခုတိုင်းပြည်ကို လက်ဝါးကြီးအုပ်
ကိုယ်ကျိုးရှာနေတဲ့ နအဖ
စစ်အုပ်စုက
မသိရှာဘူး။ ကျေးဇူးရှင်တွေကို ပြစ်မှားနေတဲ့ ဒီ နအဖမိစ္ဆာတွေက တနေ့နေ့
တချိန်ချိန် ကျေးဇုးကန်းတဲ့
ဒဏ်ကို ခံရမယ်လို့ ကျနော်တို့ ယုံကြည်တယ်။
”
ဆရာတော်ဦးဥတ္တမသည်
မြန်မာနိင်ငံ အဖိနှိပ်ခံကျွန် ဘ၀မှ လွတ်မြောက်ရေး အကြမ်းမဖက်ဘဲ
တိုက်ပွဲဝင်ရင်း ၁၉၃၉ စက်တင်ဘာ ၉ရက်နေ့တွင် ပျံလွန်တော်မူ သွားခဲ့ကာ
ယင်းနေ့ကို ဆရာတော် ဆရာတော်ဦးဥတ္တမနေ့ အဖြစ် သတ်မှတ် ဂုဏ်ပြုခဲ့ပြီး
ထိုင်းနိုင်ငံရောက် ရခိုင်အမျိုးသားတို့က ထိုင်းနိုင်ငံ
နေရာအနှံ့တွင် ကျင်းပခဲ့ကြ
သည်။
ထိုင်းနိုင်ငံတွင် လက်ရှိ
အစိုးရကို ဖျက်သိမ်းပေးရန်တောင်းဆို ဆန္ဒပြချိန်တွင် အစိုးရက လူငါးဦးထက် လူစု
လူဝေး
မပြုလုပ်ရဆိုသည့် အရေးပေါ်ကြေညာချက် ထုတ်ပြန်ထား ချိန်တွင်
ယခုလို တားမြစ်ခံရခြင်းဖြစ်သည်။
|